Home စာပေ လူမှုရေး
လူမှုရေး
ရိုဟင်ဂျာလူမျိုးစုများ နှင့်စပ်လျင်း၍ PDF Print E-mail
စာပေ - လူမှုရေး
Written by မျိုးချစ်   
Tuesday, 23 February 2010 12:13

၁၉၈၇ ခုနှစ် နဂါးမင်းစစ်ဆင်ရေးကာလတွင် အိမ်ထောင်စုပေါင်း (၂၅၉၀)အိမ်ထောင်လူဦးရေ (၁၅၆၆၉၀)ကိုမိခင်နိုင်ငံ ဘင်္ဂဒေရှ်သို့ ပြန်ပိုခဲ့ပါသည်။
 မိခင်နိုင်ငံကလက်မခံခဲ့ပါ အကြောင်းမျိုးမျိုးကိုထောက်ထား၍ ဟင်္သာစီမံကိန်းဖြင့် (၁ရ)ကြိမ်တိုင်တိုင် တ၇ားဝင် ပြန်လည်လက်ခံခဲ့ရာတွင် နှစ်ဆမကများလာသည်ကို ထိုဒေသတွင် နေထိုင်သူများပို၍သိပါသည်။

ထိုကြောင်း သူတို့အပြောအရ မောင်တော၊ဘူးသီးတောင်၊ရသေ့တောင်၊စစ်တွေမြို့များတွင် နေထိုင်လျက်ရှိကြသော ရိုဟင်ဂျာများကို မြန်မာအစိုးရကမောင်းထုတ်လိုက်သည့်ထားပါ
သူတို့ မိခင်နိုင်ငံ ဘင်္ဂဒေရှ်အစိုးရသည် မည်သည်နည်းနှင့်ပင်ပြန်ရောက်လာသည်ဖြစ်ပါစေ အမိအဖနှင့်တူသော နိုင်ငံအစိုးရသည် လက်မခံနိုင်စရာအကြောင်းမရှိပါ။
မောင်းထုတ်လိုက်သောဖြစ်ရပ်က နံပတ်(၂) ပါ မိခင်နိုင်ငံအစိုးရက လက်ခံရမည်မှ နံပတ်(၁)ဖြစ်ပါသည်။
မိခင်နိုင်ငံမှလက်မခံ၍ ရိုဟင်ဂျာဒုက္ခသည်များ နေစ၇ာမရှိ ဒုက္ခဘာကြောင်းရောက်နေရသည်ကို ပထမဆုံး တွေးခေါ်မျော်မြင်တတ်ရန် လွန်စွာအရေးကြီးသောအချက်တစ်ချက်ပင် ဖြစ်ပါသည်။

ရိုဟင်ဂျာလူမျိုးစုတွင် ဘာသာတူ စကားတူ ယဉ်ကျေးမူတူ အမိနိုင်ငံရှိပါသည်။နိုင်ငံမဲ့ လူမျိုးစုမဟုတ်ပါ....။
နှစ်ပေါင်း ၁၉၄၈ ကျော်ခန့်နိုင်ငံမဲ့ဖြစ်နေသော ဂျူးလူမျိုးမျာပင် နောက်ဆုံး သူတို့နယ်မြေသို့ အမှန်တကယ်ရောက်လာခဲ့သော သာဓကရှိပါသည်။
ရခိုင်ပြည်နယ် ရောက်ရိုဟင်ဂျာများသည် မြန်မာနိုင်ငံတွင် နေထိုင်ကြသည်မှာ သူတိုအပြော အဖက်ဖက်ကအဆင်မပြေလျင် အမိနိုင်ငံ ဘင်္ဂလာဒေရှ်သို့ ပြန်ရုံသာရှိပါသည်
မလေးရှား၊ထိုင်း၊အင်ဒိုနိရှားနိုင်ငံများသို့ ရေလမ်းခရီးများဖြင့် သက်စွန့်ဆံဖျား ထွက်လာစရာအကြောင်းမရှိပါ။

တတိယကမ္ကာရှိနိုင်ငံတစ်နိုင်ငံသို့ ဒုက္ခသည်အဖြစ် ခိုလုံခွင့်တောင်းရန်အကြောင်း အမျိုးမျိုးပြပြီး နိုင်ငံမရှိဖြစ်နေရသည်ဟု ကမ္ကာကသိအောင် ငိုပြနေခြင်းမှာ အဓိပ္ပါယ်လုံးဝမရှိပါ။
ဤဆောင်ပါးသည် စာရေးသူ၏ အာဘော်သာဖြစ်ပါသည်။ မည်သည်အဖွဲ့ အစည်းနှင့်မှအကျုံးဝင်ပတ်သတ်မူမရှိပါ။
 

History of the Rohija
 
" ရှင်းတမ်း " PDF Print E-mail
စာပေ - လူမှုရေး
Written by မျိုးချစ်   
Saturday, 06 February 2010 15:39
Kyaw Thu's Shin Tan
 
နိုင်ငံခြားရောက် " ရွှေ "များအကြောင်း PDF Print E-mail
စာပေ - လူမှုရေး
Written by မျိုးချစ်   
Saturday, 06 February 2010 14:41

ဒီအကြောင်းက ကျွန်တော် တကယ်ကို မရေးချင်တဲ့ အကြောင်းပါ။ ဒါပေမယ့် မရေးပဲ လည်း မနေနိုင်လို့ ရေးလိုက်ပါပြီ။

အခု စင်ကာပူရောက် မြန်မာတွေ ကြားမှာ ‘ဟော့’ ဖြစ်နေတဲ့ အကြောင်းပေါ့။ စင်ကာပူ ST သတင်းစာ မှာ ပါလာတဲ့ ဆောင်းပါး တစ်ပုဒ်နဲ့ ပတ်သက်ပြီး ကွန့်မင့် တိုက်ပွဲတွေ ဖြစ်သွားတယ်ဆိုပဲ။

သတင်းစာပါ အကြောင်းတစ်ချို့ကိုရော ကွန့်မင့် တစ်ချို့ ကိုပါ မကျေနပ်ကြတဲ့ ကျွန်တော်တို့ မြန်မာတစ်ချို့က ကွန့်မန့်တွေ ပြန်ရေးရင်း နဲ့ တစ်ချို့ရေးတဲ့ ကွန့်မန့်တွေက လွန်လွန် ကျူးကျူး တွေ ဖြစ်ကုန်ကြပါရောဗျာ။
အဲဒီ ဟာတွေကို သွားဖတ်မိတဲ့ ကျွန်တော် လည်း ရသမျိုးစုံခံစားလိုက်ရပါတယ်ဗျာ။ ပထမတော့ ဒေါသထွက်တယ်၊ ပြီးတော့ ၀မ်းနည်းတယ်၊ စိတ်မကောင်းဖြစ်တယ်၊ စိတ်ပျက်တယ်၊ အားတက်တယ်၊ အဲ မရှက်မကြောက် ၀န်ခံ ရရင် စိုးရိမ် စိတ်လည်း ဖြစ်မိတယ်ဗျ။

တစ်ခုချင်းကို ရှင်းပါရစေ။ (ဆက်ဖတ်ရန်)

Last Updated ( Saturday, 06 February 2010 15:44 )
 
ဆရာဝန်များအတွက် ၀င်ငွေခွန် တရားမျှတ စေချင် PDF Print E-mail
စာပေ - လူမှုရေး
Written by မျိုးချစ်   
Saturday, 30 January 2010 07:56

မနက်စောစောစီးစီး ဂျူတီထွက်ခါနီးမှာ ကြားလိုက်တဲ့ သတင်းက အရေးကြီးလူနာတွေနဲ့ တညလုံးပင်ပန်းနေတဲ့ ကျမကို ပိုလို့ အမောဆို့သွားစေပါတယ်။

“အမရေ ၀န်ကြီးက specialist အဆင့်ကနေစပြီး ၀င်ငွေခွန် ၁၅ သိန်း ဆောင်ရမယ်ဆိုပြီး ၀န်ကြီးပြောတယ်လို့ သတင်းတွေထွက်နေတယ် အမ” လို့ အစချီပြီး ပြောလာတဲ့ ကျမရဲ့ AS ဆရာဝန်လေးရဲ့ စကားတွေက ရင်ကိုနင့်သွားတာပဲ။

ဝန်ကြီးကပြောတယ်တဲ့လေ။

တနှစ်ကို ၁၅ သိန်းတဲ့။ ၀င်ငွေခွန်တဲ့။

ဝန်ကြီးကပြောတယ်တဲ့လေ။ ကျမတို့လို Specialist (အထူးကုဆရာဝန်) တွေဟာ တနေ့တော့ အနည်းဆုံး လူနာ ၅ ယောက် ကြည့်ရလိမ့်မယ်။ အဲ့ဒီ လူနာတယောက်ကို အနည်းဆုံး ၂၀၀၀ ကျပ်ရလိမ့်မယ်။ အဲ့ဒီတော့ တနေ့ကိုဖြင့် ဘယ်လောက်ရမယ်။ တလကိုဖြင့် ဘယ်လောက်ရမယ်။ ဒါဆို တနှစ်တော့ ဒီလောက် ဆောင်နိုင်တယ်ဆိုပြီး လုပ်မလို့တဲ့လေ။

အဲ့ဒီအခွန်ကိစ္စက order သာ စာနဲ့ပေနဲ့ အတည်ပြု မထွက်သေးတာ ကျမတို့ ဆရာဝန်လောကထဲတော့ တော်တော်ကို သိနေကြပါသတဲ့။

ကျမတို့မှာ တလောကမှ လစာတိုးတယ်ဆိုလို့ ပျော်ရနိုး၊ လစာတိုးတဲ့သတင်းကြောင့် ကုန်ဈေးနှုန်းတွေတက်လို့ စိတ်ညစ်ရနိုးဖြစ်နေတာ အခု ဒီသတင်းကြားတော့ တွေးစရာလေးတွေ အများကြီးဖြစ်လာပါတယ်။

အော် မစဉ်းမစား လုပ်လည်း လုပ်ရက်ပါပေ့။ ဒီ ၁၅ သိန်းဆိုတာ မြို့ကြီးပြကြီးက ဆရာဝန်တွေအတွက်တော့ မထောင်းတာလှပေမယ့် နယ်စွန်နယ်ဖျားမှာ လုပ်နေရတဲ့ ဆရာဝန်တွေအဖို့ကတော့ စိတ်ပင်ပန်းစရာ တခုပါပဲ။

သူတို့ပြောပြောနေတဲ့ ပီတီကိုစားအားရှိပါ၏ ဆိုတဲ့စကား။ နယ်စွန်နယ်ဖျားက ဆရာဝန်တွေခမျာ သူတို့ပြောသလိုပဲ တကယ်ကို အပိုဝင်ငွေ မရှိ၊ ပီတီပဲ စားပြီး အသက်ရှင် ရပ်တည်နေကြရတာကို ၀န်ကြီး မသိလေရော့သလား။

မြို့ကြီးပြကြီးတွေမှာ နေနေပေမယ့် ရတဲ့လစာ၊ အပြင်ဆေးခန်းထိုင်တဲ့ လစာလေးနဲ့ မိုးထိနေတဲ့ ကုန်ဈေးနှုန်းကြားက သားသမီးတွေ နေရေးစားရေး အဆင်ပြေအောင် ရုန်းကန်နေရတဲ့ ဆရာဝန်တွေလည်း တပုံတပင်ပါ။

အသပြာဆရာဝန် မဟုတ်တဲ့ စေတနာ ဆရာဝန်တွေ အများကြီးပါ။

ကားတ၀ီဝီ စီးနေတဲ့ ဆရာဝန်တွေဆိုတာ လက်ချိုးရေလို့ ရသလို စက်ဘီးအစုတ်ကလေး၊ ဆိုင်ကယ်အစုတ်ကလေး ဖွတ်ချက်ဖွတ်ချက်နဲ့ စီးနေတဲ့၊ ခြေလျင်လျှောက်၊ လိုင်းကားစီးပြီး အလုပ်တက်၊ ဆေးခန်းသွားနေတဲ့ ဆရာဝန်တွေကိုရော မျက်စိထဲ မမြင်ကြတော့ဘူးလား။

ကျမနဲ့ လုပ်ဖော်ကိုင်ဖက် သူငယ်ချင်းက ပြောတယ်။

“၀န်ကြီးက GP ကောင်းတဲ့ ရန်ကုန်၊ မန္တလေးလို့ မြို့ကြီးပြကြီးကနေ မပြောင်းရ မရွှေ့ရအောင် သူ့ကို လာလာ ကန်တော့နေတဲ့သူတွေ၊ လာကန်တော့နေတဲ့ တန်ဖိုးတွေကို တွက်ပြီး အဲ့လိုလုပ်ရင် ရမယ်ထင်ပြီး ပြောတာနေမှာပေါ့” တဲ့။

အော် .. သူများဌာနတွေဆိုရင် .. ငါတို့ လူကြီးက ဘယ်လိုကောင်းတယ် ဘယ်လိုမျိုး ကိုယ့်လူတွေ ပြန်ကြည့်တယ်နဲ့ ကြားနေရတယ်။

အခုငါတို့ ကျန်းမာရေး ၀န်ကြီးကတော့ ကိုယ့်ဝန်ကြီးဌာနကို ပြန်ကြည့်တာ၊ ကိုယ့်လက်အောက်ဝန်ထမ်းတွေအကျိုးကို ကြည့်တာ မရှိပဲနဲ့ ကိုယ့်လူကိုယ် ပြန်သတ်နေတာပဲ ဆိုပြီး သူက ညည်းညူနေပါတယ်။

သူများဌာနတွေက ဘယ်လိုဆိုတာ ကျမ မသိပါဘူး။ ကျမ အခုအချိန်မှာ နားလည်တာကတော့ ကျမတို့ ၀န်ထမ်းတွေရဲ့ ဘ၀ဟာ အဖက်ဖက်ကနေ အမျိုးမျိုးသော ဖိအားတွေခံစားနေရတဲ့အပြင် စီးပွားရေး ပြေလည်မှုရှိလာမယ်ကြံလိုက်တာနဲ့ တဖက်ကလည်း မတရားတဲ့ အခွန်အတုပ်ကိစ္စတွေဖြစ်လာ၊ ကုန်ဈေးနှုန်းက မြင့်လာနဲ့ ဆီပူထဲ ထည့်လှိမ့်ခံရတဲ့ ဆီးဖြူသီးလိုပါပဲရှင်။

လစာတိုးလို့ အဆင်ပြေလာမယ်မှတ်တယ် ကုန်သည်တွေက ကုန်ဈေးနှုန်းတွေ မြှင့်ပလိုက်တယ်။ တိုးပေးမယ့် လစာကဖြင့် ဘယ်နေမှန်းမသိသေးဘူး။

သူများတကာ ဘ၀တွေ အဆင်ပြေပြေနဲ့ နေရတာကို အမျိုးမျိုး ခက်ခဲအောင် တမင်တကာများ ရည်ရွယ်လုပ်နေတာများလားရှင်။
အခုတခါ လာပြန်ပေါ့ ၀င်ငွေခွန်တဲ့။ တရားမျှတစွာ ကောက်မယ်ဆိုရင်တော့ မပြောလိုပါဘူး။ အခုက အကုန်လုံးက ဒီနှုန်းချည်းသာဆိုရင် …

ဆရာဝန်တိုင်း ချမ်းသာနေကြတာမှ မဟုတ်တာရှင် …

ဒေါက်တာ မန္တလာ

မူရင်း - http://anyarnwaytamarmyay.blogspot.com/

 
မလေးရှားမှ ဘဝငရဲ PDF Print E-mail
စာပေ - လူမှုရေး
Written by မျိုးချစ်   
Monday, 07 December 2009 08:40
 
<< Start < Prev 1 2 Next > End >>

Page 1 of 2

မျိုးချစ်မြန်မာ က ကြိုဆိုပါတယ်

ခုလို...အကြောင်းအမျိုးမျိုးနဲ့ 
နိုင်ငံရပ်ခြားမှာ ရောက်နေကြရပေမယ့်
အမိမြေကို လွမ်းဆွတ်ရင်း
မြန်မာတွေကို ချစ်တဲ့...
မြန်မာတွေရဲ့
မျှော်လင့်ရင်း နစ်မွန်းနေဆဲ ဘဝတွေက
လွတ်မြောက်စေချင်တဲ့စိတ်နဲ့
စာနာ နားလည် ပေးတတ်သူတိုင်း အတွက်
ရည်ရွယ်ပါတယ်။
လူအခွင့်ရေးအတွက် ဆက်တိုတ်ပွဲဝင်နေတဲ့
မျိုးချစ်မြန်မာ သူရဲကောင်းများကိုလဲ
ကျွန်တော့် အသက်ရှိနေသေးသ၍
ထောက်ခံအားပေးနေပါတယ်။
အပြုသဘောနဲ့ ဝေဖန် အကြံပေးမှုများကိုလည်း
အမြဲတမ်းကြိုဆိုပါတယ်။

"အမိမြန်မာပြည်ကြီးလဲ..
ချစ်တဲ့အမေစုနဲ့အတူ..
မကြာခင်လွတ်မြောက်နိုင်ပါစေ"

မျိုးချစ်မြန်မာ

Myo Chit Live (Webcasting)

Join Myo Chit Myanmar Fan Club

Contact Myo Chit

Myo Chit

President

Myo Chit Myanmar HD Media Production
California, USA
Phone - (310) 734-8310
Mon - Sat 10:00 AM - 7:00 PM PST
Please call only during business hour.

Can't read fonts?

Can't see Myanmar letters?

You need to install Zaw Gyi Font.
Already installed but still can't see yet?
Then you will need to remove the old fonts first.
Use both of these removers below and restart your PC.
Open C:/windows/fonts and make sure there is no ZawGyi fonts installed.
Vista user will need to install Key Board first
Download and unzip the file,
Open the folder and click on the file named setup
64 Bit version users need to choose a file accordingly
Then download and reinstall ZawGyi from below,
Then restart your PC again.

Enjoy!

Get ZawGyi Remover

Get Gtalk Add-In Remover

Get ZawGyi Blog day Version (Best)

Get ZawGyi Key Board For Vista

ဗိုလ်ချုပ်ပြောခဲ့တဲ့ စစ်သားဆိုတာ...

စစ်သားမဟုတ်ပေမယ့်
နိုင်ငံအတွက် အမျိုးမျိုးအနစ်နာခံ၊
အမျိုးမျိုးစွန့်စားလုပ်ကြတဲ့ လူတွေလည်း ရှိတာပဲ…
အဲဒါကြောင့်
စစ်သားမှ စစ်သားဆိုတဲ့
စိတ်ဓါတ်ကို ပြောင်းကြရမယ်။
ငါတို့ဟာ လက်နက်ကိုင်တွေ ဖြစ်ကြသော်လည်း
မတရားမလုပ်၊
နိုင်ငံရဲ့ ရန်သူတွေမဟုတ်၊
နိုင်ငံရဲ့ မိတ်ဆွေတွေဖြစ်တယ်ဆိုတာကို
သဘောပေါက်ရမယ်

(ဗိုလ်ချုပ်အောင်ဆန်း)

ခေတ်သစ် ဒို့ဗမာ

မြန်မာပြေသည် ဒို့ပြေ..
အောင်ဆန်းစုကြည် ဒို့အမေ…
မြန်မာစာသည် ဒို့စာ..
ခွပ်ဒေါင်းသွေးနဲ့ ရေးခဲ့တာ…
မြန်မာစကားသည် ဒို့စကား..
သန်းရွှေပြောတာမုသားပါ…

ဒို့အမေကို ချစ်ပါ..
ဘုန်းဘုန်းတွေကို စောင့်ရှောက်ပါ..
တပ်နဲ့ပြည်သူ ပူးပေါင်းပါ..
နအဖကိုတိုက်ထုတ်ပါ…

မျိုးချစ်

ငါတို့ အမေ

သံဝေဂ လင်္ကာ အသစ်

ပစ်တုန်းကလဲ တဲ့တဲ့ဘဲနော့
မြတ်သောသံယာ မရှောင်ပါဘူး
မေတ္တာချည်းနှည်း မိုက်လုံးကြီး

ပစ်ပြီးတော့လဲ မရှက်ဘဲပေါ့
ကမ္ဘာ့လယ်မှာ ဝန်မခံပါဘူး
သန်းရွှေခွေးကြီး သောက်ပြောကြီး

ဒီခွေးမသား ကံအားကောင်းစဉ် ချိန်လေးတွင်မှ
သင်္ဃန်းဝတ်ရုံ သွေးလွှမ်းခြုံခဲ့
မြင်ရာသတ်ဟ ထိုဒေါသနှင့်
နအဖတွင် ခွေးစိတ်ဝင်သည်
ငရဲပင်မေ့နေလေပြီလား

မျိုးချစ်

ပြည်သူ့သဘောထား (အစစ်)

လက်နက်အားကိုး မအေရိုး
သူခိုး အဖေခေါ်သူများအား ဆန့်ကျင်ကြ…

သာသနာတော်ပြန်လည်ထွန်းကားရေးနှင့်
သံဃာတော် များ၏ အရေးကို
သတ်ဖြတ်နှိမ်နင်းသူများအား ဆန့်ကျင်ကြ…

နိုင်ငံတော်၏ ပြည်တွင်းရေးကို
ဝင်ရောက်ကူညီ ဖြေရှင်းပေးသော
ပြည်ပနိုင်ငံများအား ဆက်သွယ်ကြ…

ပြည်တွင်းပြည်ပ ဘလော့ဂါများအား
မိတ်ဆွေစစ်အဖြစ် သတ်မှတ်လက်တွဲကြ…

မျိုးချစ်

အောင်ပွဲဆင်ဖို့ ထောင်ထဲဝင်စို့

အင်တာဗျူးများ

<a href="http://www.imeem.com/people/uC-QXqr/playlist/n2cbiqQU/interviews_music_playlist/">အင်တာဗျူးများ</a>

မျိုးချစ်၏သီချင်းများ

မြန်မာစံတော်ချိန်

C-BOX မှာ Register လုပ်ရန်

C-BOX မှာ Register လုပ်ရန်

ကျွန်တော်တို့နဲ့အတူ
ဝင်ရောက်ဆွေးနွေးလိုသူများ
သင့်အမည်ရင်း အပြည့်အစုံ နဲ့
နေထိုင်ရာ မြို့ နဲ့တိုင်းပြည်ကို ပြောပါ
သင်သုံးလိုတဲ့ user name ကို ရွေးပါ
မြန်မာလိုလဲရပါတယ်
password ကို English လို ရွေးပါ
ပြီးရင် myochitmyanmar@gmail.com ကို ပို့လိုက်ပါ
ကျွန်တော် ၂၄ နာရီအတွင်း activate လုပ်ပေးမှာပါ
registered user တွေ log in လုပ်တဲ့အခါ
သင့် user name ကို အရင်ရေးထည့်လိုက်ပါ
ပြီးမှ profile ကိုနှိပ်လိုက်ပါ
ပြီးရင် password ကိုထည့်လိုက်ပါ
ဒါပါဘဲဗျာ လွယ်ပါတယ်နော်…
အားလုံးကို ကျေးဇူးအထူးတင်ပါတယ်

မျိုးချစ်

Got G-Talk!

ZawGyi Converter

Visiting from another computer?

Can't read or install Zaw Gyi?

Just copy the letters you can't read
then paste them into this box

Wala!!!  :P

Enjoy!

စကားပြောခန်း

Watch DVB (Live)

DVB ရုပ်မြင်သံကြားအစီအစဉ် ကို လေလှိုင်းပေါ်မှနှင့် တစ်ပြိုင်ထဲ ကြည့်ရှုအားပေးနိုင်ကြပါပြီ
ဒါပေမယ့် အကြောင်းအမျိုးမျိုးကြောင့် အသံဖွင့်ပြီး နားမထောင်နိုင်သူများ အတွက် အသံကို ပိတ်ထားပါတယ်
အသံပါနားဆင်ချင်သူများကတော့ Mute Button လေးကို နှိပ်ပြီး Unmute လုပ်လိုက်ယုံပါဘဲ
Full Screen နဲ့ကြည့်ချင်တဲ့သူတွေ ဒီ Screen လေးပေါ်မှာ Right Click လုပ်ပြီး Zoom ကနေ Full Screen ကိုရွေးလိုက်ပါ

Click HERE to go to direct url.

အဆင်ပြေကြမယ်လို့ထင်ပါတယ်

မျိုးချစ်

ပြန်လည်ရှာဖွေရန်

မဂ္ဂဇင်းများ

မြန်မာ့ရေးရာ သတင်းဌာနများ

အနုပညာ ကွန်ယက်များ

ဘာသာရေး စာမျက်နှာများ

ပရဟိတ အဖွဲ့အစည်းများ

နည်းပညာဆိုင်ရာများ

မိတ်ဆွေ Blogger များ

Web Dictionary

Mr. Creator ၏ ထိုးနှက်ချက်များ

မျိုးချစ်မြန်မာ ရဲ့ ဧည့်သည်ဦးရေ

ကမ္ဘာတဝှန်းမှ မိတ်ဆွေများ

ခုဘယ်သူတွေရှိနေသလဲ

သိနေတယ်လေ