ဒါရိုက်တာ မီးပွား အတွက် မျိုးချစ် မှ တုံ့ပြန်ချေပခြင်း Print
User Rating: / 7
PoorBest 
ဖြန့်ဝေခြင်း - တုံ့ပြန်ချေပခြင်း
Written by မျိုးချစ်   
Saturday, 19 September 2009 17:08

  

Hold up... hold up,

မိတ်ဆွေကြီးက မြန်မာ့ရုပ်ရှင်သမိုင်း ရိုင်းတယ် ယဉ်တယ် ပြောရအောင် ခင်ဗျားက ရုပ်ရှင်လောက မှာ ဘယ်နေရာက ပါဝင်ခဲ့ဘူးလို့လဲ

နောက်ပြီး ဦးခင်ဇော် (ခ) ဦးမီးပွားက ခင်ဗျား သိသလောက် ဘာ အတိုင်းအတာထိဘာနှိုင်ငံရေး ကိစ္စတွေမှာ ပါခဲ့ဖူးလို့လဲ

ဘာလဲ နိုင်ငံရေး အော်ကျယ် အော်ကျယ် မလုပ်ဖူးတာနဲ့ ပြည်သူတွေရဲ့ ရန်သူဖြစ်ရမှာလား

တစ်သက်လုံး အနုပညာနဲ့ လုပ်စားလာတဲ့သူတွေက နိုင်ငံရေးသမားဆိုတဲ့ သူတွေ လုပ်သမျှ လိုက်လုပ်မှ တိုင်းပြည်ကိုချစ်ရာရောက်တော့မှာလား

ဟုတ်ပါပြီ ခင်ဗျားတို့ ပြည်ပက နိုင်ငံရေးလုပ်ပါတယ်ဆိုတဲ့ သူရဲကောင်းကြီးတွေ ရန်ကုန်မြို့လယ်ခေါင် ခုသွားပြီး နအဖ --ီး ဘဲလို့ ၁နာရီ အော်ရဲတဲ့သူတောင်ရှိရဲ့လား

ဟားဟား မထင်ပါဘူးဗျာ

 

ခင်ဗျား သူ့ကားတွေရောကြည့်ဖူးရဲ့လား

ကြိုးတန်း ဆို ဘယ်လောက် Original ဖြစ်လဲ ခင်ဗျားသိရဲ့လား

ခု ဦးမီးပွား ဒီလာတာ သူ့ရဲ့ အနုပညာ မှတ်တမ်းလေး သူ စိုက်ချင်လို့

သူရိုက်ထားတဲ့ကားလေး ၂ ကား အကယ်ဒမီချိန်ထားတာ ဘာကြောင့်လဲဆိုတာ လူတွေကို သူပြချင်လို့

ဒါဘဲလေ အဲ့ဒါသူ့ကို နအဖ နဲ့ ပါတ်သက်တာတွေ လာမေး လာဗျူးတော့ သူ ဘယ်ဖြေရဲ ဘယ်ဖြေချင်မလဲ အဲ့ဒါ အပြစ်လား

သူက ဟိုမှာ လက်ရှိ အနုပညာနဲ့ လုပ်စားနေတဲ့သူလေ

ခင်ဗျားတို့ အားတိုင်း ယားတိုင်း လျှောက်မေးတိုင်း ဖြေမိလို့ သူ့ကို ကားရိုက်ခွင့် ပိတ်လိုက်ရင် ခင်ဗျားတို့ တသက်လုံး လုပ်ကျွေးမလား

လုပ်ကျွေးမယ်ဆိုလဲ အနုပညာသမားတစ်ယောက်က အဲ့လို ဘဝမျိုးကို မရွေးဘူးဗျ

ဒီတော့ ကိုယ့်ဘာသာ အခြေအနေကောင်းတဲ့ ဘဝ တစ်ခုကိုရောက်ထားတိုင်း မွန်းကျပ်နေတဲ့ မြန်မာ့အနုပညာ သမားတွေကို မစော်ကားပါနဲ့

ကိုယ်က နအဖ နဲ့ အဝေးကြီးမှာ ဆိုပြီး ဖင်မယားပါနဲ့

ခင်ဗျားသတ္တိရှိရင် ဦးမီးပွားတို့နဲ့ တူတူ ပြန်လိုက်သွားပြီး အဲဒိစကားတွေ အင်းစိန်ထောင်ထဲကနေ ရေးပေးပါ

ကျွန်တော် ဖင်ဗူးတောင်းထောင်ရှိခိုးပြီး နေ့တိုင်း တင်ပေးပါ့မယ် အေး… ပြန်တော့မလာရဲဘူး ခင်ဗျားတို့လို လူတွေနဲ့ Cellmate ဖြစ်ရမှာ ရွံ့လို့

 

မျိုးချစ်

Last Updated ( Sunday, 20 September 2009 07:06 )