Home ဗီဒီယို ရုပ်ရှင်
ရုပ်ရှင်
Chicken a la Carte PDF Print E-mail
ဗီဒီယို - ရုပ်ရှင်
Written by မျိုးချစ်   
Monday, 04 January 2010 03:29

Director: Ferdinand Dimadura | Genre: Drama | Produced In: 2005

Synopsis: This film is about the hunger and poverty brought about by Globalization. There are 10,000 people dying everyday due to hunger and malnutrition. This short film shows a forgotten portion of the society. The people who live on the refuse of men to survive. What is inspiring is the hope and spirituality that never left this people.

 
Trailer: Moving to Mars: A Million Miles from Burma PDF Print E-mail
ဗီဒီယို - ရုပ်ရှင်
Written by မျိုးချစ်   
Monday, 09 November 2009 14:32

 
The Philanthropist ( NBC ) PDF Print E-mail
ဗီဒီယို - ရုပ်ရှင်
Written by မျိုးချစ်   
Wednesday, 02 September 2009 01:43

 
What is that? PDF Print E-mail
User Rating: / 3
PoorBest 
ဗီဒီယို - ရုပ်ရှင်
Written by မျိုးချစ်   
Monday, 13 July 2009 02:22

What is that?

Directed by Constantin Pilavios

Last Updated ( Monday, 13 July 2009 02:39 )
 
NBC မှ The philanthropist စီးရီး PDF Print E-mail
User Rating: / 4
PoorBest 
ဗီဒီယို - ရုပ်ရှင်
Written by မျိုးချစ်   
Thursday, 09 July 2009 02:58


ပြီးခဲ့တဲ့ အပါတ်က အမေရိကားမှာ လွတ်လပ်ရေးနေ့ Long Weekend ဆိုတော့ အနား ရက်ရှည်ရပြီး တယ်လီဗေးရှင်း ရှေ့မှာ အချိန်အတော်လေး ဖြုန်းလိုက်တယ်၊ နဂိုရ်ကလည်း မိသားစုက ရုပ်ရှင် ဝါသနာအိုးတွေ ဆိုတော့ အွန်လိုင်းမှာ ဘစ်လော့ဒ် နဲ့ မီနီနိုဗါ ဆိုဒ်ကနေ ဆွဲချလာတဲ့ ရုပ်ရှင်ကားသစ်တွေ ကြည့်ကြ၊ တယ်လီဗေးရှင်း တလှည့် ပြောင်းလို့ ကြည့်ကြနဲ့ မုန့်လုံး စက္ကူကပ် နေကြတာပေါ့။

သောကြာနေ့ မှာ ဝစ္စကွန်ဆင်က ဘော်ဘော် တယောက်က သတင်းပေးလာတယ် နာမည်ကျော် NBC ချာနယ်ကြီးမှာ စီးရီးအသစ်ဖြစ်တဲ့ The philanthropist ကနေ ယက်တော လို ဒေါ်အောင်ဆန်းစုကြည် အိမ်ထဲ ခိုးဝင်တဲ့ မြန်မာပြည်အကြောင်း ဇါတ်လမ်း လာသွားတယ်တဲ့၊ အဲတာနဲ့ အင်တာနက် တန်ခိုးနဲ့ ဘစ်လော့ဒ် အားကိုးကာ မီနီနိုဗါ ဆပ်ရှ်ဘားမှာ သွားရိုက်ရှာတော့ တွေ့ပါလေရော၊ ဒေါင်းလုပ်ဆွဲ ကူးပြီး ဂျိမ်းဘွန်း လက်သစ်လိုလို ဇါတ်ကားကို နဖူးတွေ့ ဒူးတွေ့ တွေ့ပါတော့တယ်။

အိပ်ခ်ျဘီအို ရုပ်သံစီးရီးတွေနဲ့ အမ်မီဆု ရဖူးတဲ့ ဗြိတိန်ဖွား မင်းသား James Purefoy ဇါတ်ကားပါ၊ ပထမဆုံး စီးရီးကို နိုင်ဂျီးရီးယားမှာ ဇါတ်လမ်းစခဲ့ပြီး၊ အခု ဒုတိယမြောက် ဇါတ်ကတော့ မြန်မာပြည်မှာပါ၊ သူ့ရဲ့နောက်ကြောင်း ရာဇဝင်ကတော့ Teddy Rist အဖြစ်သရုပ်ဆောင်တဲ့ မင်းသားက ဘီလျံနာ သူဋ္ဌေးပါ၊ ထူးခြားတာက သူဟာ လူသားမျိုးနွယ်စု တွေထဲက အထူးသဖြင့် စီးပွားရေး လုပ်ရင်း တဖက်ကနေ ကလေးတွေကို ကယ်တင်နေသူပါ။

ဇါတ်လမ်း ကတော့ဗျာ နယူးယောက် မင်ဟက်တန်မှာ အခြေစိုက်တဲ့ The Maidstone Rist ကုမ္မဏီဟာ သူတို့ စေခိုင်းလို့ မြန်မာပြည်နဲ့ Gas ကုန်သွယ်မှုပြုနေတဲ့ သူတို့ရဲ့ လက်ဝေခံ တရုတ်က ချမ်းကုမ္မဏီနဲ့ အဆင်မပြေဖြစ်ပြီး၊ သယံဇာတ ပေါကြွယ်ဝတဲ့ မြန်မာနိုင်ငံထဲကို သူတို့ ကိုယ်တိုင် လူ့အခွင့်ရေး အဖွဲ့အစည်း ပုံစံနဲ့ ဗမာပြည်ထဲဝင်ပြီး စီးပွားလုပ်ဖို့ စနဲနာတဲ့ ခရီး၊ တားမြစ်ကန့်ကွက်သူတွေ ရှိနေတဲ့ ကြားထဲကနေ ကုမ္မဏီရဲ့ Co-CEO တက်ဒီရစ် ကိုယ်တိုင် ရန်ကုန်သွားဖို့ အကြောင်းဖန် လာတာပါ၊ ထူးခြားတာက သူ (တက်ဒီ) ကြည်ညို ရင်းစွဲရှိတဲ့ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် အိမ်ချုပ်မိနေတဲ့ ဒေါ်မေလင်းဝေ ( ဘာကြောင့် ဒေါ်အောင်ဆန်းစုကြည် အမည် မသုံးတာလဲ မသိ၊ ပုံစံကတော့ တော်တော်တူအောင် လုပ်ထားပါတယ်) ကို ရန်ကုန်ရောက်ရင် တွေ့ဖြစ်အောင် တွေ့မယ်လို့ သူကိုယ်တိုင် သူ့ဇနီးရှေ့မှာ ကြိမ်းဝါးပြီး ရန်ကုန်သွားသူပါ။

Image and video hosting by TinyPic
ဇါတ်ညွှန်း နာမည်အရ ဒေါ်မေလင်းဝေ
ရန်ကုန်မြို့ကို ဆူးလေဘုရားတဝိုက်က အစ အတော်တူအောင် NBC က ကြိုးစား ပြင်ဆင်ထားပါတယ် လမ်းဘေး ဝဲယာ ဆိုင်းဘုတ်တွေ၊ လမ်းသွား လမ်းလာတွေက အစပေါ့၊ ဆိပ်ကမ်းသာ ဟော်တယ်လို့ ခေါ်တဲ့ Strand Hotel မှ တည်းတယ်လို့ ကားသမားနဲ့ အချီအချ စကားပြောခန်းမှာ ကြားရပြီး၊ ကားခပေးတဲ့ အခါသုံးတဲ့ ပိုက်ဆံကအစ မြန်မာပိုက်ဆံ ၂၀၀ ရာတန်တွေ သေသေခြာခြာ သုံးထားပါတယ်၊ ပထမအကြိမ် ဒေါ်အောင်ဆန်းစုကြည် ( ဇါတ်ကားအရ ဒေါ်မေလင်းဝေ ) အိမ်ကိုသွားကြတဲ့ အခါ တက္ကစီသမား တားတဲ့ ကြားကပဲ အသွားမှာ လမ်းထိပ်က အစောင့်စစ်သားတွေနဲ့ တိုးပြီး အချင်းများနေတုန်း တက္ကစီသမား လန့်ပြေးလို့ အစီစဉ် ပျက်သွားခဲ့ ရပါတယ်၊ ဒီနေရာမှာ အစောင့် စစ်သားတွေ မြန်မာစကား တခွန်းစ နှစ်ခွန်းစ ပြောတာတွေ ပါလာပါပြီ။
 
ဒုတိယအကြိမ် ဒေါ်စုအိမ်ထဲ ဝင်ဖို့ လုပ်တော့ လမ်းထိပ်က အစောင့်စစ်သားတွေကို ယာဉ်တိုက်မှု တခုဖန်တီးပြီး အာရုံလွှဲကာ တက်ဒီ အိမ်ထဲ ရအောင်ဝင်ဖို့ သူနဲ့ ပါလာတဲ့ ( သူ့တပည့်လို့ ထင်ရတဲ့ ) Dax အဖမ်းခံထိပြီး တက်ဒီ ဒေါ်စုနေအိမ်ကို ခြံစည်းရိုးကျော်ကာ ခိုးဝင်ပါတယ်၊ ဒေါ်စုနေအိမ်ကိုလည်း အမှတ်(၅၄) တက္ကသိုလ်ရိပ်သာလမ်း အိမ်နဲ့အတော်တူတဲ့ အိမ်အနေအထား တူအောင် ရှာရိုက်ထားပါတယ်၊ အိမ်ထဲအဝင် ဧည့်ခန်းမှာ ဒေါ်စု ခင်ပွန်း မိုက်ကယ်အဲရစ် နဲ့ လက်ထပ်စဉ်က ဓါတ်ပုံကို အခုစီးရီးထဲက သရုပ်ဆောင် မေလင်းဝေ ပုံ အစားထိုး ထားတာတွေ၊ ဒေါ်စုတို့ မောင်နှမတွေ ငယ်စဉ်တောင်ကျေး ဘဝက တာဝါလိန်း လမ်းထဲက အိမ်မှာ ရိုက်ထားတဲ့ ပုံတွေ သတိထားမိလောက်အောင် ရှာသုံး ပြထားပါတယ်။

တွေ့ဆုံခန်းမှာတော့ ဒေါ်စုက မိမိရဲ့ မွေးနေ့ထက်စာရင် အခုလို မြန်မာနှစ်ကူး ကာလကို ပိုအဓိကထားကြောင်း၊ တက်ဒီက ဒေါ်စုကို အိမ်အချုပ်ကျတာ ဆယ်စုနှစ် တခုကျော်ခဲ့ပြီ မဟုတ်လား ? လို့ မေးတာ ရက်တွေများလို့ မရေနိုင်တော့တဲ့ အကြောင်းတွေ ပြောဖြစ်ပြီး၊ လက်ဖက်ရည်နဲ့ တည်ခင်းဧည့်ခံပါတယ်၊ ဒီတင် အိမ်စောင့်ကြပ်တဲ့ အစောင့် ရဲသား လာလို့ ဗမာလို ဒေါ်စုပြောလိုက်တဲ့ အခန်းက ( မင်း … လာတာ ခါတိုင်းထက် ၁မိနစ် နောက်ကျတယ် ဆိုတဲ့ ) စကားဝဲတာများ ဘာ … ဘာသာ စကားပြောတာလဲ မနည်း နားထောင်ယူရတယ်၊ ဒီမှာတင် ကြည့်နေရင်း အတွေးထဲမှာ NBC ကို မချိတင်ကဲ ဖြစ်ရတယ်၊ အမေရိကား အခြေစိုက်ရုပ်သံ ကုမ္မဏီကြီး တခု ဖြစ်ပြီး အစစ အရာရာ ဆက်တင်တွေ၊ အသုံးအဆောင်တွေ ပစ္စည်းပစ္စယတွေ သေခြာအောင် သုံးထားပါရဲ့နဲ့ သရုပ်ဆောင်ကြတော့မှ မြန်မာ မရှာနိုင်ခဲ့ဖူးလား? waste money ပေါ့လေ? ၊ သင်ကာ မကင်း ဖြစ်နေတဲ့ အစောင့်ရဲသား ဒုတိယံမိ လာစစ်တော့ တက်ဒီရစ် … ယက်တော လို ရေကူးမပြေးပဲ ခြံထဲကနေ ကျော်ခွကာ ခွေးပြေးဝက်ပြေး ပြေးရပါတယ်။

ဒူကဘာလဲ စောစောပြောသလို သံသယတွေနဲ့ ကြည့်နေတာပေါ့လေ၊ ဒါ ဘယ်မှာရိုက်တာလဲ ဆိုတာက အစပေါ့၊ တက်ဒီရစ် လမ်းကြို လမ်းကြားမှာ ပြေးရင်း တရုတ်မီးပုံးတွေ ချိတ်ထားတာတော့ သတိထားမိပါတယ်၊ နောက်တော့ လူစည်တဲ့ ဈေးလိုအခန်း ဖြတ်ပြေးရင်း၊ နှစ်ကူးအတာ သင်္ကြန်မှာ ရေပက်နေတဲ့ လူတွေထဲ ပြေးပါတယ်၊ အဲဒီကျမှ ဒေါ်မေလင်းဝေ (ခေါ်) ဒေါ်အောင်ဆန်းစုကြည်တို့ ဗမာစကားပြောတဲ့ အစောင့်ရဲသားတို့ တက္ကစီဒရိုင်ဘာတို့နဲ့ သွားရိုက်တဲ့ နိုင်ငံတို့ ဟာ တခြား ဟုတ်ရိုးလားဗျာ! အန်ကယ်လ်ဟို တို့နိုင်ငံ ဖြစ်နေတာကိုး ဈေးထဲက ရေပက်လို့ ဗီယက်နမ် ခမောက်တွေ ဆောင်းထားတာက သက်သေ ပြနေတော့တာပါပဲ။

နောက်ရှိပါသေးတယ် … စီးပွားရေး လုပ်တယ်ဆိုတော့ စစ်ဗိုလ်ချုပ်တဦး ကို ငွေနဲ့ချဉ်းကပ်ရာမှာ မြန်မာငွေ ၅၀၀ တန်တွေ အထပ်လိုက် သုံးတာတွေ စီစဉ်တတ်တာတော့ ကောင်းပါတယ်၊ ဂျင်နရယ်ဝင်း လုပ်တဲ့ ဗိုလ်ချုပ်က ဗမာစစ်ဗိုလ်ပုံ မပေါက်ပဲ ဗီယက်နမ် စစ်ဗိုလ်တွေလို ခါးပတ် စလွယ်စောင်း ပတ်ထားတော့ ကောင်းချင်ရက်နဲ့ တက်တက်စင်အောင် လွဲတာပါပဲ၊ စစ်သားတွေ၊ ရဲတွေ ဝတ်စားပုံကတော့ တူပါတယ်၊ နောက်ဆုံး မရလည်း ဗမာစကားပြောနေရာကို အသံထပ်ယူ ဖို့များ အချိန်မရခဲ့လေ သလား? ဒါရိုက်တာရယ်လို့၊ အော်လို့သာ ငြီးချင်ပါတယ်၊ နောက် … တကားလုံးကြည့် ပြီး ဒါရိုက်တာ ပေးထားတဲ့ မက်ဆေ့ခ်ျက ဗမာ စစ်ဗိုလ်ချုပ်ကြီးများ နမူနာ ယူတတ်ကြဖို့ပါ၊ အစက သူ့ လက်မှတ်တချက် ပြယုံနဲ့ မြန်မာတနိုင်ငံလုံး သွားလာနိုင်အောင် တန်ခိုးထွားပေမဲ့ သူဖမ်းခံရချိန်မှာ သူ့လက်မှတ်ဟာ စက္ကူစုတ် ပမာ အောက်ခြေစစ်သားတွေက သဘောထားတတ်ပုံ၊ နောက်ဆုံးခန်း တက်ဒီ နဲ့ Dax တို့ အချုပ်ခန်းက လွတ်ချိန်မှာ ဂျင်းနရယ်ဝင်းက သံတိုင်လေးကိုင်လို့ တက်ဒီကို လှမ်းပြောလိုက်တာ ငါ့လဲ ကယ်ပါဦး တက်ဒီ ရယ်တဲ့ ... ပြောမရဖူး ဗိုလ်ခင်ညွှန့်လဲ အခုချိန် ဒီလို ပြောရင် ပြောနေမှာ။

Image and video hosting by TinyPic
သူက ဂျင်နရယ်ဝင်း

ရှုတတ်ရင် မြင်ပါတယ်၊ ဗမာ စစ်ဗိုလ်ချုပ်တွေ အခုပဲ တွေ့လိုက် ခဏနေ ပြုတ်စော်နံ သွားလိုက်၊ ဒီဖက်ကမ်းက သူတွေလည်း အဲဒီ အချိန်ဆို လက်သီး လက်မောင်းတန်းလိုက်ကြ၊ နောက် … မောတော့ ပြန်ငြိမ်သွားလိုက်ကြ၊ ဒီလိုနဲ့ပဲ သူ့အရပ်နဲ့ သူ့ဇါတ် ဂျာအေး သူ့အမေ ရိုက်နေတာ … ဟော့ … အခုပဲကြည့်လေ စစ်တပ်က လူပဲပြောင်းပြီး တဗိုလ်တက် တဗိုလ်ဆင်း စနစ်နဲ့ လှိုင်ခေါင်းတူးပြီး မိုက်တွင်းနက် နေကြတာ.....

ဘုရားသခင်…… အခုတော့ ကြည့်ပါဦး ဆဲဗင်း July တောင် ၄၇ နှစ် ရှိပြီတဲ့လေ။

ချစ်တဲ့မနောမြေ ထံမှ ပြန်လည်ကူးယူဖေါ်ပြသည်

Click here to go to the original web page.

 
<< Start < Prev 1 2 Next > End >>

Page 1 of 2

မျိုးချစ်မြန်မာ က ကြိုဆိုပါတယ်

ခုလို...အကြောင်းအမျိုးမျိုးနဲ့ 
နိုင်ငံရပ်ခြားမှာ ရောက်နေကြရပေမယ့်
အမိမြေကို လွမ်းဆွတ်ရင်း
မြန်မာတွေကို ချစ်တဲ့...
မြန်မာတွေရဲ့
မျှော်လင့်ရင်း နစ်မွန်းနေဆဲ ဘဝတွေက
လွတ်မြောက်စေချင်တဲ့စိတ်နဲ့
စာနာ နားလည် ပေးတတ်သူတိုင်း အတွက်
ရည်ရွယ်ပါတယ်။
လူအခွင့်ရေးအတွက် ဆက်တိုတ်ပွဲဝင်နေတဲ့
မျိုးချစ်မြန်မာ သူရဲကောင်းများကိုလဲ
ကျွန်တော့် အသက်ရှိနေသေးသ၍
ထောက်ခံအားပေးနေပါတယ်။
အပြုသဘောနဲ့ ဝေဖန် အကြံပေးမှုများကိုလည်း
အမြဲတမ်းကြိုဆိုပါတယ်။

"အမိမြန်မာပြည်ကြီးလဲ..
ချစ်တဲ့အမေစုနဲ့အတူ..
မကြာခင်လွတ်မြောက်နိုင်ပါစေ"

မျိုးချစ်မြန်မာ

မျိုးချစ် ၏ သီချင်းများ

Myo Chit Live (Webcasting)

Join Myo Chit Myanmar Fan Club

Contact Myo Chit

Myo Chit

President

Myo Chit Myanmar HD Media Production
California, USA
Phone - (310) 734-8310
Mon - Sat 10:00 AM - 7:00 PM PST
Please call only during business hour.

Can't read fonts?

Can't see Myanmar letters?

You need to install Zaw Gyi Font.
Already installed but still can't see yet?
Then you will need to remove the old fonts first.
Use both of these removers below and restart your PC.
Open C:/windows/fonts and make sure there is no ZawGyi fonts installed.
Vista user will need to install Key Board first
Download and unzip the file,
Open the folder and click on the file named setup
64 Bit version users need to choose a file accordingly
Then download and reinstall ZawGyi from below,
Then restart your PC again.

Enjoy!

Get ZawGyi Remover

Get Gtalk Add-In Remover

Get ZawGyi Blog day Version (Best)

Get ZawGyi Key Board For Vista

ဗိုလ်ချုပ်ပြောခဲ့တဲ့ စစ်သားဆိုတာ...

စစ်သားမဟုတ်ပေမယ့်
နိုင်ငံအတွက် အမျိုးမျိုးအနစ်နာခံ၊
အမျိုးမျိုးစွန့်စားလုပ်ကြတဲ့ လူတွေလည်း ရှိတာပဲ…
အဲဒါကြောင့်
စစ်သားမှ စစ်သားဆိုတဲ့
စိတ်ဓါတ်ကို ပြောင်းကြရမယ်။
ငါတို့ဟာ လက်နက်ကိုင်တွေ ဖြစ်ကြသော်လည်း
မတရားမလုပ်၊
နိုင်ငံရဲ့ ရန်သူတွေမဟုတ်၊
နိုင်ငံရဲ့ မိတ်ဆွေတွေဖြစ်တယ်ဆိုတာကို
သဘောပေါက်ရမယ်

(ဗိုလ်ချုပ်အောင်ဆန်း)

ခေတ်သစ် ဒို့ဗမာ

မြန်မာပြေသည် ဒို့ပြေ..
အောင်ဆန်းစုကြည် ဒို့အမေ…
မြန်မာစာသည် ဒို့စာ..
ခွပ်ဒေါင်းသွေးနဲ့ ရေးခဲ့တာ…
မြန်မာစကားသည် ဒို့စကား..
သန်းရွှေပြောတာမုသားပါ…

ဒို့အမေကို ချစ်ပါ..
ဘုန်းဘုန်းတွေကို စောင့်ရှောက်ပါ..
တပ်နဲ့ပြည်သူ ပူးပေါင်းပါ..
နအဖကိုတိုက်ထုတ်ပါ…

မျိုးချစ်

ငါတို့ အမေ

သံဝေဂ လင်္ကာ အသစ်

ပစ်တုန်းကလဲ တဲ့တဲ့ဘဲနော့
မြတ်သောသံယာ မရှောင်ပါဘူး
မေတ္တာချည်းနှည်း မိုက်လုံးကြီး

ပစ်ပြီးတော့လဲ မရှက်ဘဲပေါ့
ကမ္ဘာ့လယ်မှာ ဝန်မခံပါဘူး
သန်းရွှေခွေးကြီး သောက်ပြောကြီး

ဒီခွေးမသား ကံအားကောင်းစဉ် ချိန်လေးတွင်မှ
သင်္ဃန်းဝတ်ရုံ သွေးလွှမ်းခြုံခဲ့
မြင်ရာသတ်ဟ ထိုဒေါသနှင့်
နအဖတွင် ခွေးစိတ်ဝင်သည်
ငရဲပင်မေ့နေလေပြီလား

မျိုးချစ်

ပြည်သူ့သဘောထား (အစစ်)

လက်နက်အားကိုး မအေရိုး
သူခိုး အဖေခေါ်သူများအား ဆန့်ကျင်ကြ…

သာသနာတော်ပြန်လည်ထွန်းကားရေးနှင့်
သံဃာတော် များ၏ အရေးကို
သတ်ဖြတ်နှိမ်နင်းသူများအား ဆန့်ကျင်ကြ…

နိုင်ငံတော်၏ ပြည်တွင်းရေးကို
ဝင်ရောက်ကူညီ ဖြေရှင်းပေးသော
ပြည်ပနိုင်ငံများအား ဆက်သွယ်ကြ…

ပြည်တွင်းပြည်ပ ဘလော့ဂါများအား
မိတ်ဆွေစစ်အဖြစ် သတ်မှတ်လက်တွဲကြ…

မျိုးချစ်

အင်တာဗျူးများ

<a href="http://www.imeem.com/people/uC-QXqr/playlist/n2cbiqQU/interviews_music_playlist/">အင်တာဗျူးများ</a>

မြန်မာစံတော်ချိန်

C-BOX မှာ Register လုပ်ရန်

C-BOX မှာ Register လုပ်ရန်

ကျွန်တော်တို့နဲ့အတူ
ဝင်ရောက်ဆွေးနွေးလိုသူများ
သင့်အမည်ရင်း အပြည့်အစုံ နဲ့
နေထိုင်ရာ မြို့ နဲ့တိုင်းပြည်ကို ပြောပါ
သင်သုံးလိုတဲ့ user name ကို ရွေးပါ
မြန်မာလိုလဲရပါတယ်
password ကို English လို ရွေးပါ
ပြီးရင် myochitmyanmar@gmail.com ကို ပို့လိုက်ပါ
ကျွန်တော် ၂၄ နာရီအတွင်း activate လုပ်ပေးမှာပါ
registered user တွေ log in လုပ်တဲ့အခါ
သင့် user name ကို အရင်ရေးထည့်လိုက်ပါ
ပြီးမှ profile ကိုနှိပ်လိုက်ပါ
ပြီးရင် password ကိုထည့်လိုက်ပါ
ဒါပါဘဲဗျာ လွယ်ပါတယ်နော်…
အားလုံးကို ကျေးဇူးအထူးတင်ပါတယ်

မျိုးချစ်

Got G-Talk!

ZawGyi Converter

Visiting from another computer?

Can't read or install Zaw Gyi?

Just copy the letters you can't read
then paste them into this box

Wala!!!  :P

Enjoy!

စကားပြောခန်း

Watch DVB (Live)

DVB ရုပ်မြင်သံကြားအစီအစဉ် ကို လေလှိုင်းပေါ်မှနှင့် တစ်ပြိုင်ထဲ ကြည့်ရှုအားပေးနိုင်ကြပါပြီ
ဒါပေမယ့် အကြောင်းအမျိုးမျိုးကြောင့် အသံဖွင့်ပြီး နားမထောင်နိုင်သူများ အတွက် အသံကို ပိတ်ထားပါတယ်
အသံပါနားဆင်ချင်သူများကတော့ Mute Button လေးကို နှိပ်ပြီး Unmute လုပ်လိုက်ယုံပါဘဲ
Full Screen နဲ့ကြည့်ချင်တဲ့သူတွေ ဒီ Screen လေးပေါ်မှာ Right Click လုပ်ပြီး Zoom ကနေ Full Screen ကိုရွေးလိုက်ပါ

Click HERE to go to direct url.

အဆင်ပြေကြမယ်လို့ထင်ပါတယ်

မျိုးချစ်

ပြန်လည်ရှာဖွေရန်

မဂ္ဂဇင်းများ

မြန်မာ့ရေးရာ သတင်းဌာနများ

အနုပညာ ကွန်ယက်များ

ဘာသာရေး စာမျက်နှာများ

ပရဟိတ အဖွဲ့အစည်းများ

နည်းပညာဆိုင်ရာများ

မိတ်ဆွေ Blogger များ

Web Dictionary

Mr. Creator ၏ ထိုးနှက်ချက်များ

ဟန်လေး ၏ ထိုးနှက်ချက်များ

မျိုးချစ်မြန်မာ ရဲ့ ဧည့်သည်ဦးရေ

ကမ္ဘာတဝှန်းမှ မိတ်ဆွေများ

ခုဘယ်သူတွေရှိနေသလဲ

သိနေတယ်လေ