Home စာပေ ဗဟုသုတ
ဗဟုသုတ
ဗိုလ်ချုပ်အောင်ဆန်း ၏ မွေးနေ့ နှင့် သူ၏သမိုင်း PDF Print E-mail
စာပေ - ဗဟုသုတ
Written by မျိုးချစ်   
Saturday, 13 February 2010 03:51

၁၉၁၅-ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက် - ၁၉၄၇ခုနှစ် ဇူလိုင်‌ ၁၉ ရက်သည် မြန်မာနိုင်ငံ၏ အမျိုးသားသူရဲကောင်း၊ တော်လှန်ရေးသမား၊ မျိုးချစ်ပုဂ္ဂိုလ်၊ တပ်မတော်၏ ဖခင်ကြီး၊ဗိုလ်ချုပ်နှင့် နိုင်ငံရေးသမား ဖြစ်သည်။ သူ၏ ဖခင်မှာ ရှေ့နေဦးဖာနှင့် မိခင်မှာ ဒေါ်ခင်စု ဖြစ်ကြပြီး ထိုစဉ်အခါ ဗြိတိသျှအိန္ဒိယနိုင်ငံတွင် ပါဝင်ခဲ့သော မြန်မာနိုင်ငံ အလယ်ပိုင်း၊ မကွေးခရိုင်၊ နတ်မောက်မြို့တွင် မွေးဖွားခဲ့သည်။ သူ၏ မိဘမျိုးရိုးတွင် အဖိုးဖြစ်သူမှာ ဗိုလ်မင်းရောင် ဖြစ်ပြီး ၁၈၈၆-ခုနှစ် နယ်ချဲ့ ဗြိတိသျှတို့အား တော်လှန်ရေး လှုပ်ရှားမှုများတွင် ပါဝင်ခဲ့သည်။ မွေးချင်း ၉ ယောက်အနက် အငယ်ဆုံး ဖြစ်သည်။

ဇာတာတွင် ပါရှိသည့် အမည်မှာ မောင်ထိန်လင်း ဖြစ်သည်။ သို့ရာတွင် သူ့အား မည်သည့်အခါ ကမျှ ထိန်လင်းဟုမခေါ်ဟု အစ်ကိုဦးအောင်သန်းက ပြောဆိုခဲ့ဖူးသည်။ နောင်အခါ၌ အစ်ကို ကိုအောင်သန်းနှင့် နာမည်လိုက်အောင် မောင်အောင်ဆန်းဟု ခေါ်တွင်လေသည်။ ဒို့ဗမာအစည်းအရုံး ဝင်ရောက်သောအခါ သခင်အောင်ဆန်း ဖြစ်လာခဲ့သည်။ သခင်အောင်ဆန်း၏ ဂျပန်အမည်မှာ အိုမိုဒါမွန်ဂျိ ဖြစ်သည်။ ထိုင်းနိုင်ငံ ဗန်ကောက်မြို့တွင် ရဲဘော်သုံးကျိပ်ဝင်များ ဗိုလ်အမည်ခံရာတွင် ဗိုလ်တေဇ ဖြစ်လာခဲ့သည်။ တိုင်းပြည်နှင့် လူမျိုးအတွက် နိုင်ငံရေး ဆောင်ရွက်ရာတွင် ဗိုလ်ချုပ်အောင်ဆန်းအမည် ဖြင့်ထင်ရှားသည်။

 

ဗိုလ်ချုပ်၏ မွေးချင်းများမှာ-

မခင်ညွန့် (လယ်ဝန်ကတော်) ကွယ်လွန်၊
မ၀က် (အိမ်ထောင်မပြု) ကွယ်လွန်၊
မောင်ဘ၀င်း ဘီအေ-ဘီအက်စ်စီ (ဗိုလ်ချုပ်တို့နှင့်အတူ လုပ်ကြံခံရ)၊
မရွှေမှန် (ငယ်စဉ်က ကွယ်လွန်)၊
မောင်နေအောင် (အမိန့်တော်ရရှေ့နေ ကွယ်လွန်)၊
ခုနစ်လသား အမွှာနှစ်ယောက် (ပုခက်တွင်းကွယ်လွန်)၊
ဦးအောင်သန်း (ဘီအေ) (မကွေးအရှေ့မြောက်ပိုင်း လွှတ်တော်အမတ် ကွယ်လွန်)၊
ဗိုလ်ချုပ်အောင်ဆန်းတို့ ဖြစ်ကြသည်။ (ဆက်ဖတ်ရန်)

 
ဒေါက်တာ မိုဟာမက်ယူနွတ်စ်နှင့် မေးခွန်း (၁၀)ခု PDF Print E-mail
စာပေ - ဗဟုသုတ
Written by မျိုးချစ်   
Sunday, 24 January 2010 10:49

နိုဘယ်လ်ဆုရှင် ဒေါက်တာမိုဟာမက်ယူနွတ်စ် အကြောင်းကို အထူးမိတ်ဆက်ပေးစရာ လိုမယ်မထင်ပါ၊ ကုလသမဂ္ဂအဖွဲ့ကြီှးက ဦးဆောင်အကောင်အထည်ဖော်နေတဲ့ ဆင်းရဲမွဲတေမှုတိုက်ဖျက်ရေးလှုပ်ရှားမှုတွေမှာ ရှေ့တန်းရောက်လာသူ ဘင်္ဂလားဒက်ရှ်နိုင်ငံသား မိုဟာမက်ယူနွတ်စ်ဟာ စီးပွါးရေး ပါမောက္ခတစ်ဦးလည်းဖြစ်ပါတယ်။ လူဦးရေထူထပ်သိပ်သည်းပြီး သဘာဝဘေးအန္တရာယ်ဆိုးတွေအောက်မှာ ဆင်းရဲတွင်းကမတက်နိုင်ဘဲ ရှိတဲ့ ဘင်္ဂလားဒက်ရှ်နိုင်ငံသားတွေရဲ့ ဘ၀အခြေနေတွေကို မြှင့်တင်ပေးဖို့ ဂရာမင်ဘဏ်ကိုတည်ထောင်ကာ မိုက်ခရိုငွေးချေးစနစ် ကိုဖော်ဆောင်ရာမှ ထင်ရှားလာသူဖြစ်ပြီး တတိယ ကမ္ဘာ့နိုင်ငံများအတွက် ရှေ့ဆောင်လမ်းပြဖြစ်ခဲ့သူ တစ်ဦးပါ။ ကမ္ဘာအရပ်ရပ်က စိတ်ဝင်တစား မေးမြန်းကြတဲ့ မေးခွန်းတွေကို မိုက်ခရိုခရက်ဒစ် ဂုရု ဒေါက်တာမိုဟာမက်ယူနွတ်စ် ရဲ့ဖြေကြားချက်များကို တင်ဆက်လိုက်ပါတယ်။
မေး။           ။ ဆင်းရဲသားတွေရဲ့အကျိုးစီးပွားအပေါ် အမြတ်အစွန်းရယူတာဟာ ကျင့်ဝတ်စည်းကမ်းနဲ့ ကိုက်ညီတယ်လို့ ထင်ပါသလား။  (Hasan Iqbal, SUNDSVALL, SWEDEN)
ဖြေ။           ။ ဘင်္ဂလားဒက်ရှ်မှာ ဂရာမင်ဘဏ်ဟာ အသေးစားငွေချေးစနစ် အစီစဉ်အားလုံးအနက် အနိမ့်ဆုံးအတိုးနုန်းကိုသာ ရယူတာပါ၊ ကျွန်တော်တို့အနေနဲ့ အမြတ်အစွန်းရသည့်တိုင်အောင် ဂရာမင်ဘဏ်ကို ငွေချေးယူသူ (borrowers) တွေကပိုင်တာပါ၊ ဒီတော့ ကျွန်တော်တို့ အမြတ်အစွန်းရရင်တောင် အဲဒါက အမြတ်ဝေစု (dividends) တွေအဖြစ်ငွေချေးယူသူတွေဆီ ပြန်ရောက်သွားမှာဖြစ်ပါတယ်။
 
မေး။          ။ စီးပွါးရေးကျဆင်းမှု(recession)က မိုက်ခရိုငွေချေးစနစ်အပေါ် ထိခိုက်မှုတစုံတရာ ရှိနိုင်ပါသလား။   ( Katie Malone, POINT MARION, PA)
ဖြေ။          ။ ကျွန်တော်တို့အနေနဲ့ ပြည်တွင်းသုံးငွေကြေးကို ပြည်တွင်းက ဆင်းရဲနွမ်းပါးသူတွေထံ ထုတ်ချေးတာဖြစ်လို့ စီးပွါးရေးကျဆင်းမှုကြောင့် ကမ္ဘာ့ငွေကြေးဆိုင်ရာ အချက်အချာနေရာများက ယူဆောင်လာမယ့် ထိခိုက်မှုဟာ ကျွန်တော်တို့ဆီကို ကူးစက်လာမှာ မဟုတ်ပါဘူး၊ ချေးငွေပြန်ဆပ်မှုနုန်းထားတွေမှာ ရုတ်တရက်ကြီးမားတဲ့အပြောင်းလဲဖြစ်တာ သို့မဟုတ် အလားတူဖြစ်ရပ်မျိုးတွေ မတွေ့ရပါဘူး၊ ကျွန်တော်တို့အခြေနေကောင်းပါတယ်။
 
မေး။          ။ ကမ္ဘာကြီးကို စီးပွါးရေးကျဆင်းနေမှုကနေ ရုန်းထွက်နိုင်စေဖို့ ခင်ဗျားဘယ်လိုကူညီနိုင်မလဲ။ (Azmath Shamrad, NEWCASTLE, ENGLAND)
ဖြေ။           ။ စနစ်က ကျွန်တော်တို့ကို ကျရှူံးစေခဲ့တာပါ၊ ဒါကိုဘယ်လိုပြန်ပြီး နာလန်ထူလာအောင် လုပ်မယ်ဆိုတဲ့အကြောင်းရင်း မရှိပါဘူး၊ ဒီဟောင်းနွမ်းဆွေးမြေ့နေပြီဖြစ်တဲ့ တစ်ခုတည်းသော သာမန်စနစ်ဟောင်းပုံစံကို ပြန်မသွားကြဖို့ လုံးဝလိုအပ်ပါတယ်၊ ဆန်းသစ်တဲ့ပုံမှန်စနစ်သစ်တစ်ခုကို ကျွန်တော်တို့ဖန်တီးသင့်ပါပြီ၊ ဒီအခွင့်လမ်းကို ဖမ်းဆုပ်ရမှာဖြစ်ပါတယ်။
 
မေး။         ။ မိုက်ခရိုငွေချေးစနစ်က ဘင်္ဂလားဒက်ရှ်အမျိုးသမီးတွေကို အခွင့်အလမ်းတွေရလာစေပါတယ်၊ ဒါဟာ ယဉ်ကျေးမှုအပြောင်းလဲ တစ်ခုကိုဖြစ်စေပါသလား။ (Lucas Torrin, OTTAWA)
ဖြေ။        ။ လွန်ခဲ့တဲ့ ၂၅နှစ်အတွင်း ဘင်္ဂလားဒက်ရှ်မှာ စိတ်ဝင်စားစရာအကောင်းဆုံးဖြစ်ရပ်က အမျိုးသမီးတွေရဲ့ အခြေအနေတွေ လုံးဝပြောင်းလဲတိုးတက်လာတာပါပဲ၊ ဒီဇာတ်လမ်းမှာ မိုက်ခရိုငွေချေးစနစ်ဟာ အလွန်အဓိကကျတဲ့အခန်းက ပါဝင်ခဲ့တာဖြစ်ပြီး အထူးသဖြင့်ဆင်းရဲတဲ့အမျိုးသမီးတွေကို များစွာအထောက်အကူဖြစ်စေခဲ့ပါတယ်။
 
မေး။       ။ ဆဲလ်ဖုန်း ငွေပေးချေမှုလို နည်းပညာဟာ မိုက်ခရိုငွေချေးစနစ်ရဲ့ သဘောသဘာဝတွေကို ပြောင်းလဲစေပါသလား။ (Daniel Weldon, PORTLAND, ORE)
ဖြေ။      ။ ခုချိန်ထိတော့မဖြစ်သေးပါဘူး၊ သို့ပေမယ့် ဆဲလ်ဖုန်းအခြေပြု ဘဏ်လုပ်ငန်းဆိုင်ရာ ထောက်ကူပစ္စည်းမျိုးစုံ အသုံးပြုဖို့အတွက် တံခါးဖွင့်ထားပါတယ်၊ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ ဈေးကွက်ဖော်ဆောင်ရေးဆိုင်ရာ အထောက်အကူပြု ပစ္စည်းတွေအပါအ၀င်ပေါ့၊ ခင်ဗျားအနေနဲ့ ခုခါမှာ ဖြစ်နိုင်ခြေရှိတာတွေအားလုံး စဉ်းစားနိုင်ပြီဖြစ်ပါတယ်၊ ဘင်္ဂလားဒက်ရှ်မှာ ဆဲလ်ဖုန်းကွန်ယက်ကို စတင်အသုံးပြုနေပါပြီ၊ ဒါကြောင့် ခုချိန်မှာ ဒါတွေကို အသုံးပြုပြီး အစီအစဉ်တွေချမှတ်လုပ်ဆောင်ဖို့ မေးခွန်းထုတ်ရမယ့် အချိန်ပါပဲ၊
မေး။       ။ ဂရာမင်ဘဏ်ငွေချေးစနစ်မှာ မသမာမှုတစ်ခုခု ဖြစ်ပွါးခဲ့တာ ရှိပါသလား။ (Rudy Toruan, SAMARIANDA, INDONESIA)
ဖြေ။        ။ ကျွန်တော်တို့မှာ ဒီလိုမသမာမှုတစ်ချို့ဖြစ်ပွါးတာမျိုးရှိပါတယ်၊ ဒါပေမယ့် ဂရာမင်ဘဏ်ဟာ လက်ရှိအချိန်မှာ ၀န်ထမ်းအင်အား ၂၈,၀၀၀၊ ငွေချေးယူသူ ၈ သန်းနဲ့ ဘဏ်ခွဲပေါင်း ၂၆၀၀ ရှိပါတယ်၊ တစ်လကို ယူအက်စ် ဒေါ်လာ သန်းတစ်ရာကျော် ကျွန်တော်တို့ငွေထုတ်ချေးပြီး လစဉ်ပြန်ဝင်တဲ့ပမာဏကလည်း အဲဒီလောက်ရှိပါတယ်၊ ဒါတွေကို ကျေးလက်တွေမှာ အဓိကဖော်ဆောင်နေတာပါ၊ သို့တိုင်အောင် အံ့သြစရာကောင်းတဲ့အချက်က ဒီလိုမသမာမှုတွေ အလွန့်အလွန်နည်းပါးတာပါပဲ။

မေး။       ။ ဒီလိုဘင်္ဂလားဒက်ရှ်မှာ အလွန်အောင်မြင်မှုရနေတဲ့ မိုက်ခရိုငွေချေးစနစ်ကို အခြားနေရာတွေမှာလည်း ဖော်ဆောင်လို့ရနိုင်မယ်ထင်ပါသလား။ (Sadruddin Salman, DHAKA)
ဖြေ။       ။ ဒီနေ့ နေရာတိုင်းမှာ ဂရာမင်ဘဏ်လုပ်ငန်းတွေ ရှိနေပါပြီ၊ နယူးယောက်မှာတောင် တစ်ခုရှိနေပြီး ကောင်းစွာလည်ပတ်နေပါတယ်၊ ဘင်္ဂလားဒက်ရှ်ကျေးလက်တောရွာတွေမှာ လုပ်တဲ့စနစ်အတိုင်း လုပ်တာပါ ပဲ၊ မက္ကဆီကို၊ ဂွါတီမာလာနဲ့ ကော့စတာရီကာ လို လက်တင်အမေရိကနိုင်ငံတွေမှာလည်း ဒီစနစ်အတိုင်းလုပ်ဆောင်နေပါပြီ။

မေး။        ။ မိုက်ခရိုငွေချေးစနစ်ကို အာဖရိကမှာ အကောင်အထည်ဖော်ဖို့ ဘာကြောင့်ခက်ခဲတာပါလဲ။ (Obi Iwuagwa, LAGOS, NIGERIA)
ဖြေ။        ။ ကျွန်တော်တို့မှာ မိုက်ခရိုငွေချေးအစီအစဉ်တစ်ခု ဇမ်ဘီယာမှာ ရှိပါတယ်၊ နောက်ပြီး ဘာပြဿနာမှလည်း မရှိပါဘူး၊ အာဖရိကမှာ မိုက်ခရိုငွေချေးစနစ် အလုပ်မဖြစ်ဘူးလို့ တစ်စုံတစ်ယောက်ကပြောလာရင် ကျွန်တော်သဘောတူမှာ မဟုတ်ပါဘူး၊ ဘာကြောင့်လဲဆိုတော့ အဲဒီမှာ တကယ် အလုပ်ဖြစ်နေလို့ပါ။

မေး။       ။ လူဦးရေတိုးပွါးမှုဟာ ကမ္ဘာလုံးဆိုင်ရာ ဆင်းရဲမွှဲတေမှုကို များစွာအားပေးရာရောက်ပါတယ်၊ ဒီပြဿနာနဲ့ ပတ်သက်တဲ့ ခင်ဗျားရဲ့ထင်မြင်ချက်တွေက ဘာတွေပါလဲ။ (Bob O’Connor, OSLO)
ဖြေ။      ။ လွန်ခဲ့တဲ့နှစ် ၃၀ က ဘင်္ဂလားဒက်ရှ်မိခင်တစ်ဦးမှာ ပျမ်းမျှ သားသမီး ၆.၂ ယောက်နုန်းရှိခဲ့ပါတယ်၊ ခုချိန်မှာတော့ ၃.၁ ယောက်နုန်းသာရှိပါတော့တယ်၊ လူဦးရေတိုးပွါးနုန်း အများကြီးကျဆင်းသွားပြီဖြစ်သလို အမျိုးသမီးတွေရဲ့ စွမ်းဆောင်နိုင်မှုဟာလည်း မြင့်တက်လာခဲ့ပါပြီ၊ သူတို့ရဲ့ဘ၀တွေကို ဘယ်လိုထိန်းကျောင်းရမယ်၊ ကလေးဘယ်နှစ်ယောက်ယူဖို့ ဆုံးဖြတ်ရမယ်ဆိုတဲ့အရည်အချင်းတွေ သူတို့မှာရှိလာခဲ့ပါပြီ၊ မိုက်ခရိုငွေချေးလုပ်ငန်းဟာ လူဦးရေအစီစဉ်တစ်ရပ် မဟုတ်ပေမယ့် အမျိုးသမီးတွေကို သူတို့ဘ၀တွေကို သူတို့ဘယ်လိုနေထိုင်ရမယ်ဆိုတာ သိရှိစေဖို့ အများကြီးအကူအညီပေးပါတယ်။

မေး။       ။ ဆင်းရဲမွှဲတေမှုကို ပြတိုက်ထဲပို့ဖို့ အကောင်းဆုံးနည်းလမ်းက ဘာလဲဆိုတာ နဲ့ပတ်သက်ပြီး တစ်ဦးချင်းအမြင်ကို ပြောပြပေးပါ။ (Louise Holly, LONDON)
ဖြေ။      ။ ဆင်းရဲမွှဲတေမှုကို တကယ်ပြတိုက်ထဲပို့ပစ်နိုင်တယ်ဆိုတာ လူတွေလက်ခံယုံကြည်လာအောင် လုပ်ဖို့လိုပါတယ၊် ကျွန်တော်ဒီလိုပြောတော့ တစ်ချို့ကရယ်ကြတယ်၊ နောက်ပြီး ဒါဟာမဖြစ်နိုင်တဲ့အရာပဲလို့ ပြောကြပါတယ်၊ ဒီနေရာမှာတစ်ခုရှိတာက ကျွန်တော်တို့ ယုံကြည်မှုမရှိရင် အောင်မြင်မှုမရနိုင်ဘူးဆိုတာပါပဲ၊ ခင်ဗျားအနေနဲ့ စိတ်ကူးယဉ်ကြည့် ရမယ်၊ အဲဒါကို လက်တွေ့အကောင်အထည်ပေါ်လာအောင်လည်း ကြိုးပမ်းရမှာဖြစ်ပါတယ်။
                                                                                                                                                                                                                                         
                                                                                                                                                                                                                                          မင်းသက်စံ
                                                                                                                                                                                                                                          Ref: TIME

 
ထိုင်းနိုင်ငံ၏ မူးယစ်ဆေးဝါး စစ်မျက်နှာအသစ် PDF Print E-mail
စာပေ - ဗဟုသုတ
Written by မျိုးချစ်   
Saturday, 02 January 2010 14:00

ထိုင်းနိုင်ငံသည် အိမ်နီးချင်းမြန်မာနိုင်ငံနယ်စပ်မှ ထွက်ရှိနေသည့် မူးယစ်ဆေးဝါးများကို ဥရောပနှင့် အမေရိကားသို့ တင်ပို့ရာ အဓိကဝင်ပေါက်ဖြစ်ကြောင်း အမေရိကန်မူးယစ်ဆေးဝါးတိုက်ဖျက်ရေး အာဏာပိုင်များက ပြောကြားခဲ့ပါသည်။ မြန်မာနိုင်ငံမြောက်ပိုင်းရှိ စစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲထားသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများမှ ထုတ်လုပ်သောမူးယစ်ဆေးဝါး ၉ဝ ရာခိုင်နှုန်းခန့်သည် ထိုင်းနိုင်ငံသို့ ရောက်ရှိခဲ့ကြောင်း၊ ထိုင်းနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးမှုနှင့်အတူ ထိုင်းလူငယ်ထုအတွင်း မူးယစ်ဆေးဝါးသုံးစွဲမှု ပိုမိုများပြားလာကြောင်း၊ ထိုင်းနိုင်ငံ၏မူးယစ်ဆေးဝါး ပြဿနာဖြေရှင်းရန် မြန်မာနိုင်ငံမှ ဘိန်းစိုက်ပျိုးထုတ်လုပ်သူနှင့် စိတ်ကြွဆေးပြား ထုတ်လုပ်သူများအပြင် ထိုင်းနိုင်ငံအတွင်းရှိ မူးယစ်ဆေးဝါးမှောင်ခိုလုပ်နေသူများကိုလည်း ထိထိရောက်ရောက် နှိမ်နှင်းရမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဌာနမှ ၂ဝဝ၉ ခုနှစ် နှစ်ချုပ်အစီရင်ခံစာတစ်စောင်တွင် ဖော်ပြခဲ့ပါသည်။

မူးယစ်ဆေးဝါးကုန်သွယ်မှုလုပ်ငန်းသည် တရုတ်-မြန်မာနယ်စပ်တွင် ကြီးမားသောစီးပွားရေး လုပ်ငန်းများ ဖြစ်နေပါသည်။ မြန်မာပြည်မြောက်ပိုင်း ကချင်ပြည်နယ်မှထွက်ရှိသော ဘိန်းဖြူများသည် ကန်ပိုက်တီးနှင့်  လိုင်ဇာတို့မှတစ်ဆင့် တရုတ်ပြည်သို့လည်းကောင်း၊ ရှမ်းပြည်နယ်မှထွက်သော ဘိန်းနှင့် စိတ်ကြွဆေးပြား (မက်သာဖက်တမင်း) များသည် တန့်ယန်း၊ မိုင်းမော၊ နမ်တစ်၊ ကွန်ဟိန်းမြို့များရှိ အပစ်ရပ်အဖွဲ့နှင့် ရှမ်းပြည်တပ်မတော် (SSA) မှ ထုတ်လုပ်ပြီး တာချီလိတ်မှတစ်ဆင့် ထိုင်းနိုင်ငံသို့ လည်းကောင်း ဘိန်းတန်ချိန်များစွာနှင့် စိတ်ကြွဆေးပြားသန်းရာနှင့်ချီပြီး နှစ်စဉ်များပြားစွာ ဝင်ရောက်လျက် ရှိပါသည်။
စိတ်ကြွဆေးပြားသုံးစွဲသူ အဓိကဈေးကွက်အဖြစ် ထိုင်းနိုင်ငံကို ''ဝ''နှင့် ကိုးကန့်လူမျိုးများက သတ်မှတ်ထားပြီး ၂ဝဝ၉ ခုနှစ် စက်တင်ဘာလအတွင်းက ပန်ဆန်းမှ ထုတ်လုပ်သည့် W.Y စာလုံးပါ လိမ္မော်ရောင် ရာဘာ့ (Ya Ba) ဆေးပြား သန်းပေါင်း ၃ဝ ကို ထိုင်းနယ်စပ်အနီး ဘန်ဟုန်းမှတစ်ဆင့် ချင်းမိုင်၊ ချင်းရိုင်များသို့ တင်ပို့မည့်သတင်းကို ထိုင်းထောက်လှမ်းရေးဌာနက ရရှိခဲ့ပါသည်။ ၄င်းရရှိသည့်သတင်းကို ပိတ်ဆို့မှုများ ပြုလုပ်ခဲ့သဖြင့် မူးယစ်ဆေးဝါးသယ်ဆောင်သူ ''ဝ'' တပ်ဖွဲ့ဝင်အချို့ကို အသေဖမ်းဆီးရမိ သော်လည်း ရာဘာ့ဆေးပြား အများအပြားသည် တရုတ်-မြန်မာနယ်စပ်မှ ထိုင်း-မြန်မာနယ်စပ်သို့ တောလမ်း များအတိုင်း ပြန့်နှံ့သွားခဲ့ပါသည်။ ဆေးပြားသယ်ဆောင်သူများသည် ခြေလျင်ခရီး အသုံးပြု၍ ထိုင်း-မြန်မာ နယ်စပ်ရှိ ကျေးရွာများ၊ ဒုက္ခသည် စခန်းများကို ခရီးတစ်ထောက်နားခိုပြီး ထိုင်းနိုင်ငံထဲသို့ ဝင်ရောက်လာခဲ့ ကြပါသည်။
(ဆက်ဖတ်ရန်)

 
Burma road PDF Print E-mail
စာပေ - ဗဟုသုတ
Written by မျိုးချစ်   
Monday, 07 December 2009 07:20

Denison displays artifacts collected by Baptist missionaries to Asian nation

Sunday,  December 6, 2009 3:53 AM

For The Columbus Dispatch

<p>A display of statuary from the exhibit "Baptists in Burma"</p>

PHOTOS COURTESY of DENISON UNIVERSITY

 

A display of statuary from the exhibit "Baptists in Burma"

<p>Dragon</p>

Dragon

<p>Possible Letter Holder</p>

Possible Letter Holder

<p>Seated Buddha With Two Disciples, the Earth God and Four Chinthes (Lions)</p>

Seated Buddha With Two Disciples, the Earth God and Four Chinthes (Lions)

GRANVILLE -- "Baptists in Burma," highlighting Denison University's unusual and fascinating collection of Burmese artifacts, is visually stunning.

Without bias, the display of Buddha sculptures, lacquered bowls, silver vessels, textiles, figurines and archived photos and documents reveals the complex nature of religious and cultural collision.

Originally allied with the Baptist denomination, Denison University -- along with the Granville community -- facilitated missionary journeys to Southeast Asia starting in the 19th century. The artifacts, carefully researched and presented, provide a snapshot of Burmese culture through Western eyes.

An essential question becomes the nature of the objects themselves. Collected by missionaries as curiosities and mementos, and with genuine anthropological fascination, the works are diverse and multifaceted. Some reveal an expected cultural diffusion, while others are produced clearly for a Western audience.

With its scholarly insight and beautiful display, the exhibit underscores the history of colonial expansion and the influx of Christianity in Burma.

More than 20 Buddha sculptures serve as an introduction to the show. As works of art, they are striking; as religious objects, they reveal a centuries-old faith tradition at odds with an evangelical mission.

A graceful gilded-bronze piece, Seated Buddha With Two Disciples , the Earth God and Four Chinthes (Lions) shows the Buddha in the earth-touching or Bhumisparsa mudra. With the right arm over his knee and fingers touching the lotus throne, the Buddha symbolizes his victory over the demon Mara's attempt to interrupt his meditations under the bodhi tree.

On one wall is a host of silver vessels produced by Burmese craftsmen for use mostly by Westerners. The ornamented objects indicate a profound disparity of wealth and status.

Another space consists of lacquered objects, storage boxes and offering bowls. Wonderfully crafted, many were surely collected for their beauty with little understanding of their function. One delicately painted cylindrical piece is simply titled Possible Letter Holder.

Two rooms offer textile bags, cloths and garments.

Another wall consists of a collection of small "ethnic" figurines. Nearby are journals and photos of a missionary's travels. The juxtaposition is telling in that it questions ideas of power, cultural imperialism and the gaze of the West.

The compelling exhibit offers a rare chance to see a great portion of Denison's Burmese collection -- one of the largest in the United States.

 
<< Start < Prev 1 2 3 4 5 6 7 8 9 10 Next > End >>

Page 1 of 12

မျိုးချစ်မြန်မာ က ကြိုဆိုပါတယ်

ခုလို...အကြောင်းအမျိုးမျိုးနဲ့ 
နိုင်ငံရပ်ခြားမှာ ရောက်နေကြရပေမယ့်
အမိမြေကို လွမ်းဆွတ်ရင်း
မြန်မာတွေကို ချစ်တဲ့...
မြန်မာတွေရဲ့
မျှော်လင့်ရင်း နစ်မွန်းနေဆဲ ဘဝတွေက
လွတ်မြောက်စေချင်တဲ့စိတ်နဲ့
စာနာ နားလည် ပေးတတ်သူတိုင်း အတွက်
ရည်ရွယ်ပါတယ်။
လူအခွင့်ရေးအတွက် ဆက်တိုတ်ပွဲဝင်နေတဲ့
မျိုးချစ်မြန်မာ သူရဲကောင်းများကိုလဲ
ကျွန်တော့် အသက်ရှိနေသေးသ၍
ထောက်ခံအားပေးနေပါတယ်။
အပြုသဘောနဲ့ ဝေဖန် အကြံပေးမှုများကိုလည်း
အမြဲတမ်းကြိုဆိုပါတယ်။

"အမိမြန်မာပြည်ကြီးလဲ..
ချစ်တဲ့အမေစုနဲ့အတူ..
မကြာခင်လွတ်မြောက်နိုင်ပါစေ"

မျိုးချစ်မြန်မာ

Myo Chit Live (Webcasting)

Join Myo Chit Myanmar Fan Club

Contact Myo Chit

Myo Chit

President

Myo Chit Myanmar HD Media Production
California, USA
Phone - (310) 734-8310
Mon - Sat 10:00 AM - 7:00 PM PST
Please call only during business hour.

Can't read fonts?

Can't see Myanmar letters?

You need to install Zaw Gyi Font.
Already installed but still can't see yet?
Then you will need to remove the old fonts first.
Use both of these removers below and restart your PC.
Open C:/windows/fonts and make sure there is no ZawGyi fonts installed.
Vista user will need to install Key Board first
Download and unzip the file,
Open the folder and click on the file named setup
64 Bit version users need to choose a file accordingly
Then download and reinstall ZawGyi from below,
Then restart your PC again.

Enjoy!

Get ZawGyi Remover

Get Gtalk Add-In Remover

Get ZawGyi Blog day Version (Best)

Get ZawGyi Key Board For Vista

ဗိုလ်ချုပ်ပြောခဲ့တဲ့ စစ်သားဆိုတာ...

စစ်သားမဟုတ်ပေမယ့်
နိုင်ငံအတွက် အမျိုးမျိုးအနစ်နာခံ၊
အမျိုးမျိုးစွန့်စားလုပ်ကြတဲ့ လူတွေလည်း ရှိတာပဲ…
အဲဒါကြောင့်
စစ်သားမှ စစ်သားဆိုတဲ့
စိတ်ဓါတ်ကို ပြောင်းကြရမယ်။
ငါတို့ဟာ လက်နက်ကိုင်တွေ ဖြစ်ကြသော်လည်း
မတရားမလုပ်၊
နိုင်ငံရဲ့ ရန်သူတွေမဟုတ်၊
နိုင်ငံရဲ့ မိတ်ဆွေတွေဖြစ်တယ်ဆိုတာကို
သဘောပေါက်ရမယ်

(ဗိုလ်ချုပ်အောင်ဆန်း)

ခေတ်သစ် ဒို့ဗမာ

မြန်မာပြေသည် ဒို့ပြေ..
အောင်ဆန်းစုကြည် ဒို့အမေ…
မြန်မာစာသည် ဒို့စာ..
ခွပ်ဒေါင်းသွေးနဲ့ ရေးခဲ့တာ…
မြန်မာစကားသည် ဒို့စကား..
သန်းရွှေပြောတာမုသားပါ…

ဒို့အမေကို ချစ်ပါ..
ဘုန်းဘုန်းတွေကို စောင့်ရှောက်ပါ..
တပ်နဲ့ပြည်သူ ပူးပေါင်းပါ..
နအဖကိုတိုက်ထုတ်ပါ…

မျိုးချစ်

ငါတို့ အမေ

သံဝေဂ လင်္ကာ အသစ်

ပစ်တုန်းကလဲ တဲ့တဲ့ဘဲနော့
မြတ်သောသံယာ မရှောင်ပါဘူး
မေတ္တာချည်းနှည်း မိုက်လုံးကြီး

ပစ်ပြီးတော့လဲ မရှက်ဘဲပေါ့
ကမ္ဘာ့လယ်မှာ ဝန်မခံပါဘူး
သန်းရွှေခွေးကြီး သောက်ပြောကြီး

ဒီခွေးမသား ကံအားကောင်းစဉ် ချိန်လေးတွင်မှ
သင်္ဃန်းဝတ်ရုံ သွေးလွှမ်းခြုံခဲ့
မြင်ရာသတ်ဟ ထိုဒေါသနှင့်
နအဖတွင် ခွေးစိတ်ဝင်သည်
ငရဲပင်မေ့နေလေပြီလား

မျိုးချစ်

ပြည်သူ့သဘောထား (အစစ်)

လက်နက်အားကိုး မအေရိုး
သူခိုး အဖေခေါ်သူများအား ဆန့်ကျင်ကြ…

သာသနာတော်ပြန်လည်ထွန်းကားရေးနှင့်
သံဃာတော် များ၏ အရေးကို
သတ်ဖြတ်နှိမ်နင်းသူများအား ဆန့်ကျင်ကြ…

နိုင်ငံတော်၏ ပြည်တွင်းရေးကို
ဝင်ရောက်ကူညီ ဖြေရှင်းပေးသော
ပြည်ပနိုင်ငံများအား ဆက်သွယ်ကြ…

ပြည်တွင်းပြည်ပ ဘလော့ဂါများအား
မိတ်ဆွေစစ်အဖြစ် သတ်မှတ်လက်တွဲကြ…

မျိုးချစ်

အောင်ပွဲဆင်ဖို့ ထောင်ထဲဝင်စို့

အင်တာဗျူးများ

<a href="http://www.imeem.com/people/uC-QXqr/playlist/n2cbiqQU/interviews_music_playlist/">အင်တာဗျူးများ</a>

မျိုးချစ်၏သီချင်းများ

မြန်မာစံတော်ချိန်

C-BOX မှာ Register လုပ်ရန်

C-BOX မှာ Register လုပ်ရန်

ကျွန်တော်တို့နဲ့အတူ
ဝင်ရောက်ဆွေးနွေးလိုသူများ
သင့်အမည်ရင်း အပြည့်အစုံ နဲ့
နေထိုင်ရာ မြို့ နဲ့တိုင်းပြည်ကို ပြောပါ
သင်သုံးလိုတဲ့ user name ကို ရွေးပါ
မြန်မာလိုလဲရပါတယ်
password ကို English လို ရွေးပါ
ပြီးရင် myochitmyanmar@gmail.com ကို ပို့လိုက်ပါ
ကျွန်တော် ၂၄ နာရီအတွင်း activate လုပ်ပေးမှာပါ
registered user တွေ log in လုပ်တဲ့အခါ
သင့် user name ကို အရင်ရေးထည့်လိုက်ပါ
ပြီးမှ profile ကိုနှိပ်လိုက်ပါ
ပြီးရင် password ကိုထည့်လိုက်ပါ
ဒါပါဘဲဗျာ လွယ်ပါတယ်နော်…
အားလုံးကို ကျေးဇူးအထူးတင်ပါတယ်

မျိုးချစ်

Got G-Talk!

ZawGyi Converter

Visiting from another computer?

Can't read or install Zaw Gyi?

Just copy the letters you can't read
then paste them into this box

Wala!!!  :P

Enjoy!

စကားပြောခန်း

Watch DVB (Live)

DVB ရုပ်မြင်သံကြားအစီအစဉ် ကို လေလှိုင်းပေါ်မှနှင့် တစ်ပြိုင်ထဲ ကြည့်ရှုအားပေးနိုင်ကြပါပြီ
ဒါပေမယ့် အကြောင်းအမျိုးမျိုးကြောင့် အသံဖွင့်ပြီး နားမထောင်နိုင်သူများ အတွက် အသံကို ပိတ်ထားပါတယ်
အသံပါနားဆင်ချင်သူများကတော့ Mute Button လေးကို နှိပ်ပြီး Unmute လုပ်လိုက်ယုံပါဘဲ
Full Screen နဲ့ကြည့်ချင်တဲ့သူတွေ ဒီ Screen လေးပေါ်မှာ Right Click လုပ်ပြီး Zoom ကနေ Full Screen ကိုရွေးလိုက်ပါ

Click HERE to go to direct url.

အဆင်ပြေကြမယ်လို့ထင်ပါတယ်

မျိုးချစ်

ပြန်လည်ရှာဖွေရန်

မဂ္ဂဇင်းများ

မြန်မာ့ရေးရာ သတင်းဌာနများ

အနုပညာ ကွန်ယက်များ

ဘာသာရေး စာမျက်နှာများ

ပရဟိတ အဖွဲ့အစည်းများ

နည်းပညာဆိုင်ရာများ

မိတ်ဆွေ Blogger များ

Web Dictionary

Mr. Creator ၏ ထိုးနှက်ချက်များ

မျိုးချစ်မြန်မာ ရဲ့ ဧည့်သည်ဦးရေ

ကမ္ဘာတဝှန်းမှ မိတ်ဆွေများ

ခုဘယ်သူတွေရှိနေသလဲ

သိနေတယ်လေ