Home စာပေ ဘာသာရေး
ဘာသာရေး
ဆင်းရဲသား ပပျောက်ရေးတရားတော် PDF Print E-mail
စာပေ - ဘာသာရေး
Written by မျိုးချစ်   
Sunday, 24 January 2010 10:39

ဆင်းရဲသား ပပျောက်ရေး
အရှင်သုဒဿနာဘိဝံသ
ဗိုလ်တောင်ဆရာတော်(မြိတ်)

အမှာစကား
(၀ါ)
ဆင်းရဲသားပပျောက်ရေး

            ဒီတရားတော်ကို နာကြားဖတ်ရှုပြီးတဲ့အခါမှာ ``ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေးဆိုတာ မဖြစ်မနေ အကောင်အထည် ဖော်ရမည့်အလုပ် ´´ လို့သဘောပေါက်ပြီး အကောင်အထည်ဖော်တဲ့အခါမှာတော့ ခေတ်ကာလ. ပတ်ဝန်းကျင်. လူတို့၏ စိတ်နေစိတ်ထား. လူတို့၏ စရိုက်အခြေအနေ. တွေကို ထည့်သွင်းစဉ်းစားပြီး အဖြစ်နိုင်ဆုံး၊ အထိရောက်ဆုံး၊ အလွယ်ကူဆုံး၊ အဆုံးအရှုံး အနည်းဆုံးဖြစ်အောင် နည်းအမျိုးမျိုးနှင့် အကောင်အထည်ဖေါ်ဖို့ လိုပါလိမ့်မယ်။
            ဘုန်းကြီးတို့ နားလည်သဘောပေါက်တာကတော့ ဘယ်အရာမဆို အကျဉ်းမှ စ၍ အကျယ်ချဲ့ယူခြင်း၊ အထပ်ထပ် အခါအခါ လေ့ကျင့်ပေးခြင်း၊ ပြုစုပျိုးထောင်ပေးခြင်းတွေ ပြုလုပ်ပေးပြီးတော့မှ ပွါးများယူခြင်းတွေဟာ   အလုပ်ကြီးတွေအတွက် အသင့်လျော်ဆုံး လို့ယူဆပါတယ်။

            `` ဘာကြောင့် အဲဒီလို ပြောရသလဲ´´

            ဖြစ်စေသတည်း ဆိုလျှင် အရာရာဖြစ်စေနိုင်တဲ့၊ ဖန်ဆင်းလိုသမျှ ဖန်ဆင်းနိုင်တဲ့၊ အလွန်တန်ခိုးကြီးမားတဲ့၊ ဈာန်အဘိဥာဉ် ရတဲ့ သမာဓိ စွမ်းအားရှင်ကြီးတွေတောင် လိုအပ်တဲ့ သမာဓိ စွမ်းအား၊ လိုအပ်တဲ့ တန်ခိုးဈာန်အဘိဥာဉ် တွေ အပြည့်အစုံ ရရှိပြီးတာတောင်မှ စောစောက ပြောခဲ့သလို အကျဉ်းမှ အကျယ်၊ အနီးမှ အဝေး၊ အသေးမှ အကြီး၊ အလွယ် မှ အခက်၊ တဖြည်းဖြည်းချင်း ချဲ့ယူခြင်း၊ လေ့ကျင့်ခြင်း တွေ အထပ်ထပ်အခါခါ ပြုလုပ်ပေးပါမှ လိုချင်တဲ့အတိုင်း အတာ ကို အပြည့်စုံဆုံး၊ အလျင်မြန်ဆုံး၊ ဖန်ဆင်းနိုင်တယ်လို့ ဗုဒ္ဓကျမ်းစာ တွေထဲမှာ တွေ့ရပါတယ်။
            လေ့ကျင့်မှု အခါခါအထပ်ထပ် စမ်းသပ်မှုပြုစု ပျိုးထောင်မှု ၊ ဆန့်ကျင်ဘက်တွေ ဝေးသထက်ဝေးအောင် ဖယ်ရှား သန့်စင်ပေးရမှုတွေကို စွမ်းအား တကာတွေထက် စွမ်းအားအထက်ဆုံး သမာဓိ စွမ်းအားရှင်၊ တန်ခိုးရှင်ကြီးတွေသော်မှ  ပြုလုပ်ရပါသေးတယ် ဆိုလျှင် အခြားအခြားသော လောက ဖန်တီးရှင်တွေအတွက် ပြောစရာတောင် လိုမည် မထင်ပါ။
            ဖြစ်သင့်ဖြစ်ထိုက်တာ ဆိုလျှင် ဘယ်လောက်ခက်ခဲတဲ့ အရာပဲဖြစ်ဖြစ်၊ ဘယ်လို အခြေအနေမှာပဲ ရှိရှိ ဘာအကြောင်းကြောင်းတွေ က ပဲ ခံနေနေ မဖြစ်ဖြစ်အောင် လုပ်နိုင်ဖို့ ဆိုတာ အရေးကြီးဆုံးပေါ့။
            ဒီတော့ ဆင်းရဲမွဲတေ မှု တိုက်ဖျက်ရေးတရားတော် ကို နာယူပြီးတဲ့အခါမှာ ဘုရားဟောလည်း ဖြစ်ပြန်၊ အတိတ်က သာဓကတွေလည်းရှိ၊ ပစ္စုပ္ပန်မှာ လည်း လက်တွေ့ရှိနေတဲ့ သာဓကတွေကို (ဘင်္ဂလားဒေ့ရှ်မှ ပါမောက္ခ တစ်ယောက် အသေးစား ငွေချေးဘဏ် ထူထောင်ရာမှာ အောင်မြင်နေကြောင်း) ဖတ်ရှု ကြားသိနေကြရတာဖြစ်လို့ သဘောတူရာ ကျွမ်းကျင်သူ ပညာရှင်များနှင့် တိုင်ပင်ညှိနှိုင်းပြီး လိုအပ်သမျှ ကြိုတင် ပြင်ဆင် ဆောင်ရွက်၍ နည်းအမျိုးမျိုး ထိုက်သင့်သလို သုံးပြီး ပြုလုပ်သင့် ကြပါတယ်။
            ဒါကြောင့် ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး (၀ါ) ဆင်းရဲသားပယ်ဖျက်ရေး တရားတော်ကို ပြုစု ရေးသားလိုက်ရခြင်းဖြစ်ပါတယ်။
                                                                                                အရှင်သုဒဿနဘိဝံသ
                                                                                                ဗိုလ်တောင်ဆရာတော်(မြိတ်)

(အနိစ္စ ဒုက္ခ အနတ္တ ရုပ်နာမ်ငြီးငွေ့ ၀ိပဿနာ တရားတွေချည်းတွင်တွင် ဟောပြောနေတဲ့  ခေတ်ကာလ မှာ ဗိုလ်တောင်ဆရာတော်လို လင်္ကာရအဘိဝံသ ဘွဲ့ရ ဆရာတော်ကြီးတစ်ပါးရဲ့ ဆင်းရဲ ပပျောက်ရေးတရား ကို ဖတ်ရှု ရတဲ့အခါ များစွာ ကြည်ညိုလေးစား ရပါတယ်။ လက်ရှိ မျက်မှောက် လူမှု ဒုက္ခ အ၀၀ ကို လစ်လျူရှုမထား.. ခေတ်စနစ်နဲ့ အညီ လိုအပ်ချက် ကို ဗုဒ္ဓအဆုံးမ နဲ့ အညီ လမ်ညွှန်ပေးတဲ့ ဆရာတော်ကြီး ဖြစ်ပါတယ်။ အဆိုပါဆရာတော်ကြီးဟာ ၆ ဘာသာဂုဏ်ထူးရှင် ပထမကျော် ဓမ္မာစရိယ အရှင်ဆန္ဒာဓိက ရဲ့ ဆရာတစ်ဆူလည်း ဖြစ်ခဲ့ပါတယ်။ ဆရာတော်ရဲ့ ဆင်းရဲသား ပပျောက်ရေးတရားတော် စာအုပ် ပါ တရားအားလုံးကို ဆရာတော်ကြီးရဲ့ ခွင့်ပြုချက်ရယူပြီးဆက်လက်ဖေါ်ပြပေးသွားပါ့မယ်)
 
ဆင်းရဲသား ပပျောက်ရေးတရားတော် ၁ မှ ၈ အထိအား ပူးတွဲပါ pdf file တွင်ဆက်လက်ဖတ်ရှုနိုင်ပါသည်။
http://www.ashinkumara.com/ မှကူယူမျှဝေပါသည်။

SinnYe` Thar Pa Pyauk Yay Tayar Taw
Last Updated ( Sunday, 24 January 2010 10:50 )
 
နအဖ မှ ဗီယက်နန် သို့ ရောင်းစားလိုက်သော (၃၅) တန်လေးသည့် ကျောက်စိမ်းတုံးကြီး PDF Print E-mail
စာပေ - ဘာသာရေး
Written by မျိုးချစ်   
Wednesday, 20 January 2010 07:41

နအဖဟာ အလေးချိန် (၃၅) တန် အလေးချိန်ရှိသည့် မြန်မာ့ကျောက်စိမ်းရိုင်းတုံးကြီးအား အမေရိကန်ငွေ ဒေါ်လာ (၂) သန်းဖြင့် ရောင်းစားခဲ့ပါတယ်။ ဒီလိုရောင်းစားခဲ့တာကို ၀ယ်ယူခဲ့သူကနေ ကမ္ဘာ့အကြီးဆုံးကျောက်စိမ်းဆင်းတုတော်ကြီး ထုလုပ်ဖို့ အတွက် စီစဉ်မှသာ သိရှိရတာ ဖြစ်ပါတယ်။















 

နအဖထံကနေ မြန်မာ့ကျောက်စိမ်းတုံးကြီးကို ၀ယ်ယူခဲ့တဲ့သူကတော့ ဗီယက်နမ်နိုင်ငံသား ကျောက်မျက်ရတနာကုမ္ပဏီပိုင်ရှင်ဖြစ်သူ ဗုဒ္ဓဘာသာဝင် Dao Trong Cuong ဆိုသူ ဖြစ်ပါတယ်။ ဒီ မြန်မာ့ကျောက်စိမ်းတုံးကြီးကို ကျန်ခဲ့တဲ့နှစ်က ဒေါ်လာငွေ (၂) သန်းနဲ့  ၀ယ်ယူခဲ့တာဖြစ်ပြီး အောက်တိုဘာလက မြန်မာနိုင်ငံကနေ ဗီယက်နမ်နိုင်ငံကို သယ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ ဒီကျောက်စိမ်းရိုင်းတုံးကြီးကနေ ဗုဒ္ဓဆင်းတုတော်အဖြစ် ထုလုပ်ပြီး ကိုးကွယ်မှာ ဖြစ်ကြောင်း သိရှိရပြီး၊ ကျောက်မျက်နှင့် ပန်းပုပညာရှင် (၅၀) ပါဝင်တဲ့အဖွဲ့ ကနေ ဘုရားဆင်းတုတော်အဖြစ် ထုလုပ်မှာ ဖြစ်ပါတယ်။



















ဒီကျောက်စိမ်းရိုင်းတုံးကြီးအား ဖွင့်လှစ်ပြသတဲ့ အခမ်းအနားသို့ လူဦးရေ (၂၀၀၀) ခန့် တက်ရောက်ခဲ့ပြီး အခမ်းအနားမှာ ကျောက်စိမ်းတုံးကြီး ၀ယ်ယူခဲ့သူ Mr Cuong က ဒီကျောက်စိမ်းတုံးကနေ ထုလုပ်မယ့် ကျောက်စိမ်းဘုရားဆင်းတုတော်ဟာ ကမ္ဘာ့စံချိန်မှတ်တမ်းစာအုပ်မှာ မှတ်တမ်းတင်ခံရလိမ့်မည်ဟု မျှော်လင့်ထားကြောင်း ပြောကြားခဲ့ပါတယ်။ ဒီ မြန်မာ့ကျောက်စိမ်းရိုင်းတုံးကြီးဟာ အမြင့်ပေ (၁၀) ပေ (၃ မီတာ) မြင့်ပြီး အလျား (၆.၅) ပေ (၂ မီတာ) ရှည်လျားပြီး အနံ (၆.၅) ပေ (၂ မီတာ) ရှိတယ်လို့  သိရပါတယ်။
















 

မြန်မာနိုင်ငံကနေ ၀ယ်ယူခဲ့ပြီး ရရှိလာတဲ့ ဒီကျောက်စိမ်းတုံးကြီး ဖွင့်လှစ်ပြသတဲ့ အခမ်းအနားကို ဗီယက်နမ် သမ္မတ Nguyen Minh Triet ကိုယ်တိုင်တက်ရောက်ခဲ့သလို Thich Pho Tue (he patriarch of the Vietnamese Buddhist Sangha) ဦးဆောင်တဲ့ သံဃာ (၂၅၀) ခန့်ကလည်း ခေါင်းလောင်းများတီးကာ တရားများ ရွတ်ဖတ်ခဲ့ကြပါတယ်။

















ဒီ မြန်မာ့ကျောက်စိမ်းတုံးကြီးကနေ ဘုရားဆင်းတုတော်အဖြစ် ထုလုပ်ဖို့ အတွက် အချိန်ကာလအားဖြင့် (၂) လောက်ကြာမှာဖြစ်ပြီး၊ လက်ရှိ အလေးချိန် တန် (၃၅) တန်လေးတဲ့ ဒီမြန်မာ့ကျောက်စိမ်းတုံးကြီးကနေ ထုလုပ်မယ့် ကျောက်စိမ်းဘုရားဆင်းတုတော်ဟာ အလေးချိန် တန် (၂၀) ခန့်  ရှိနိုင်မယ်လို့  ခန့် မှန်းထားပါတယ်။


















 

အထက်မှာ ဖေါ်ပြခဲ့တဲ့သတင်းကတော့ မြန်မာ့ကျောက်စိမ်းတုံးကြီး ၀ယ်ယူခဲ့သူ ဗီယက်နမ်နိုင်ငံသား Mr Cuong နဲ့  ဗီယက်နမ်နိုင်ငံ ဗီယက်နမ်နိုင်ငံသူနိုင်ငံသားတွေအတွက်တော့ ၀မ်းသာပီတိဖြစ်စရာ ဖြစ်နေပေမယ့် မြန်မာနိုင်ငံမှာ အမျှော်အမြင်နည်းပါးလှစွာနဲ့  တိုင်းပြည်ကို မတရားအုပ်ချူပ်ရုံတင်မကဖူး မြန်မာ့ရေပေါ်ရေအောက် မြေပေါ်မြေအောက် သယံဇာတပစ္စည်းတွေကို ကိုယ်ပိုင်ပစ္စည်းလိုသဘောထားပြီး ရောင်းချချင်သလို ရောင်းချနေတဲ့ နအဖသူခိုးကြီးတွေကြောင့် မြန်မာနိုင်ငံကထွက်တဲ့ ကျောက်စိမ်းတုံး မြန်မာနိုင်ငံမှာ တန်ဖိုးရှိရှိ အသုံးချခွင့်မရဘဲ၊ တိုင်းပြည်နဲ့ လူမျိုးအတွက် ဂုဏ်မြင့်မားနိုင်တဲ့ အခွင့်အလမ်းတွေ ဆုံးရှုံးလက်လွှတ်ရတာပါဘဲ။

နိုင်ငံပိုင် ပြည်သူပိုင် တိုင်းပြည်ရဲ့  တန်ဖိုးဖြတ်မရတဲ့ ဒီလို ကျောက်မျက်ရတနာ သယံဇာတတွေကို မြေပေါ်မြေအောက်မကျန် ရောင်းစားနေကြတဲ့ နအဖတွေဟာ သူခိုးကြီးတွေပါဘဲ။

ဗုဒ္ဓဘာသာထွန်းကားတဲ့ မြန်မာနိုင်ငံကထွက်တဲ့ ကျောက်စိမ်းတုံးကြီးကို အခြားနိုင်ငံခြားသားတစ်ဦးက ၀ယ်ယူပြီး ကမ္ဘာ့အကြီးဆုံး ကျောက်စိမ်း ဘုရားဆင်းတုတော် ပြုလုပ်ဖို့  ဆောင်ရွက်တယ်ဆိုတော့ ကျွန်တော်တို့  မြန်မာနိုင်ငံသားတွေအတွက် ကမ္ဘာ့အလည်မှာ ဘယ်လို မျက်နှာပြကြရမလည်း။ တိုင်းပြည်ရဲ့  ဂုဏ်သိက္ခာ၊ လူမျိုးဂုဏ်သိက္ခာကို ကျဆင်းအောင် နအဖဟာ ကိုယ်ကျိုးအတွက် ဒေါ်လာငွေရရင်ပြီးရော မိုက်မိုက်ရိုင်းရိုင်း လုပ်ရက်ခြင်းပါဘဲ။

မြန်မာနိုင်ငံအတွင်းမှာတော့ ဘုရားတည် လမ်းဖောက် တံတားဆောက်မယ်ဆိုရင် ပြည်သူ့ တွေဆီ အလှူဆိုပြီး အဓမ္မငွေညှစ် လုပ်အားပေးခိုင်းနဲ့  နအဖကတော့ နောက်ဆုံးကျမှ ဖွင့်ပွဲလေးလုပ်ပြီး နာမည်ကောင်းလေး ၀င်ခံလိုက်တာဘဲ ရှိတယ်။ ဘယ်မှာလည်း တန်ဖိုးကြီးမားလှတဲ့ သယံဇာတတွေနဲ့  အရင်းပြုပြီး တည်ဆောက်တာတွေ ဘယ်မှာလည်း ဒီသယံဇာတွေကို ရောင်းလို့ ရတဲ့ ဒေါ်လာသန်းပေါင်းများစွာသော ငွေတွေနဲ့  တည်ဆောက်တာတွေ။

မြန်မာနိုင်ငံရဲ့  တန်ဖိုးရှိလှတဲ့ ဒီလိုသယံဇာတတွေကို ပြည်သူတွေ မသိအောင် တိတ်တိတ်ပုန်း ခိုးရောင်းနေလည်းဆိုတာ ဘယ်လောက်တောင် ရှိပြီလည်း။ တိုင်းပြည်ရဲ့  သဘာဝကပေးတဲ့ သယံဇာတပစ္စည်းတွေကို ထိန်းသိမ်းစောင့်ရှောက်ရမှန်းမသိဘဲ ခိုးလို့ ရတာ အကုန်ခိုးပြီး ရောင်းလို့ ရတာ အကုန်ရောင်းထုတ်နေတဲ့ နအဖကြောင့် ကျွန်တော်တို့ ပြည်သူတွေကတော့ ငတ်ပြတ်ဆင်းရဲ သေကြေနေရပြီး၊ နအဖသူခိုးမိသားစုကြီးတွေကတော့ ခိုးလို့ ရောင်းလို့ ရတဲ့ငွေတွေနဲ့  ဇိမ်ခံနေကြလေရဲ့ ။

ဦးနှောက်အသိဥာဏ် နည်းပါးလှတဲ့၊ အရည်အချင်းမဲ့ ညံ့ဖျင်းလှတဲ့ နအဖတွေကြောင့် တန်ဖိုးမဖြတ်နိုင်တဲ့ တိုင်းပြည်ရဲ့  သဘာဝသယံဇာတပစ္စည်းတွေဟာ နောက်ဆုံး အခြားနိုင်ငံတွေ အခြားနိုင်ငံခြားသားတွေ တန်ဖိုးရှိစွာ အသုံးချဖို့  ဖြစ်နေပါတော့တယ်။

ကျွန်တော်တို့  ပြည်သူတွေဘ၀ကတော့ ဆန်ထွက်တဲ့နိုင်ငံ ထမင်းငတ်နေရ၊ မြစ်ချောင်းအင်းအိုင်နဲ့  ရေပေါတဲ့နိုင်ငံ သောက်သုံးရေ ရှားနေရ၊ သဘာဝဓါတ်ငွေ့ နဲ့ ရေနံပေါများတဲ့နိုင်ငံ အလင်းရောင်မဲ့ အမှောင်ထဲ နေရ၊ သယံဇာတပေါများကြွယ်ဝတဲ့နိုင်ငံ ကုန်းကောက်စရာမရှိအောင် ဆင်းရဲမွဲတေနေရ ဖြစ်နေရတာ တရားခံကတော့ အာဏာရူး သူခိုးကြီးတွေကြောင့်ပါဘဲ။

 

ပေးပို့သူ - နစ်နေမန်း

Last Updated ( Wednesday, 20 January 2010 08:13 )
 
ချမ်းမြေ့ဆရာတော် အရှင်ဇနကာဘိဝံသ ဟောကြားတော်မူသော တရားတော်များ PDF Print E-mail
စာပေ - ဘာသာရေး
Written by မျိုးချစ်   
Monday, 18 January 2010 16:58

Biography of SayaDaw (Ref: http://www.chanmyay.org)

 

Chanmyay Sayadaw is the chief abbot of Chanmyay Yeiktha Meditationcentre, Yangon, Myanmar. His given name is Sayadaw AshinJanakabhivamsa. The Venerable Sayadaw began to study the Buddhist scriptures at the age of fifteen as a Samanera (novice monk). He received the higher ordination in 1947 and continued advanced studies of Buddhist scriptures. He practised Vipassana meditation under the instruction of the most Venerable Mahasi Sayadaw in 1953-54. Then he was invited by the State Buddha Sasana Organization to be an editor of the Buddhist scriptures in Pali(Palipatiwisodhaka) for reciting Buddhist scriptures at the Sixth Great Buddhist Council in Myanmar.
In 1957 the Venerable Sayadaw spent six years in Colombo Sri Lanka, where he continued his studies of English, Sanskrit, Hindi and Sinhalese languages. While at Colombo he took the London G.C.E. (A level) examination and passed.
In 1967 he was appointed by Venerable Mahasi Sayadaw as a meditation teacher at Mahasi SasanaYeiktha, Yangon. In 1977 Sayadaw Ashin Janakabhivamsa took up residence at Chanmyay Yeiktha Meditation Center which was donated to him by some devotees and became the abbot of the center. He has been since then well known as Chanmyay Sayadaw.
He accompanied the most Ven. Mahasi Sayadaw as an assistant in Dhamma mission to Europe and USA in 1979-80. From 1981 onwards he has been undertaking Dhamma missions alone to twenty-five countries in Asia, Australia, Europe, the United States, Africa and Canada.
The Sayadaw has conducted several meditation courses all over the world and is also widely known through his talks, university lectures, broadcasts and books on Buddhism, especially meditation, including Vipassana Meditation.
 

******************* dhamma talks uploaded and published on 2 Jan 2010 ****

 

MP3 Disc 01

 

၁။ ကိလေသာပယ်နိုင်မှ ချမ်းသာရ တရားတော်

၂။ ပဗ္ဗဇ္ဇမင်္ဂလာသာသနာပြု ကုသိုလ် တရားတော်

၃။ ရှင်ပြုအလှူ တရားတော်

၎။ ရှု၊ တည်၊ သိ၊ မငြိ ဆင်းရဲငြိမ်း တရားတော်

၅။ သမထ ဘာဝနာနှင့် ဝိပဿနာ ဘာဝနာ တရားတော်

၆။ သာသနာ့ အမွေခံ တရားတော်

၇။ သာသနာတော်အရှည်တည်တံ့ကြောင်း တရားတော်

၈။ သဘာဝလက္ခဏာနှင့် သာမညလက္ခဏာ တရားတော်

၉။ သတိပဋ္ဌာန် ဝိပဿနာ တရားတော်

၁၀။ သင်္ခါရနှင့် သင်္ခတ တရားတော်

 

 

MP3 Disc 02 

 

၁။ အဖြစ်နှင့် အပျက် တရားတော် ၁၂-၁၂-၁၉၈၄

၂။ ဗုဒ္ဓ၏ အနတ္တဝါဒ တရားတော်

၃။ ပူဇော်ထိုက်သူ တရားတော် ၄-၈-၂၀၀၁

၎။ စိတ်ယဉ်ကျေးက ချမ်းသာရ တရားတော် ၁၄-၅-၁၉၉၇

၅။ ရှုမှတ်မှုမြဲလျှင် ကိလေသာစင် တရားတော်

၆။ ဆွမ်းကျိုးတုန့် ပြန် မြတ်မွေခံ တရားတော်

၇။ သတိပဋ္ဌာန် တရားတော်

၈။ သဿတဒိဋ္ဌိ၊ ဥစ္ဆေဒ ဒိဋ္ဌိ၊ အန္တရာဘဝဒိဋ္ဌိ  တရားတော်

၉။ သိက္ခာသုံးပါးဖြင့် ကိလေသာသုံးပါး ပယ်သတ်ပုံ တရားတော် ၁၄-၁၁-၁၉၉၈

၁၀။ သိ၊ ပယ်၊ ဆိုက်၊ ပွား တရားတော်

(ဆက်ဖတ်ရန်)

Last Updated ( Monday, 18 January 2010 17:03 )
 
တစ်ခေတ်တစ်ခါတုန်းက PDF Print E-mail
စာပေ - ဘာသာရေး
Written by မျိုးချစ်   
Friday, 01 January 2010 09:35

သမိုင်းဆိုင်ရာအချက်အလက်တွေကို သင်ယူခဲ့ရတဲ့ အတန်းကျောင်းသူဘဝကတည်းက သမိုင်းစာပေထဲက ခေတ်တွေအကြောင်း နှိုင်းယှဉ်ပြီး လေ့လာသုံးသပ်ရတာကို အလွန်သဘောကျခဲ့ဖူးပါတယ်။ “ခေတ်တစ်ခေတ်ရဲ့ အကောင်းအဆိုး အတက်အကျဟာ အဲဒီခေတ်ကြီးကို ဦးဆောင်ခဲ့တဲ့ သူတွေ၊ အဲဒီခေတ်ကြီးကို ဖြတ်သန်းခဲ့တဲ့သူတွေ အပေါ်မှာ အထူး မူတည်နေတာပါ”  လို့ သမိုင်းဆရာမက ရှင်းပြတော့ အဲဒီ ပုဂ္ဂိုလ်တွေအကြောင်းကို အလွန်စိတ်ဝင်စားခဲ့မိတယ်။ တကယ်တော့ ရှေ့ဘက်ခေတ်တုန်းက လုပ်ဆောင်ခဲ့တဲ့ လုပ်ရပ်တွေဟာ နောက်ပိုင်းအချိန်တွေအထိ တချို့တလေဆိုရင် ယနေ့အချိန်ထိ အကျိုးသက်ရောက်မှုရှိနေဆဲ အရှိန်အဝါရှိနေဆဲပါပဲ။   

အဲဒီထဲက အကျိုးသက်ရောက်မှုတချို့ကိုတော့ ဒီသီရိလင်္ကာနိုင်ငံကို ရောက်ပြီး မကြာခင်မှာပဲ သိရှိခွင့်ရခဲ့ပါတယ်။ အရင်ရောက်နှင့်နေကြတဲ့ မြန်မာမိတ်ဆွေများက ဒေသခံတွေအကြောင်း အပါအဝင် ဒီနိုင်ငံနဲ့ ပတ်သတ်တဲ့ သိသင့်တာတွေကို ဒီနိုင်ငံရောက်စတုန်းက ပြောပြ ရှင်းပြကြပါတယ်။ အံ့ဩဝမ်းသာဖို့ကောင်းတဲ့ အကြောင်းတစ်ခုကို ပြောပြခဲ့သူကတော့ ၁နှစ်ခွဲလောက်စောပြီး အလုပ်တာဝန်နဲ့ ရောက်နေတဲ့ မိတ်ဆွေဒကာမကြီးပါ။ သူကပြောတယ် ..“ ဒီနိုင်ငံက လမ်းနာမည်နဲ့ ဘုန်းကြီးကျောင်းနာမည်တွေကို မြန်မာဘုန်းတော်ကြီးရဲ့ နာမည်နဲ့ ဂုဏ်ပြုပြီး မှည့်ခေါ်ထားကြတာရှိတယ် ”.. တဲ့.။ အဲဒီစကားကို ကြားရတော့ အံ့ဩဂုဏ်ယူမိရင်း စဉ်းစားမိတာက …. သူတို့နိုင်ငံသားမဟုတ်တဲ့ လူမျိုးခြားဘုန်းတော်ကြီးတစ်ပါး (သို့မဟုတ်) ဆရာတော်တစ်ပါးရဲ့ အမည်နာမကို သူတို့မြေပေါ်မှာ ဆက်လက်ရှင်သန်နေစေချင်လို့ လေးစားကြည်ညိုကာ ဂုဏ်ပြုခဲ့ကြတယ် ဆိုတော့ …. အဲဒီဘုန်းတော်ကြီးဟာ သူတို့မြေပေါ်မှာ သူတို့ဂုဏ်ပြုချင်လောက်အောင် သူတို့ မှတ်တမ်းတင်ထားချင်လောက်အောင်  လုပ်ဆောင်ခဲ့မယ်ဆိုတာကတော့ အသေအချာပါပဲ။ Colombo 10 မှာရှိတဲ့ ဝိနယာလင်္ကာရလမ်း (Vinayalankara Mw.) ၊ Horana မြို့နယ် Pokunuwita မြို့မှာရှိတဲ့ ဝိနယာလင်္ကာရကျောင်း နှင့် Colombo 10 မှာရှိတဲ့ ဝိနယာလင်္ကာရကျောင်း … တဲ့ … အဲဒီလိုကြားလိုက်ရတော့ လောကနီတိက အဆိုလေးတစ်ခုကို သတိရမိတယ် “ အသက်နဲ့ ခန္ဓာကိုယ်ကတော့ နှစ်တစ်ရာအတွင်းမှာ ပျက်စီးမယ် ဂုဏ်ကျေးဇူးတွေကတော့ ကမ္ဘာတည်သရွေ့ တည်ရှိရစ်မယ် ”။ ဟုတ်ပါတယ် … ၁၉၅၉ ခုနှစ်ကတည်းက အသက်နဲ့ ခန္ဓာကိုယ် ပျက်သုဉ်းသွားခဲ့ပေမဲ့ ယနေ့အချိန်အထိ ဂုဏ်ကျေးဇူးတွေ တည်တံ့နေဆဲဖြစ်တဲ့ မွန်ပြည်နယ် မော်လမြိုင်ဇာတိဖွား ဆရာတော် ဘဒ္ဒန္တ ဝိနယာလင်္ကာရ အနေနဲ့ ၁၉၀၁ ခုနှစ်ကနေစပြီး ဒီနိုင်ငံမှာ သာသနာပြု လုပ်ငန်းတွေကို နှစ်ပေါင်း၅၀ကျော် စွမ်းစွမ်းတမံလုပ်ဆောင်ခဲ့တယ်လို့ ဆိုကြပါတယ်။ (ဆက်ဖတ်ရန်)

 
အမေ့ဉာဏ်နား ဝင်စံစားစေ PDF Print E-mail
စာပေ - ဘာသာရေး
Written by မျိုးချစ်   
Sunday, 18 October 2009 02:57
 
<< Start < Prev 1 2 3 4 Next > End >>

Page 1 of 4

မျိုးချစ်မြန်မာ က ကြိုဆိုပါတယ်

ခုလို...အကြောင်းအမျိုးမျိုးနဲ့ 
နိုင်ငံရပ်ခြားမှာ ရောက်နေကြရပေမယ့်
အမိမြေကို လွမ်းဆွတ်ရင်း
မြန်မာတွေကို ချစ်တဲ့...
မြန်မာတွေရဲ့
မျှော်လင့်ရင်း နစ်မွန်းနေဆဲ ဘဝတွေက
လွတ်မြောက်စေချင်တဲ့စိတ်နဲ့
စာနာ နားလည် ပေးတတ်သူတိုင်း အတွက်
ရည်ရွယ်ပါတယ်။
လူအခွင့်ရေးအတွက် ဆက်တိုတ်ပွဲဝင်နေတဲ့
မျိုးချစ်မြန်မာ သူရဲကောင်းများကိုလဲ
ကျွန်တော့် အသက်ရှိနေသေးသ၍
ထောက်ခံအားပေးနေပါတယ်။
အပြုသဘောနဲ့ ဝေဖန် အကြံပေးမှုများကိုလည်း
အမြဲတမ်းကြိုဆိုပါတယ်။

"အမိမြန်မာပြည်ကြီးလဲ..
ချစ်တဲ့အမေစုနဲ့အတူ..
မကြာခင်လွတ်မြောက်နိုင်ပါစေ"

မျိုးချစ်မြန်မာ

Myo Chit Live (Webcasting)

Join Myo Chit Myanmar Fan Club

Contact Myo Chit

Myo Chit

President

Myo Chit Myanmar HD Media Production
California, USA
Phone - (310) 734-8310
Mon - Sat 10:00 AM - 7:00 PM PST
Please call only during business hour.

Can't read fonts?

Can't see Myanmar letters?

You need to install Zaw Gyi Font.
Already installed but still can't see yet?
Then you will need to remove the old fonts first.
Use both of these removers below and restart your PC.
Open C:/windows/fonts and make sure there is no ZawGyi fonts installed.
Vista user will need to install Key Board first
Download and unzip the file,
Open the folder and click on the file named setup
64 Bit version users need to choose a file accordingly
Then download and reinstall ZawGyi from below,
Then restart your PC again.

Enjoy!

Get ZawGyi Remover

Get Gtalk Add-In Remover

Get ZawGyi Blog day Version (Best)

Get ZawGyi Key Board For Vista

ဗိုလ်ချုပ်ပြောခဲ့တဲ့ စစ်သားဆိုတာ...

စစ်သားမဟုတ်ပေမယ့်
နိုင်ငံအတွက် အမျိုးမျိုးအနစ်နာခံ၊
အမျိုးမျိုးစွန့်စားလုပ်ကြတဲ့ လူတွေလည်း ရှိတာပဲ…
အဲဒါကြောင့်
စစ်သားမှ စစ်သားဆိုတဲ့
စိတ်ဓါတ်ကို ပြောင်းကြရမယ်။
ငါတို့ဟာ လက်နက်ကိုင်တွေ ဖြစ်ကြသော်လည်း
မတရားမလုပ်၊
နိုင်ငံရဲ့ ရန်သူတွေမဟုတ်၊
နိုင်ငံရဲ့ မိတ်ဆွေတွေဖြစ်တယ်ဆိုတာကို
သဘောပေါက်ရမယ်

(ဗိုလ်ချုပ်အောင်ဆန်း)

ခေတ်သစ် ဒို့ဗမာ

မြန်မာပြေသည် ဒို့ပြေ..
အောင်ဆန်းစုကြည် ဒို့အမေ…
မြန်မာစာသည် ဒို့စာ..
ခွပ်ဒေါင်းသွေးနဲ့ ရေးခဲ့တာ…
မြန်မာစကားသည် ဒို့စကား..
သန်းရွှေပြောတာမုသားပါ…

ဒို့အမေကို ချစ်ပါ..
ဘုန်းဘုန်းတွေကို စောင့်ရှောက်ပါ..
တပ်နဲ့ပြည်သူ ပူးပေါင်းပါ..
နအဖကိုတိုက်ထုတ်ပါ…

မျိုးချစ်

ငါတို့ အမေ

သံဝေဂ လင်္ကာ အသစ်

ပစ်တုန်းကလဲ တဲ့တဲ့ဘဲနော့
မြတ်သောသံယာ မရှောင်ပါဘူး
မေတ္တာချည်းနှည်း မိုက်လုံးကြီး

ပစ်ပြီးတော့လဲ မရှက်ဘဲပေါ့
ကမ္ဘာ့လယ်မှာ ဝန်မခံပါဘူး
သန်းရွှေခွေးကြီး သောက်ပြောကြီး

ဒီခွေးမသား ကံအားကောင်းစဉ် ချိန်လေးတွင်မှ
သင်္ဃန်းဝတ်ရုံ သွေးလွှမ်းခြုံခဲ့
မြင်ရာသတ်ဟ ထိုဒေါသနှင့်
နအဖတွင် ခွေးစိတ်ဝင်သည်
ငရဲပင်မေ့နေလေပြီလား

မျိုးချစ်

ပျံသန်းနေဆဲ ခွပ်ဒေါင်းများသို့

ပြည်သူ့သဘောထား (အစစ်)

လက်နက်အားကိုး မအေရိုး
သူခိုး အဖေခေါ်သူများအား ဆန့်ကျင်ကြ…

သာသနာတော်ပြန်လည်ထွန်းကားရေးနှင့်
သံဃာတော် များ၏ အရေးကို
သတ်ဖြတ်နှိမ်နင်းသူများအား ဆန့်ကျင်ကြ…

နိုင်ငံတော်၏ ပြည်တွင်းရေးကို
ဝင်ရောက်ကူညီ ဖြေရှင်းပေးသော
ပြည်ပနိုင်ငံများအား ဆက်သွယ်ကြ…

ပြည်တွင်းပြည်ပ ဘလော့ဂါများအား
မိတ်ဆွေစစ်အဖြစ် သတ်မှတ်လက်တွဲကြ…

မျိုးချစ်

အောင်ပွဲဆင်ဖို့ ထောင်ထဲဝင်စို့

အင်တာဗျူးများ

<a href="http://www.imeem.com/people/uC-QXqr/playlist/n2cbiqQU/interviews_music_playlist/">အင်တာဗျူးများ</a>

မြန်မာစံတော်ချိန်

C-BOX မှာ Register လုပ်ရန်

C-BOX မှာ Register လုပ်ရန်

ကျွန်တော်တို့နဲ့အတူ
ဝင်ရောက်ဆွေးနွေးလိုသူများ
သင့်အမည်ရင်း အပြည့်အစုံ နဲ့
နေထိုင်ရာ မြို့ နဲ့တိုင်းပြည်ကို ပြောပါ
သင်သုံးလိုတဲ့ user name ကို ရွေးပါ
မြန်မာလိုလဲရပါတယ်
password ကို English လို ရွေးပါ
ပြီးရင် myochitmyanmar@gmail.com ကို ပို့လိုက်ပါ
ကျွန်တော် ၂၄ နာရီအတွင်း activate လုပ်ပေးမှာပါ
registered user တွေ log in လုပ်တဲ့အခါ
သင့် user name ကို အရင်ရေးထည့်လိုက်ပါ
ပြီးမှ profile ကိုနှိပ်လိုက်ပါ
ပြီးရင် password ကိုထည့်လိုက်ပါ
ဒါပါဘဲဗျာ လွယ်ပါတယ်နော်…
အားလုံးကို ကျေးဇူးအထူးတင်ပါတယ်

မျိုးချစ်

Got G-Talk!

ZawGyi Converter

Visiting from another computer?

Can't read or install Zaw Gyi?

Just copy the letters you can't read
then paste them into this box

Wala!!!  :P

Enjoy!

စကားပြောခန်း

Watch DVB (Live)

DVB ရုပ်မြင်သံကြားအစီအစဉ် ကို လေလှိုင်းပေါ်မှနှင့် တစ်ပြိုင်ထဲ ကြည့်ရှုအားပေးနိုင်ကြပါပြီ
ဒါပေမယ့် အကြောင်းအမျိုးမျိုးကြောင့် အသံဖွင့်ပြီး နားမထောင်နိုင်သူများ အတွက် အသံကို ပိတ်ထားပါတယ်
အသံပါနားဆင်ချင်သူများကတော့ Mute Button လေးကို နှိပ်ပြီး Unmute လုပ်လိုက်ယုံပါဘဲ
Full Screen နဲ့ကြည့်ချင်တဲ့သူတွေ ဒီ Screen လေးပေါ်မှာ Right Click လုပ်ပြီး Zoom ကနေ Full Screen ကိုရွေးလိုက်ပါ

Click HERE to go to direct url.

အဆင်ပြေကြမယ်လို့ထင်ပါတယ်

မျိုးချစ်

ပြန်လည်ရှာဖွေရန်

မဂ္ဂဇင်းများ

မြန်မာ့ရေးရာ သတင်းဌာနများ

အနုပညာ ကွန်ယက်များ

ဘာသာရေး စာမျက်နှာများ

ပရဟိတ အဖွဲ့အစည်းများ

နည်းပညာဆိုင်ရာများ

မိတ်ဆွေ Blogger များ

Web Dictionary

Mr. Creator ၏ ထိုးနှက်ချက်များ

ဟန်လေး ၏ ထိုးနှက်ချက်များ

မျိုးချစ်မြန်မာ ရဲ့ ဧည့်သည်ဦးရေ

ကမ္ဘာတဝှန်းမှ မိတ်ဆွေများ

ခုဘယ်သူတွေရှိနေသလဲ

သိနေတယ်လေ