Home ဗီဒီယို
ဗီဒီယို
နဂါးမီးလုံးများ (Naga Fireballs) PDF Print E-mail
ထူးခြားဆန်းကြယ်
Written by မျိုးချစ်   
Sunday, 24 January 2010 10:28

နှစ်စဉ်နှစ်တိုင်း အောက်တိုဘာလ လပြည့်နေ့ရောက်ပြီဆိုရင် ထိုင်းနိုင်ငံနှင့် လောနိုင်ငံကြားမှာရှိတဲ့ မဲခေါင်မြစ်ထဲမှ ထူးဆန်းစွာ ကြက်ဥလုံးခန့်ရှိတဲ့ အနီရောင်မီးလုံးတွေ က ရေထဲမှ ကောင်းကင်ပေါ်သို့ ပေပေါင်းများစွာကို အရှိန်နဲ့ ထိုးထက်သွားတာမျိုး ဖြစ်ပေါ်တယ်လို့ သိရပါတယ်။ ထိုအချိန်ရောက်ပြီဆို ထောင်ပေါင်းများစွာသော လူတွေဟာ ထိုမြင်ကွင်းကို ကြည့်ဖို့အတွက် မြစ်ကမ်းပါးကိုစုပြုံပြီး ရောက်ရှိလာကြပါတယ်။ ထိုပွဲတော်ကိုတော့ Phayanak ပွဲတော်လို့ခေါ်ပါတယ်။ ပါးစပ်သမိုင်းများအရကတော့ ဗုဒ္ဓမြတ်စွာ ဘုရားဟာ နတ်ပြည် မှ ကမ္ဘာမြေကြီးကို ပြန်လာခြင်းကို ရေအောက်မှာရှိတဲ့ နဂါးကြီးက ကြိုဆိုတဲ့အနေနဲ့ မီးလုံးတွေ မှုတ်ထုတ်တာလို့ဆိုပါတယ်။ ဒဏ္ဍာရီများအရကလည်း ထိုအမီးလုံးတွေကို မှုတ်ထုတ်တာ နဂါးကြီးမင်း ဖြစ်တယ်လို့ဆိုပါတယ်။ ထိုနားမှာ နေထိုင်တဲ့ လူတွေဟာလည်း ယခုချိန်ထိ ထိုမြစ်အောက်မှာ နဂါးရှိတယ်လို့ ယုံကြည်ထားကြသူတွေဖြစ်ပါတယ်။ ပြီးတော့ ထိုနဂါးဟာ ဗုဒ္ဓဘုရားထံမှာ ခစားနေတဲ့ နဂါးမင်းဖြစ်တယ်လို့လည်း လက်ခံထားကြသူတွေဖြစ်ပါတယ်။ ထိုင်းနိုင်ငံ Nong Khai ခရိုင်မှာ အောက်တိုဘာလ လပြည့်နေကိုရောင်လာရင် မီးလုံးတွေဟာ သဘာဝအလျှောက် တက်လာကြတာဖြစ်ပါတယ်။ နောက်ပြီးတော့ Nong Khai မြို့မှာ ရှိတဲ့ Wat Pho Luang Phra Sai ခေါ်သော ဗုဒ္ဓကျောင်းဆောင်မှာလဲ ကျောက်ဖြစ်ရုပ်ကြွင်းများဖြစ်တဲ့ နဂါးအရိုး နဂါးဥ နဂါးသွား တို့ရှိတယ်လို့ဆိုပါတယ်။ ထို နဂါးမှုတ်တဲ့မီးလုံးတွေကို လာကြည့်တဲ့သူတွေဟာလည်း တကယ်ဘဲနဂါမှုတ်တာလို့ လက်ခံကြသလို မယုံတဲ့သူတွေဟာလည်း ငြင်းလို့မရဘဲ လက်ခံကြရပါတယ်။ ထိုမြစ်ဟာ မီတာ ၇ဝဝ အကျယ်ရှိပါတယ်။ အငြင်းသန်တဲ့သူတွေကတော့ ဒီကိစ္စဟာ နဂါးမဟုတ်ဘူး နဂါးက ဒီလိုမီးလုံးတွေမှုမထုတ်ဘူး မီးတောက်ဘဲ မှုတ်ထုတ်တာလို့လည်း ငြင်းကြပါတယ်။ သိပ္ပံပညာအရကတော့ ထိုကိစ္စဟာ သတ္တဝါတစ်ကောင်မှုတ်ထုတ်တာမဟုတ်ဘဲ သဘာဝ ဂစ် ငွေတွေ မီးလောင်ပြီး အပေါ်ကိုတက်တာလို့ဆိုပါတယ်။ သို့သော်လည်း ဂစ်ငွေ့ တွေဟာ အောက်တိုဘာလပြည့်တကြိမ်း ဘဲမီးလောင်တာလားလို့မေးစရာရှိလာပါတယ်။ မည်သို့ပင်စေ ကမ္ဘာပေါ်မှာ သိပ္ပံပညာရှင်တွေ ဖြေရှင်းလို့ မရတဲ့ ထူးခြားသော သဘာဝတရား ၁၃ ခုထဲမှာ ထို နဂါးမီးလုံးများ (Naga Fireballs) ဆိုတာကလည်း တစ်ခုအပါအဝင်ဖြစ်နေပါသေးတယ်။
သူငယ်ချင်းတို့ကတော့ youtube ထဲကနေ လောလောဆယ်ကြည့်လိုက်ပေါ့ဗျာ အဝေးကရိုက်ထားတဲ့ဗီဒီိယိုကလစ်လေး ဖြစ်ပါတယ် ဂရုစိုက်ကြည့်ရင်တော့ မြင်ရမှာဖြစ်ပါတယ်။

http://www.myanmarreader.co.cc/  မှပြန်လည်ကူးယူဖေါ်ပြသည်

 
မြန်မာ့တပ်မတော်၏သမိုင်း ( ၁ + ၂ ) PDF Print E-mail
သမိုင်းသက်သေ
Written by မျိုးချစ်   
Friday, 15 January 2010 11:52

ပေးပို့သူ - နစ်နေမန်း

Last Updated ( Friday, 15 January 2010 12:14 )
 
Apple Computer နှင့် Pixar Animation Studio တို့ကို စတင်တည်ထောင်ခဲ့သူ Steve Jobs ပြောကြားခဲ့သည့် မှတ်သားဖွယ်ရာမိန့်ခွန်း PDF Print E-mail
သမိုင်းသက်သေ
Written by မျိုးချစ်   
Thursday, 14 January 2010 07:33

ကမ္ဘာ့ အကောင်းဆုံး တက္ကသိုလ်ကြီးတစ်ခု ရဲ့ ဘွဲ့ရ မောင်မယ်များ ကို တွေ့ဆုံစကားပြော ခွင့် ရတဲ့အတွက်ကြောင့် အင်မတန် ဂုဏ်ယူမိကြောင်း ပြောပါရစေ။ ကျွန်တော်ဟာ တက္ကသိုလ်ဘွဲ့ရ တစ်ယောက်မဟုတ်ပါ။ အမှန်အတိုင်း ပြောရရင် ဘွဲ့နှင်းသဘင် အခမ်း အနား ဆိုတာ ဒီနေ့မှ တက်ဖူးတာပါ။ ဒီ ဘွဲ့နှင်း သဘင် အခမ်းအနား မှာ ကျွန်တော့ဘဝ ဇာတ်လမ်းလေး သုံးပုဒ် ပြောပါရစေ။ မိန့်ခွန်း အရှည်ကြီး မဟုတ် ပါ။ ကြီးကြီးကျယ်ကျယ် အကြောင်းအရာတွေ မဟုတ်ပါ။ ဇာတ်လမ်း သုံးပုဒ် ထဲပါ။

ပထမဆုံးဇာတ်လမ်းကတော့ ဆက်စပ်ပုံဖော်ခြင်း အကြောင်းပါ။

ကျွန်တော် Reed College မှာ ခြောက်လပဲ တက်ပြီး ကျောင်းထွက် ခဲ့ပါတယ်။ ဒါပေမဲ့ ကျောင်းက မခွါနိုင်သေးပဲ နောက် ၁၈ လလောက် အတန်းတွေ ဆက်တက်ခဲ့ ပါတယ်။ ကျွန်တော် ဘာကြောင့် ကျောင်းထွက် ခဲ့ရတယ်ထင်ပါသလဲ။ (ဆက်ဖတ်ရန်)

 
Chicken a la Carte PDF Print E-mail
ရုပ်ရှင်
Written by မျိုးချစ်   
Monday, 04 January 2010 03:29

Director: Ferdinand Dimadura | Genre: Drama | Produced In: 2005

Synopsis: This film is about the hunger and poverty brought about by Globalization. There are 10,000 people dying everyday due to hunger and malnutrition. This short film shows a forgotten portion of the society. The people who live on the refuse of men to survive. What is inspiring is the hope and spirituality that never left this people.

 
ကမ္ဘာ့ရုပ်ရှင်သမိုင်းမှ မြန်မာပြည် နှင့်ပါတ်သက်သော ဇာတ်ကားများ PDF Print E-mail
သမိုင်းသက်သေ
Written by မျိုးချစ်   
Tuesday, 15 December 2009 10:57

နိုင်ငံတစ်ကာနဲ့ တွဲဖက်ပြီးရိုက်တဲ့၊ နိုင်ငံတစ်ကာက ရိုက်တဲ့ မြန်မာနိုင်ငံအကြောင်း၊ မြန်မာ့သမိုင်းအခြေပြု၊ မြန်မာနိုင်ငံ နောက်ခံ ဇာတ်လမ်းလေးတွေ စုစည်းပေးထားပါတယ်။  သမိုင်းထဲကရုပ်ရှင်၊ ရုပ်ရှင်ထဲက သမိုင်းတွေပါ။

ဗမာ့စောင်း
မူရင်းဂျပန် ဂျပန်ဘာသာဖြင့် (ビルマの竪琴 Biruma no tategoto)ကိုမြန်မာ ဘာသာဖြင့် "ဗမာ့စောင်း" ဟာ ဒါရိုက်တာ Kon Ichikawa ရိုက်ကူးသော စစ်ဆန့်ကျင်ရေး အဖြူအမဲ ရုပ်ရှင် ဇာတ်ကား ဖြစ်သည်။ ဒုတိယ ကမ္ဘာစစ် မြန်မာပြည်ရောက် ဂျပန်စစ်သား တစ်စုကို ဇာတ်အိမ်တည်ထားကာ မြန်မာပြည်တွင် လာရောက် ရိုက်ကူးခဲ့ခြင်း ဖြစ်သည်။ မြန်မာပြည် ရိုက်ကွင်းများအတွက် အေဝမ်း ရုပ်ရှင်မှ ကူညီပေး ခဲ့သည်။ ဒါရိုက်တာ Kon Ichikawa အား ကမ္ဘာကသိစေခဲ့သော အော်စကာဆု နောက်ဆုံး စကာတင် စာရင်းဝင်ခဲ့သည့် ဇာတ်ကား တစ်ကားလည်း ဖြစ်သည်။ ကမ္ဘာ့စစ်ကြီး တွေ ရဲ့ ရူးသွပ် ကြောက်မက်ဘွယ် ကောင်းမူ တွေ ကြား ထဲ က.. လူတယောက် ချင်း စီမှာ ရှိ နေ နိုင် တဲ့ လူသားစိတ် ကလေး ကို၊ အနု ပညာ မြောက် အောင် ဖော် ပြ ထား တာတွေ့ရသည်။

ဗမာ့စောင်း ဇာတ်ကားကြည့်ရန် နေရာ။

Beyong Yangon
ဟောလီးဝုဒ်ကရိုက်တဲ့ ၈၈ အရေးအခင်းအကြောင်းဇာတ်ကားပါ။ လော် ရာ (Patricia Arquette) က သူ့ခင်ပွန်းသည်နဲ့ သားအ သတ်ခံရပြီး မြန်မာပြည်ကိုရောက်နေတဲ့ အချိန်မှာ ၈၈ ဖြစ်ပါတယ်။ ဆနပြနေတဲ့ မြန်မာပြည်သူတွေအကြားတိုးဝှေ့ရင်း သူ့ရဲ့ပတ်စ်ပို့ပျောက်သွားပါ တယ်။ သူ ကိုယ်တိုင် ရုန်းကန်ရင်း ကျောင်းသားခေါင်းဆောင်တွေနဲ့ ဦးအောင်ကိုဆိုတဲ့ ဆရာဟောင်း တစ်ဦးနဲ့တွေ့ပြီး စစ်တပ်ရဲ့ ရက်စပ်မှု တွေကြားက ထိုင်းနိုင်ငံကို အရောက်ပြေးရတဲ့ ဇာတ်လမ်း ပါ။ ဟောလီးဝုဒ်ဇာတ်ကားပီပီ မြန်မာတွေထက် အမေရိကန်အမျိုးသမီး လော်ရာကို ပဲ အသားပေးထားပေမဲ့ အဖြစ်မှန်ကိုအခြေခံထားတဲ့ဇာတ်လမ်း ဖြစ်ပါတယ်။

Beyong Yangon ဇာတ်ကားကြည့်ရန်နေရာ။

Rambo 4
ထိုင်းနိုင်ငံမှာ မြွေဖမ်းတောလိုက်ပြီးနေထိုင်နေတဲ့ ရမ်ဘိုကို အမေရိကန်နိုင်ငံက ခရစ်ယာန် သာသနာပြုအဖွဲ့တစ်ဖွဲ့က သူတို့ကို မြန်မာပြည်ထဲလိုက်ပို့ဖို့လာခေါ်ပါတယ်။ အစပိုင်းမှာ ငြင်း ပေမဲ့ သာသနာပြုအဖွဲ့ဝင်တွေကို မြန်မာစစိအစိုးရတပ်က ပြန်ပေးဆွဲသွားတဲ့အတွက် ရက်စက်ရမ်းကားတဲ့ မြန်မာအစိုးရကို အံတုပြီး သွားကယ်တဲ့ဇာတ်လမ်းပါ။ လို မြန်မာ့အရေး ထက် ရမ်ဘိုကိုဦးစားပေးပေမဲ့ မြန်မာအစိုးရကိုတော့ ထင်ဟပ်ပါတယ်။

Rambo 4 ဇာတ်ကား ကြည့်ရန်နေရာ။

Bang Rajan
ယိုးဒယားပြည် စစ်ရုံးခဲ့စဉ်က ဗမာစစ်တပ်ကို အရုံးမပေးဘဲ ခံတိုက်ခဲ့တဲ့ ရွာလေးတစ်ရွာအကြောင်းပါ။ တော်ဝင် ဘုရင့်တပ်မတော်မှ အကူအညီမပါဘဲနှင့် ဗမာစစ်သားများကို ရွာကိုမသိမ်းနိုင်အောင် အချိန်အတော်ကြာခုခံခဲ့တဲ့အကြောင်းပါ။ တိုက်ပွဲမှာ ကလေးတွေ၊ မိန်းမတွေပါ အပါ တိုက်ခိုက်၊ သေကြေကြတဲ့အကြောင်း ဗမာစစ်တပ်ကို ရက်စက်ကျမ်းကျုတ်သူများအသွင် သရုပ်ဖေါ် ရိုက်ကူးထားပါတယ်။

Bang Rajan ဇာတ်ကား ကြည့်ရန်နေရာ။

ခရမ်းရောင်လွင်ပြင်
၁၉၅၄  ခုနှစ်ကရိုက်ကူးပြီး ပထမဦးဆုံးမြန်မာအမျိုးသမီး၊ ဇာတ်ဆောင်ပါဝင်သည့် အင်္ဂလိပ် ရုပ်ရှင် ဇာတ်ကားဖြစ်သည်။ သီရိလင်္ကာတွင်ရိုက်ကူးသ ည်။ဒေါ်ဝင်းမင်းသန်းသည် ရဲဘော်သုံးကျိပ်ဝင် ဗိုလ်စကြာ၏ဇနီးဖြစ်သည်။ 

ခရမ်းရောင်လွင်ပြင် ဇာတ်ကားကြည့်ရန်နေရာ။

ချစ်သောအရိမဒ္ဒနပူရ၏ မဟာအောင်ပွဲ
ပုဂံသမိုင်း ဇာတ်ကားလေးပါ။ ဒါရိုက်တာ ကြည်ဖြူသျှင် ရိုက်ကူးပါတယ်။ လူမင်း၊ နန္ဒာလှိုင် တို့အဇိကပါဝင်ထားပါတယ်။ ပုဂံခေတ် အရည်းကြီး သာသနာကို တိုက်ဖျက်ကာ၊ ဗုဒ္ဒသာသနာ စတင်ထွန်းကားလာအောင် ဆောင်ရွက်ခဲ့ပုံများကို မှတ်တမ်း၊ ဇာတ်လမ်း အသွင် သရုပ်ဖေါ်ရိုက်ကူးထားပါတယ်။

ချစ်သောအရိမဒ္ဒနပူရ၏ မဟာအောင်ပွဲ ဇာတ်ကား ကြည့်ရန်နေရာ။

Burma VJ
သံဃာတော်များ ဦးဆောင်သည့် ၂၀၀၇ ခုနှစ် ဆန္ဒပြပွဲများကို စစ်အစိုးရက ရက်စက်စွာ နှိမ်နင်းခဲ့ပုံအကြောင်း ရိုက်ကူးထားသည့် မှတ်တမ်းတင် ရုပ်ရှင်ကား ဖြစ်သည်။ Burma VJ မှတ်တမ်းတင် ဇာတ်လမ်းရုပ်ရှင်ကားသည် ၂ဝဝ၇ ခုနှစ် စက်တင်ဘာလ ဆန္ဒပြပွဲများအတွင်း သတင်းသမားများနှင့် အတိုက်အခံတို့ စစ်အစိုးရ၏ အုပ်ချုပ်မှုအောက်တွင် စွန့်စားလှုပ်ရှားခဲ့ရပုံအကြောင်း အသားပေး ဖော်ပြရိုက်ကူးထားခြင်း ဖြစ်သည်။ ဤဆန္ဒပြပွဲကို နောင်တွင် `ရွှေဝါရောင်တော်လှန်ရေး´ ဟု ခေါ်ဝေါ်ခဲ့ကြသည်။

Burma VJ ဇာတ်ကားကြည့်ရန်နေရာ။

The World at War (It's a lovely day tomorrow: Burma 1942-44)
ဒုတိယကမ္ဘာစစ် မှတ်တမ်းရုပ်ရှင်။  Documentry ဖြစ်ပါသည်။

The world at war ဇာတ်ကား ကြည့်ရန်နေရာ။


Who really killed Aung San?
BBC မှရိုက်ကူးထားတဲ့ documentry type ရုပ်ရှင်မှတ်တမ်းဖြစ်ပါတယ်။  တပ်မတော်ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း နဲ့ ပါတ်သက်တဲ့ ရှားရှားပါးပါး video clips များလည်း အသုံးပြုထားပါတယ်။  မြန်မာနိုင်ငံသားတိုင်းကြည့်ရှူသင့်တဲ့ video တစ်ခုပါပဲ။

Who really killed Aung San ကြည့်ရန်နေရာ။

 

ရှာလို့မရသေးတဲ့၊ မရနိုင်တဲ့ ရုပ်ရှင်ကားများကတော့

“နာဂစ် မိဘမဲ့ကလေးများအကြောင်း မှတ်တမ်းရုပ်ရှင် - Orphans of Burma Cyclone” ကို ဒီဗွီဘီ (Democratic Voice of Burma – DVB) တီဗွီ သတင်းထောက် တီနဲ့ ဇက်တို့ မှ နအဖရဲ့ ဖိနှိပ်ချုပ်ချယ်မှုတွေ ကြီးမားနေတဲ့ အချိန်မျိုးမှာ စွန့်စွန့်စားစား သွားရောက်ရိုက်ကူးခဲ့တာဖြစ်ပြီး၊ ယခုအခါမှာ ဒီမှတ်တမ်းရုပ်ရှင်ဟာ Rory Peck ဆုပေးဖို့ လန်ဒန်ရှိ ဆုရွေးချယ်ရေးအဖွဲ့က ရွေးချယ်ထားပါတယ်။
နမူနာကို ဒီမှာ ကြည့်နိုင်ပါတယ်။

ဂျာနယ်ကျော်မမလေး ၏ သွေး ရုပ်ရှင်
ဇာတ်ကား၏ screen shots အချို့ကြည့်ရန်။
သွေး wiki link

ဒါရိုက်တာ ဦးညီပု၏ ဂျပန့်ရင်သွေး ရုပ်ရှင်
ဂျပန့်ရင်သွေး wiki link

 
<< Start < Prev 1 2 3 4 5 6 7 Next > End >>

Page 1 of 7

မျိုးချစ်မြန်မာ က ကြိုဆိုပါတယ်

ခုလို...အကြောင်းအမျိုးမျိုးနဲ့ 
နိုင်ငံရပ်ခြားမှာ ရောက်နေကြရပေမယ့်
အမိမြေကို လွမ်းဆွတ်ရင်း
မြန်မာတွေကို ချစ်တဲ့...
မြန်မာတွေရဲ့
မျှော်လင့်ရင်း နစ်မွန်းနေဆဲ ဘဝတွေက
လွတ်မြောက်စေချင်တဲ့စိတ်နဲ့
စာနာ နားလည် ပေးတတ်သူတိုင်း အတွက်
ရည်ရွယ်ပါတယ်။
လူအခွင့်ရေးအတွက် ဆက်တိုတ်ပွဲဝင်နေတဲ့
မျိုးချစ်မြန်မာ သူရဲကောင်းများကိုလဲ
ကျွန်တော့် အသက်ရှိနေသေးသ၍
ထောက်ခံအားပေးနေပါတယ်။
အပြုသဘောနဲ့ ဝေဖန် အကြံပေးမှုများကိုလည်း
အမြဲတမ်းကြိုဆိုပါတယ်။

"အမိမြန်မာပြည်ကြီးလဲ..
ချစ်တဲ့အမေစုနဲ့အတူ..
မကြာခင်လွတ်မြောက်နိုင်ပါစေ"

မျိုးချစ်မြန်မာ

မျိုးချစ် ၏ သီချင်းများ

Myo Chit Live (Webcasting)

Join Myo Chit Myanmar Fan Club

Contact Myo Chit

Myo Chit

President

Myo Chit Myanmar HD Media Production
California, USA
Phone - (310) 734-8310
Mon - Sat 10:00 AM - 7:00 PM PST
Please call only during business hour.

Can't read fonts?

Can't see Myanmar letters?

You need to install Zaw Gyi Font.
Already installed but still can't see yet?
Then you will need to remove the old fonts first.
Use both of these removers below and restart your PC.
Open C:/windows/fonts and make sure there is no ZawGyi fonts installed.
Vista user will need to install Key Board first
Download and unzip the file,
Open the folder and click on the file named setup
64 Bit version users need to choose a file accordingly
Then download and reinstall ZawGyi from below,
Then restart your PC again.

Enjoy!

Get ZawGyi Remover

Get Gtalk Add-In Remover

Get ZawGyi Blog day Version (Best)

Get ZawGyi Key Board For Vista

ဗိုလ်ချုပ်ပြောခဲ့တဲ့ စစ်သားဆိုတာ...

စစ်သားမဟုတ်ပေမယ့်
နိုင်ငံအတွက် အမျိုးမျိုးအနစ်နာခံ၊
အမျိုးမျိုးစွန့်စားလုပ်ကြတဲ့ လူတွေလည်း ရှိတာပဲ…
အဲဒါကြောင့်
စစ်သားမှ စစ်သားဆိုတဲ့
စိတ်ဓါတ်ကို ပြောင်းကြရမယ်။
ငါတို့ဟာ လက်နက်ကိုင်တွေ ဖြစ်ကြသော်လည်း
မတရားမလုပ်၊
နိုင်ငံရဲ့ ရန်သူတွေမဟုတ်၊
နိုင်ငံရဲ့ မိတ်ဆွေတွေဖြစ်တယ်ဆိုတာကို
သဘောပေါက်ရမယ်

(ဗိုလ်ချုပ်အောင်ဆန်း)

ခေတ်သစ် ဒို့ဗမာ

မြန်မာပြေသည် ဒို့ပြေ..
အောင်ဆန်းစုကြည် ဒို့အမေ…
မြန်မာစာသည် ဒို့စာ..
ခွပ်ဒေါင်းသွေးနဲ့ ရေးခဲ့တာ…
မြန်မာစကားသည် ဒို့စကား..
သန်းရွှေပြောတာမုသားပါ…

ဒို့အမေကို ချစ်ပါ..
ဘုန်းဘုန်းတွေကို စောင့်ရှောက်ပါ..
တပ်နဲ့ပြည်သူ ပူးပေါင်းပါ..
နအဖကိုတိုက်ထုတ်ပါ…

မျိုးချစ်

ငါတို့ အမေ

သံဝေဂ လင်္ကာ အသစ်

ပစ်တုန်းကလဲ တဲ့တဲ့ဘဲနော့
မြတ်သောသံယာ မရှောင်ပါဘူး
မေတ္တာချည်းနှည်း မိုက်လုံးကြီး

ပစ်ပြီးတော့လဲ မရှက်ဘဲပေါ့
ကမ္ဘာ့လယ်မှာ ဝန်မခံပါဘူး
သန်းရွှေခွေးကြီး သောက်ပြောကြီး

ဒီခွေးမသား ကံအားကောင်းစဉ် ချိန်လေးတွင်မှ
သင်္ဃန်းဝတ်ရုံ သွေးလွှမ်းခြုံခဲ့
မြင်ရာသတ်ဟ ထိုဒေါသနှင့်
နအဖတွင် ခွေးစိတ်ဝင်သည်
ငရဲပင်မေ့နေလေပြီလား

မျိုးချစ်

ပြည်သူ့သဘောထား (အစစ်)

လက်နက်အားကိုး မအေရိုး
သူခိုး အဖေခေါ်သူများအား ဆန့်ကျင်ကြ…

သာသနာတော်ပြန်လည်ထွန်းကားရေးနှင့်
သံဃာတော် များ၏ အရေးကို
သတ်ဖြတ်နှိမ်နင်းသူများအား ဆန့်ကျင်ကြ…

နိုင်ငံတော်၏ ပြည်တွင်းရေးကို
ဝင်ရောက်ကူညီ ဖြေရှင်းပေးသော
ပြည်ပနိုင်ငံများအား ဆက်သွယ်ကြ…

ပြည်တွင်းပြည်ပ ဘလော့ဂါများအား
မိတ်ဆွေစစ်အဖြစ် သတ်မှတ်လက်တွဲကြ…

မျိုးချစ်

အင်တာဗျူးများ

<a href="http://www.imeem.com/people/uC-QXqr/playlist/n2cbiqQU/interviews_music_playlist/">အင်တာဗျူးများ</a>

မြန်မာစံတော်ချိန်

C-BOX မှာ Register လုပ်ရန်

C-BOX မှာ Register လုပ်ရန်

ကျွန်တော်တို့နဲ့အတူ
ဝင်ရောက်ဆွေးနွေးလိုသူများ
သင့်အမည်ရင်း အပြည့်အစုံ နဲ့
နေထိုင်ရာ မြို့ နဲ့တိုင်းပြည်ကို ပြောပါ
သင်သုံးလိုတဲ့ user name ကို ရွေးပါ
မြန်မာလိုလဲရပါတယ်
password ကို English လို ရွေးပါ
ပြီးရင် myochitmyanmar@gmail.com ကို ပို့လိုက်ပါ
ကျွန်တော် ၂၄ နာရီအတွင်း activate လုပ်ပေးမှာပါ
registered user တွေ log in လုပ်တဲ့အခါ
သင့် user name ကို အရင်ရေးထည့်လိုက်ပါ
ပြီးမှ profile ကိုနှိပ်လိုက်ပါ
ပြီးရင် password ကိုထည့်လိုက်ပါ
ဒါပါဘဲဗျာ လွယ်ပါတယ်နော်…
အားလုံးကို ကျေးဇူးအထူးတင်ပါတယ်

မျိုးချစ်

Got G-Talk!

ZawGyi Converter

Visiting from another computer?

Can't read or install Zaw Gyi?

Just copy the letters you can't read
then paste them into this box

Wala!!!  :P

Enjoy!

စကားပြောခန်း

Watch DVB (Live)

DVB ရုပ်မြင်သံကြားအစီအစဉ် ကို လေလှိုင်းပေါ်မှနှင့် တစ်ပြိုင်ထဲ ကြည့်ရှုအားပေးနိုင်ကြပါပြီ
ဒါပေမယ့် အကြောင်းအမျိုးမျိုးကြောင့် အသံဖွင့်ပြီး နားမထောင်နိုင်သူများ အတွက် အသံကို ပိတ်ထားပါတယ်
အသံပါနားဆင်ချင်သူများကတော့ Mute Button လေးကို နှိပ်ပြီး Unmute လုပ်လိုက်ယုံပါဘဲ
Full Screen နဲ့ကြည့်ချင်တဲ့သူတွေ ဒီ Screen လေးပေါ်မှာ Right Click လုပ်ပြီး Zoom ကနေ Full Screen ကိုရွေးလိုက်ပါ

Click HERE to go to direct url.

အဆင်ပြေကြမယ်လို့ထင်ပါတယ်

မျိုးချစ်

ပြန်လည်ရှာဖွေရန်

မဂ္ဂဇင်းများ

မြန်မာ့ရေးရာ သတင်းဌာနများ

အနုပညာ ကွန်ယက်များ

ဘာသာရေး စာမျက်နှာများ

ပရဟိတ အဖွဲ့အစည်းများ

နည်းပညာဆိုင်ရာများ

မိတ်ဆွေ Blogger များ

Web Dictionary

Mr. Creator ၏ ထိုးနှက်ချက်များ

ဟန်လေး ၏ ထိုးနှက်ချက်များ

မျိုးချစ်မြန်မာ ရဲ့ ဧည့်သည်ဦးရေ

ကမ္ဘာတဝှန်းမှ မိတ်ဆွေများ

ခုဘယ်သူတွေရှိနေသလဲ

သိနေတယ်လေ