Home
ထိုင်းအစိုးရရုံးကို သွေးဖြင့် ပက်ဖျန်း PDF Print E-mail
Wednesday, 17 March 2010 00:23
လွှတ်တော် ဖျက်သိမ်းပြီး ၀န်ကြီးချုပ် အဖိဆစ် ဝေ့ချာချီဝ နုတ်ထွက်ရန် တောင်းဆိုနေသည့် ဘန်ကောက်မြို့မှ အနီရောင်ဝတ် ဆန္ဒပြ သမားများက ယနေ့ ညနေ ၅ နာရီတွင် ထိုင်းအစိုးရရုံး အဆောက်အအုံ ၀င်ပေါက်ကို ၎င်းတို့၏ သွေးများဖြင့် ပက်ဖျန်းခြင်းဖြင့် ဆန္ဒပြပွဲ အရှိန်ကို မြှင့်တင်လိုက်ကြသည်။

 

 

 

 

 

 

 

 

ထိုင်းအစိုးရ ရုံးရှေ့ကို သွေးဖြင့် ပက်ဖျန်း နေကြသော အနီရောင်ဝတ် ဆန္ဒပြသူများ (ဓာတ်ပုံ - Reuters)

“ဒါက ငြိမ်းချမ်းတဲ့ တိုက်ခိုက်မှု တခုပါ။ ၀န်ကြီးချုပ် အဖိဆစ်က ကျနော်တို့ရဲ့ သွေးတွေကို နင်းပြီး အစိုးရရုံးကို ရောက်အောင် သွားရဲလား ဆိုတာ ကျနော်တို့ မြင်ချင်ပါတယ်” ဟု ရှပ်နီအဖွဲ့မှ ခေါင်းဆောင် တဦး ဖြစ်သူ Weng Tojirakarnက ဆိုသည်။

ဝန်ကြီးချုပ် နုတ်ထွက်ပေးခြင်း မရှိပါက သူ၏ ဒီမိုကရက်တစ် ပါတီ ဌာနချုပ်ရှေ့ နှင့် သူ၏ အိမ်ရှေ့သို့ သွားရောက်ပြီး သွေးဖြင့် ပက်ဖျန်း ဦးမည်ဟု  Weng Tojirakarnက ပြောသည်။

ယနေ့ နံနက် ၈ နာရီမှ စတင်ပြီး ဆန္ဒပြသူများထံမှ သွေးများကို တခါသုံး ဆေးထိုးအပ်များဖြင့် စုတ်ယူ စုဆောင်းခဲ့ခြင်း ဖြစ်သည်။ ဆန္ဒပြသူ တသိန်းကျော်ထံမှ သွေး စီစီ တသန်း (ပုလင်း ၁၀၀၀ ခန့်) ရရှိရန် မျှော်မှန်းခဲ့သော်လည်း ယနေ့ညနေပိုင်း သွေးဖြင့် ပက်ဖျန်းဆန္ဒပြချိန်အထိ သွေး စီစီ သုံးသိန်းခန့်သာ ရရှိခဲ့သည်ဟု ဘန်ကောက်ပို့စ် သတင်းစာ အင်တာနက်စာမျက်နှာတွင် ရေးသားထားသည်။

နေ့စဉ်ရက်ဆက် ဆန္ဒပြမှုများနှင့် ရင်ဆိုင်နေရသည့် ထိုင်းဝန်ကြီးချုပ် အဖိဆစ် ဝေ့ချာချီဝက အနီရောင်ဝတ် ဆန္ဒပြသူတို့၏ တောင်းဆိုချက်ကို လိုက်လျောမည် မဟုတ်ကြောင်း ယမန်နေ့က ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားလိုက်သည်။

ယနေ့တွင်လည်း ၀န်ကြီးချုပ်က ဘန်ကောက်မြို့တော်တွင် ရောက်ရှိနေသည့် အနီရောင်ဝတ် ဆန္ဒပြသူတို့ အိမ်ပြန်လိုပါက အစိုးရက စီစဉ်ပေးနိုင်ကြောင်း ပြောကြားခဲ့သည်ဟု ဘန်ကောက်ပို့စ် အင်တာနက်စာမျက်နှာတွင် ဖော်ပြထားသည်။

ဆန္ဒပြသူများသည် ထိုင်း ၀န်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ကို ထောက်ခံသူများဖြစ်သည်။ မကြာသေးမီက မစ္စတာ သက်ဆင်နှင့် ၎င်း၏ ဇနီး ပိုင်ဆိုင်သော ဘတ်ငွေ ၄၆ ဘီလီယံကို တရားရုံးချုပ်၏ အမိန့်အရ အစိုးရက သိမ်းလိုက်ပြီးနောက် အနီရောင် ၀တ်သူများ၏  ဆန္ဒပြမှုများ ပိုမို ပြင်းထန်လာသည်။

မစ္စတာ သက်ဆင် အာဏာရှိစဉ်က သူ့ကို ကန့်ကွက်သူများမှာ အ၀ါရောင်ဝတ် ဆန္ဒပြသူများဖြစ်သည်။ ၎င်းတို့က မစ္စတာ သက်ဆင် ပြုတ်ကျစေရန် ဘန်ကောက်မြို့တွင် ဆန္ဒပြပွဲကြီးများ ပြုလုပ်ခဲ့ကြဖူးသည်။

မစ္စတာ သက်ဆင် နှင့် ၎င်းကို ထောက်ခံသည့် မစ္စတာ စမတ်၊ မစ္စတာ ဆုမ်ချိုင်း စသည့် ၀န်ကြီးချုပ် သုံးယောက် အာဏာ လက်လွှတ်သွားပြီးနောက် လက်ရှိ ၀န်ကြီးချုပ် အဖိဆစ် ဝေ့ချာချီဝ အာဏာရလာခြင်း ဖြစ်သည်။

လက်ရှိ ၀န်ကြီးချုပ်သည် အာဏာရလာချိန်မှစ၍ အနီရောင်ဝတ် ဆန္ဒပြသူတို့ ပြင်းထန်စွာ ဆန့်ကျင်ကန့်ကွက်မှုကို ရင်ဆိုင်ခဲ့ရသည်။

ထိုင်းအစိုးရက ဤဆန္ဒပြပွဲတွင် ထိုင်းနိုင်ငံသားများကိုသာ ခွင့်ပြုထားသည်။ အနီရောင်ဝတ် ဆန္ဒပြသူများ ကြားတွင် မြန်မာ၊ ကမ္ဘောဒီးယား၊ လာအိုနိုင်ငံတို့မှ အလုပ်သမားများကို စစ်ဆေး တွေ့ရှိပါက ထောင်ဒဏ် ၅ နှစ်နှင့် အလုပ်ရှင်အား ဘတ်ငွေ တသိန်း (ကျပ် သိန်း ၃၀ ဝန်းကျင်) ပြစ်ဒဏ် ချမှတ်မည် ဖြစ်ကြောင်း အစိုးရက ကြေညာထားသည်။

အလုပ်သမားများကို နေ့တွက်စရိတ် ပေးပြီး ဆန္ဒပြရန် စေခိုင်းမှုများ မပေါ်ပေါက်စေရေးအတွက် ထိုသို့ တားမြစ်ခြင်း ဖြစ်သည်ဟု သိရသည်။
 
Nagoya, Japan မှ လူ့ အခွင့်အရေးနေ့ PDF Print E-mail
Tuesday, 16 March 2010 03:46

Click to play this Smilebox slideshow:

ဂျပန်နိုင်ငံ(နာဂိုယာ)မြို့ ရှိမြန်မာ့ဒီမိုကရေစီအရေးလှုပ်ရှားသူများမှလူ့ အခွင့်အရေးနေ့ အထိမ်းအမှတ်အဖြစ် (၁၄.၀၃.၂၀၁၀)နေ့ တွင်ဂျပန်နိုင်ငံ(နာဂိုယာ)မြို့ ၌ဒေါ်အောင်ဆန်စုကြည်နှင့်နိုင်ငံရေးအကျဉ်းသားများလွတ် မြောက်ရေးအတွက် Sign Campaign အားပြုလုပ်ခဲ့ရာဂျပန်လူမျိုးများကပါတက်ကြွစွာပါဝင်ဆင်နွဲခဲ့ကြပါသည်။

မှတ်ချက်..(လက်မှတ်ရေးထိုးရရှိထားသည်များကိုဂျပန်အစိုးရနှင့်(U.N)သို့ ဆက်လက်ပေးပို့ မည်ဖြစ်ပါသည်..)

 
နအဖ ရထားကြီး PDF Print E-mail
Tuesday, 16 March 2010 03:44

မီးရထား စက်ခေါင်း (နအဖ) နှင့် ရထားတွဲများ(ပြည်သူ)

 
ယနေ့ မြန်မာနိုင်ငံ တွင် မီးရထား စက်ခေါင်း(နအဖ) မှ ရထားတွဲများ(ပြည်သူ) တွေကို တင်ဆောင်၍ ခရီးတခုကို သွားနေချိန် ဖြစ်ပါတယ်. လောလော ဆယ် အရတော့ ခရီးသွား များကြိုက်သည် ဖြစ်စေ မကြိုက်သည် ဖြစ်စေ ရထားစက်ခေါင်း မှ ခေါ်ဆောင်ရာသို့ လိုက်ပါနေသော အချိန်ဖြစ်သည်..ရထားတွဲ များတွင်လဲ အထူးတန်းတွဲ, ရိုးရိုးတန်းတွဲ များအပြင် ကုန်စည်တွဲ များလည်းပါဝင် ပေသည်...ထိုရထားကြီး ခရီးဆက် နေသည်မှာ နှစ် ၂၀ ကြာခဲ့ ပြီဖြစ်သည်..သို့သော်လည်း ရည်မှန်းရာ ခရီးပန်းတိုင် သို့ ရောက်ရှိခြင်းကား မရှိသေးပေ...
ထို ရထားကြီး ပေါ်တွင် ခရီးသွားသူ အမျိုးမျိုး ရှိကြရာ အထူးတန်း၌ လိုက်ပါသော ခရီးသည် များကတော့ အခွင့်ထူး ခံလူတန်းစား ဖြစ်ကြပြီး ဇိမ်နှင့် နေနိုင်စားနိုင် ကြသူများ ဖြစ်ကြပြီး ရိုးရိုးတန်း၌ လိုက်ပါသူ များ အဘို့ကတော့ ကျပ်ကျပ်တည်းတည်း ဖြင့်သာ ဒုက္ခခံ၍ လိုက်ပါနေကြရသည်...
ဤသို့သော အချိန်တွင် ရထားနှင့် အတူ ခရီးမသွား သောသူများလဲ ရှိကြသည်..ထိုသူများ သည်ရထားကြီး ကိုစောင့်ကြည့်ရင်း ဖြင့် ရထားကြီးကတော့ ဖြင့်ခရီးဆုံး ရောက်ခါနီးပြီ  တချို့ကလဲ ဒီရထားကြီး ကတော့ ဘယ်တော့မှ ခရီးဆုံးမှာ မဟုတ်ဘူး စသည်ဖြင့် ကိုယ်သန်ရာ သန်ရာအမျိုးအမျိုး သောထင်ကြေးများ ပေးတတ်ကြ၏..
သို့ဖြစ်ရာတွင် ရထားနှင့် အတူ လိုက်သည်ဖြစ်စေ အတူမလိုက်သည် ဖြစ်စေ ဤရထားကြီး ခရီးဆက်နေ ခြင်းကို နှစ်သက်လျှင် တော့ လက်ပိုက်ပြီး ကြည့်နေရုံသာ ရှိ၏. အကယ်၍ မနှစ်သက် မှုများရှိခဲ့ သော်မည်သို့ လုပ်ရမည်နည်း....
အဖြေကား ရှင်းပါသည်  မကြိုက် နှစ်သက် ခဲ့သည်ရှိသော် ရထားပေါ် တွင်ရှိသော ခရီးသည် များကို ဝေဖန် နေမည့် အစား ဤရထားကို ရပ်သွားအောင် ပြုရမည်သာ ဖြစ်ပေသည်..ဆက်မသွား ချင်သူများ အနေဖြင့် လဲ မိမိတို့ စီးနေသော တွဲကို ဖြုတ်ထား ခြင်းဖြင့် လဲ ဤရထား ကိုရပ်သွား အောင်ပြုလုပ် ၍မရနိုင်ပါ...တခုတည်း သောနည်းလမ်းမှာ အဓိက ကြသော ရထားစက် ခေါင်းကို ရပ်အောင်လုပ် နိုင်မှသာ လျှင် ဤရထားကြီး မလွဲမသေ ရပ်သွားမည် ဆိုတာကို အားလုံး သိထားရန် လိုပါသည်...
အထက်က ပြောခဲ့ သောအကြောင်းအရာ များသည် လက်ရှိဖြစ် ပေါ်နေသော မြန်မာပြည် အကြောင်းကို ဥပမာပေး တင်စား ထားခြင်းသာ ဖြစ်ပေသည်...
မြန်မာပြည် တွင်ဖြစ်ပေါ် နေသော အကြောင်းတရား များနှင့် ပတ်သက်၍ လူအများ သည်အတွေးများ ချော်၍ မည်သူက ဘယ်လိုချမ်းသာ နေပြီ, မည်သူက ဖြင့်နအဖ နှင့်လက်တွဲ နေပြီ, ဘယ်ဗိုလ်ချုပ် ကဖြင့် စီးပွါးရေး ကောင်းနေပြီ, မည်သူကတော့ ဖြင့် ရွေးကောက်ပွဲ ဝင်တော့မည် အစရှိ သဖြင့် အတွေးချော် ကာ ဒွေးတော် လွမ်းတဲ့ ဇတ်လမ်းများ ပြည်နှက်နေသည်...ဖြစ်သင့်သည်က အဓိက ကြသော ရထားစက်ခေါင်း(နအဖ) ကို ရပ်သွားရေး ဆိုသော တနည်းတည်း သောလမ်းကိုသာ အာရုံစိုက် ၍အားလုံး ပူးပေါင်း ဆောင်ရွက် ကြမည်ဆို လျှင် အချိန်မနှောင်းသေးပါ.....ဒါမှမဟုတ် လျှင်တော့ ရထားကြီး ခရီးဆုံး(ရွေးကောက်ပွဲပြီးသွားလျှင်) ရောက်သွား လျှင်တော့ အထက်က ပြောခဲ့သည့် အတိုင်း ကြိုက်သည် ဖြစ်စေ မကြိုက်သည် ဖြစ်စေ လက်ပိုက်ပြီး သာကြည့် နေရတော့ မှာ ဖြစ်ပါကြောင်း....

 

ရာဇာ 

 
ရန်ကုန်မြို့လယ်တွင် တိုက်ပြိုကျ၊ မိန်းကလေးတစ်ဦး သေဆုံး | ဧရာဝတီ PDF Print E-mail
Tuesday, 16 March 2010 03:16
ရန်ကုန်မြို့လယ်ရှိ သက်တမ်းရင့် သုံးထပ်တိုက် တလုံး ယမန်နေ့ ညနေပိုင်းက နှစ်ကြိမ် ပြိုကျခဲ့မှုကြောင့် အမျိုးသမီးငယ် ၁ ဦး သေဆုံးပြီး လူ ၉ ဦးခန့် ဒဏ်ရာ ရသွားကြောင်း သတင်း ရရှိသည်။

 

 

 

 

 

 

 

 

ပြိုကျသွားသည့် ကိုလိုနီခေတ်လက်ရာ အဆောက်အအုံနေရာတွင် ကယ်ဆယ်ရေးလုပ်ငန်း လုပ်ကိုင်နေသူများ (ဓာတ်ပုံ - ဧရာဝတီ)

ညနေ ၄ နာရီက ပြိုကျခဲ့သည့် ပန်းဘဲတန်း မြို့နယ် လမ်း ၃၀ (အောက်ဘလောက်) ရှိ ထို အဆောက် အအုံ အပျက်အစီးများ အောက်တွင် ပိတ်မိနေသော အသက် ၁၅ နှစ်အရွယ် မမျိုးပပဇော်သည် သူနှင့်အတူ ရှိနေသည့် လက်ကိုင်ဖုန်းဖြင့် ပြင်ပသို့ ဆက်သွယ် ခဲ့ကြောင်း သိရသည်။

“ကလေးက ဖုန်းနဲ့ သူ့အဖေကို လှမ်းခေါ်ပြီး ကယ်ဖို့ အကြောင်း ကြားတယ်။ ကယ်ဖို့၊ ကြိုးစားဖို့ လုပ်ရင်းနဲ့ အပေါ်ကနေ သံချောင်းတွေ၊ မှန်တွေနဲ့ အုတ်ကျိုး အုတ်ပဲ့တွေ ထပ်ပြီး ပြိုကျလာလို့ လူတွေ ထပ်ထိ ကုန်တယ်” ဟု ၂၉ လမ်းတွင် နေထိုင်သူ တဦးက ဧရာဝတီကို ပြောသည်။

ကယ်ဆယ်ရေးလုပ်ငန်း လုပ်ကိုင်သူများက ပစ္စည်းကိရိယာ မပါဘဲ အပျက်အစီးများကို လက်ဖြင့် ၂ နာရီကျော်ကြာ ရှင်းလင်း ဖယ်ရှားခဲ့သည်။ ည၇ နာရီ ၁၅ မိနစ်တွင် ပြိုကျမှု ထပ်မံ ဖြစ်ပွားခဲ့သည်။


နောက်ပိုင်းတွင် ၀န်ချီစက်ကြီးများ ရောက်လာပြီး အပျက်အစီးများကို ဖယ်ရှားကာ ကယ်ဆယ်ရေး လုပ်ငန်းများ ဆက်လက် ဆောင်ရွက်ခဲ့ရာ ည ၉ နာရီ ၈ မိနစ်တွင် ကွယ်လွန်သူ မမျိုးပပဇော်ကို တွေ့ရှိခဲ့သည်။

ပြိုကျသွားသည့် ထို သုံးထပ်တိုက်မှာ နှစ်ပေါင်း ၇၀ ကျော် သက်တမ်း ရှိနေပြီး စည်ပင်သာယာရေး ကော်မတီက အန္တရာယ်ရှိ အဆောက်အအုံ အဖြစ် သတ်မှတ်ထားကြောင်း၊ မတ်လ ၂ ရက် နေ့တွင် ထိုအဆောက်အအုံ ဖျက်သိမ်းရန် အမိန့်စာ ကပ်ထားခဲ့သော်လည်း မိသားစုများက ပြောင်းရွှေ့ခြင်း မပြုခဲ့ကြောင်း မြို့တော်စည်ပင် အရာရှိများထံမှ သိရသည်။

ထိုအဆောက်အအုံသည် မြန်မာ့ အာမခံ လုပ်ငန်းရုံး ရှေ့တွင် တည်ရှိပြီး အောက်ဆုံးထပ်တွင် လက်ဘက်ရည်ဆိုင်၊ ပထမထပ်တွင် မန္တလေးအသင်းတိုက်၊ ရတနာပုံ အနုပညာပြခန်းတို့ ရှိသည်။ တိုက်ပြိုကျချိန်သည် တနင်္ဂနွေနေ့ လုပ်ငန်းများ ပိတ်ရက်ဖြစ်ပြီး လူအသွားအလာ နည်းပါးသည်ဟု ဒေသခံများက ပြောသည်။

 

 

 

 

 

 

 

 

ကယ်ဆယ်ရေးလုပ်ငန်း လုပ်ကိုင်သူများထဲတွင် မီးသတ် တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီအဖွဲ့ဝင်များ၊ ဒေသခံများ ပါဝင်သည် (ဓာတ်ပုံ - ဧရာဝတီ)

အန္တရာယ် ရှိသည်ဟု သတ်မှတ် ထားသည့် ထိုအဆောက် အအုံ ရုတ်တရက် ပြိုကျ သွားခြင်းမှာ မော်တော် ယာဉ်များ ဖြတ်သန်း မောင်းနှင် ရာမှ ပေါ်ထွက် လာသော တုန်ခါမှု များကြောင့် ဖြစ်ဖွယ် ရှိသည်ဟု ဒေသခံများက ခန့်မှန်း ကြသည်။

ရန်ကုန်တွင် မကြာသေးမီ နှစ်များ အတွင်း ဆောက်လုပ် ခဲ့သည့် အထပ် မြင့်တိုက် အများ အပြားသည် ငလျင် လှုပ်သည့်အခါ ပြိုကျနိုင်ဖွယ် ရှိကြောင်း ဆောက်လုပ်ရေး ၀န်ကြီးဌာနတွင် တာဝန် ထမ်းဆောင် ခဲ့သည့် အင်ဂျင်နီယာ တဦးက ပြောသည်။

“တိုက်ဆောက်ရင် အရည်အသွေး စစ်ဆေးတဲ့ အပိုင်းကို အစိုးရက ဖိဖိစီးစီး မလုပ်နိုင်ဘူး။ ကန်ထရိုက် တွေကလည်း အရည် အသွေးပိုင်း စစ်ဆေးတဲ့ စည်ပင် အရာရှိတွေကို လာဘ်ထိုးပြီး စိတ်ကြိုက် ကုန်ကျစရိတ် လျှော့ဆောက်တာ ဖြစ်တဲ့ အတွက် အရမ်းကို အန္တရာယ် ကြီးပါတယ်” ဟု သူက ရှင်းပြသည်။

အသုံးပြုသော ဘိလပ်မြေ၊ သံချောင်းများမှာ သတ်မှတ်ထားသည့် စံ၊ အရည်အသွေး မရှိသောကြောင့် အန္တရာယ်ကြီးသည့် အဆောက်အအုံများဖြစ်သည်ဟု ထိုအင်ဂျင်နီယာက ပြောသည်။

 
ကျွန်ုပ်နှင့် ကလေးလေးတို့ သားအမိ PDF Print E-mail
Monday, 15 March 2010 10:34

အမှာစကား ။ ။ ကျွန်တော့်ရဲ့ ခပ်ကြောင်ကြောင် မူအရ Personal ဆန်တဲ့စာတွေတင်ပေးလေ့မရှိပါဘူး ဘာရယ်တော့ မဟုတ်ပါဘူး ကျွန်တော်ကနဲနဲဂေါက်တယ်လေ သိတယ် မဟုတ်လား :P
ဒါပေမယ့် ဒီစာလေးဖတ်ပြီးတော့ သူငယ်ချင်း နှစ်ယောက်ရဲ့ မေတ္တာတရားကို ခံစားလိုက်ရတယ် ဒါကြောင့်တင်ပေးလိုက်ပါတယ်
ကာယကံရှင်တွေကိုလဲ အသိမပေးတော့ပါဘူး သူတို့ က ကျွန်တော့်ဘော်ဘော်တွေဘဲဟာ မကျေနပ်လဲ ငြိမ်ခံပေါ့ အဲ့လို အနိုင်ကျင့်နေကြဘဲဟာ... ခစ်ခစ် :P

မျိုးချစ်

 

" ကျွန်ုပ်နှင့် ကလေးလေးတို့ သားအမိ "

 

“ဦးနော်... ဦးနော်..”

“ဟေ... ဟဲ့.. ဟဲ့.. ဘယ်သူလဲ..”
မျက်မှန်ထူထူပေါ် ဖြာကျနေသော နေရောင်အား လက်တစ်ဖက်ဖြင့် အုပ်ကာရင်း အသေအချာ ကြည့်သည်အထိ မည်သူ၊ မည်ဝါ မသဲကွဲသေး။ ဝိုးတဝါးမြင်နေရသည်မှာ မိန်းမငယ်တစ်ယောက်နှင့် အမယ်အိုတစ်ယောက်။
 
“ဦးနော်.. သမီးလေ.. ကလေးလေး လေ..”
ကျွန်ုပ် အံ့သြဝမ်းသာဖြစ်လွန်း၍ တုတ်ကောက်ကို အားပြုရင်း ထိုင်ခုံမှ ထရပ်လိုက်သည်။
“ဟေ.. ကလေးလေး.. ဟား... သမီးကလေးလေး.. ဘယ်ကဘယ်လို ရောက်လာတာလဲ.. သမီးမေမေခင်ရော..”
အနီးနား လက်တစ်ကမ်းရောက်သည်အထိ ငယ်ရုပ်ဖော်မရလောက်အောင် ကလေးလေးမှာ အပျိုကြီးဖားဖားဖြစ်နေပြီ။
 
“ဦးနော်.. ဒီမှာလေ မေမေခင်..”
ကျွန်ုပ် မျက်မှန်ကို အသာပင့်ကာ မျက်စေ့ကို ပွတ်ရင်း အသေအချာကြည့်မိပြန်သည်။
 
“အလိုလေ.. ခင်လေးငယ်..!!!!”
 
ကျွန်ုပ် မယုံကြည်နိုင်လောက်အောင် အံ့သြသွားရတော့သည်။ ကလေးလေးနှင့် အတူပါလာသော အမယ်အိုကြီး ဆိုသူမှာ အခြားသူမဟုတ် ကျွန်ုပ်၏ ငယ်ပေါင်း ဘော်ဒါကြီး ခင်လေးငယ် ဖြစ်လို့နေသည်။ ဒင်းခမျာ သက်တူရွယ်တူ ကျွန်ုပ်ထက်ပင် များစွာ အိုမင်းရင့်ရော်နေလေပြီ။ ခါးလည်း အတော်ကိုင်း၍ နားလည်း အတော်ထိုင်းပုံပေါက်နေပြီ။ ပါးရည်များ တွန့်လိပ်၍ အသားမှာ မွဲခြောက်ခြောက် ဖြစ်နေပြီ။ ပါးရိုးများ ငေါထွက်၍ မေးစေ့လည်း ချွန်ထွက်နေလေပြီ။ သွားများကျိုးနေသည်မှာလည်း ကျိုးတိုးကျဲတဲနှင့် တောင်တစ်ချောင်း၊ မြောက်တစ်ချောင်း ဖြစ်လို့နေလေပြီ။ သွားများ မရှိတော့သောကြောင့် ပါးနှစ်ဘက်ချိုင့်ဝင်၍ နှုတ်ခမ်းလည်း အတွင်းသို့ လိပ်ဝင်နေလေပြီ။ လည်ပင်းလည်း အနည်းငယ်တိုသွားသည်ဟု ထင်ရလောက်အောင် ပုခုံးနှစ်ဘက်ကြား ပုဝင်နေလေပြီ။ “အော်... ဇရာ.. ဇရာ ခင်လေးငယ် အိုစာသွားလိုက်ပုံများ ငယ်ကလို ပြည့်ဖောင်းဖောင်းမဟုတ် လေလျော့သွားသည့် ပူစီဖေါင်းနှယ်....” (ဆက်ဖတ်ရန်)
 
" ဘာလဲဟဲ့ ... လူ့ငရဲ " PDF Print E-mail
Sunday, 14 March 2010 06:33
20100312 U Win Tin Man Made Hell
 
NLD ပါတီဝင်များ စဉ်းစားရမည့် အဓိကအချက် PDF Print E-mail
Monday, 15 March 2010 10:32
နအဖရဲ့ ဥပဒေအမှတ် ၂ /၂၀၁၀ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ ထွက်လို့လာပါပြီ၊ ဒီဥပဒေ ထဲမှာ  ကန့်သတ်ချက်တွေကအများကြီး ကျွန်တော်တို့ NLD ပါတီကို အကြပ်အတည်းဖြစ်စေအောင် ရေးဆွဲ ထားတယ်ဆိုတာ သံသယဖြစ်စရာ မလိုပါဘူး၊ နိုင်ငံရေးပါတီထောင်လိုသူအတွက် ကိုက်ညီရမည့်အချက်ထဲ မှာ ထောင်ဒဏ်ကျခံသူ မဖြစ်စေရဆိုပြီး ပါလာတယ်၊ ကျွန်တော်တို့ NLD မှာ ဒေါ်အောင်ဆန်းစုကြည်ဟာ အထွေထွေအတွင်းရေးမှူးပါ၊ ဒီပါတီကို စတင်ထူထောင်ပြီး စဖွဲ့စည်းကတည်းက ဒေါ်အောင်ဆန်းစုကြည် ဖွဲ့စည်းခဲ့တာပါ။ မတရားချုပ်နှောင်ခံထားရတဲ့ ကာလမှာ CEC အဖွဲ့ ဖွဲ့ထားတာ၊ ပါတီပြိုလဲမသွားအောင် ထိန်းထားတဲ့ သဘောပဲထားပြီး၊ ကျန်တာ ဒေါ်စုကြည် ဆုံးဖြတ်ချက်နဲ့ လုပ်ခဲ့တာဆိုတော့ ဒေါ်စုကြည် မပါ အောင် လုပ်လိုက်တယ်ဆိုတာ သိသာပါတယ်။ စောင့်ထိန်းလိုက်နာရမဲ့အချက်တွေထဲမှာ နိုင်ငံခြားတိုင်းပြည် တစ်ခုခုရဲ့ အစိုးရ/ ဘာသာရေးအဖွဲ့ / အခြားအဖွဲ့အစည်းတစ်ခုခုမှ ငွေကြေး၊ပစ္စည်း၊ အခြား အထောက်အပံ့ ကို တိုက်ရိုက်/သွယ်ဝိုက်ရယူသုံးစွဲခြင်း မပြုရဆိုပြီး ပါလာတယ်။ ဒါဆိုရင် ကျွန်တော်တို့ NLD က နာဂစ်မုန်တိုင်း ကယ်ဆယ်ရေးအတွက်နဲ့ လူမှုရေးလုပ်ငန်းတွေဆောင်ရွက်ဖို့ ၊ ပြည်ပအဖွဲ့အစည်းတွေက ပံ့ပိုးကူနေတာကိုပါ အကြောင်းရှာလာတဲ့သဘောမျိုး ဖြစ်နေတယ်။ ယခုပါတီထောင်ဖို့ ပြင်ဆင်ကြိုးစား တဲ့အဖွဲ့အစည်း၊ တရားဝင်မှတ်ပုံတင်မထားပေမဲ့ ထောင်ထားပြီးတဲ့ ပါတီအဖွဲ့အစည်းတွေဟာ အထောက်အပံ့ မရှိပဲ ဘယ်လိုရပ်တည်မလဲဆိုတာ သိရက်နဲ့ ၊ ပါတီထောင်လို့မရအောင် လုပ်ထားတယ်။ နအဖ ကျောထောက်နောက်ခံပြုထားတဲ့ ပါတီအချို့၊ ရွေးကောက်ပွဲဝင်ဖို့ ပါတီထောင်ရင် ဘယ်အထောက်အပံ့နှင့် ရပ်တည်မလဲဆိုတာ စောင့်ကြည့်ရသေးတာပေါ့။ ဒေါ်စုကြည်က ထောင်ဒဏ်ကျခံနေရလို့ ပါတီထောင်လို့ မရ ဘူး။ ရွေးကောက်ပွဲ ၀င်လို့ မရဘူးဆိုရင် ကျွန်တော်တို့ ကြိုးစားခဲ့၊ ရင်နှီးပေးဆပ်ခဲ့ရတာတွေ ရေစုန်မျှောလိုက်ရတော့မှာလား၊ တခြားနာမည်ပြောင်းပြီး ပါတီထောင်ရမလား၊ ဒါမှမဟုတ် ရွှေဂုံတိုင် ကြေညာချက်ကြီးကိုင်စွဲပြီး ရွေးကောက်ပွဲမ၀င်ဘဲ၊ ၀င်လိုတဲ့လူတွေ၊ တခြားပါတီနဲ့  မဟာမိတ်ဖွဲ့ပြီး ၀င်အရွေး ခံရတော့မှာလား၊ မတရားတာကို လက်ပိုက်ကြည့်နေရမှာလား။

 

မောင်ရေချမ်း (NLD အဖွဲ့ဝင်ဟောင်း) 

 
မြန်မာ သတင်းဂျာနယ် (Mar, 2010) PDF Print E-mail
Monday, 15 March 2010 09:24
20100314 BNJ
 
မေမေ... သားရှာနေတာကြာလှပြီ PDF Print E-mail
Monday, 15 March 2010 09:15

(၁၉၉၄)ခုနှစ် ဖေဖော်ဝါရီလ ဂျာမဏီနိုင်ငံမြောက်ပိုင်းမှာရှိတဲ့ Koblenzမြို့လေးက ရေခဲတွေနဲ့ ဖုံးလွှမ်းထားဆဲဖြစ်တယ်။ မြို့လေးမှာရှိတဲ့ မိဘမဲ့ကျောင်းက Rhineမြစ်ဘေးမှာ တည်ရှိတာကြောင့် မြင့်မားတဲ့ကျောင်းဆောင်ကို အဝေးကနေ ထီးထီးလှမ်းမြင်နေရတယ်။

အဲဒီနေ့မနက်က အသက်(၅ဝ)ရှိပြီဖြစ်တဲ့ စစ္စတာထရီယာတစ်ယောက် ကိစ္စတစ်ခုနဲ့ အပြင်ထွက်ဖို့စီစဉ်ခဲ့တယ်။ ကျောင်းတံခါးဝအရောက်မှာ ရုတ်တရက်ကလေးငိုသံကို သူကြားလိုက်မိတယ်။ အသံကြားရာဖက်ကို သူလှည့်ကြည့်တော့ တံခါးဝနဲ့မလှမ်းမကမ်း ခြုံပုတ်တစ်ခုမှာ ရွှေရောင်ဆံပင်နဲ့ ကလေးငယ်တစ်ယောက်ကို တွေ့လိုက်တယ်။ စစ္စတာက ကလေးကို ကျောင်းထဲခေါ်ယူမွေးစားပြီး Derbyလို့ အမည်ပေးခဲ့တယ်။

(၇)နှစ်ဆိုတဲ့အချိန်က မျက်စိတစ်မှိတ်အတွင်းမှာ ဖြတ်သန်းခဲ့တယ်။ Derbyတစ်ယောက် မိဘမဲ့ကျောင်းကနေ ကျန်းကျန်းမာမာ ကြီးပြင်းလာခဲ့တယ်။ Derbyဟာ စိတ်သဘောထားကောင်းပေမယ့် စိတ်ကျ နွမ်းလျတတ်တဲ့အကျင့်ရှိတယ်။

နေသာတဲ့နေ့တွေမှာ စစ္စတာတွေက ကလေးတွေခေါ်ပြီး တောအုပ်အလွန် မြစ်ဘေးကမြက်ခင်းပြင်ဆီ သွားရောက် ဆော့ကစားတတ်ကြတယ်။ တောအုပ်မနီးမဝေးမှာရှိတဲ့ ရွာလူတွေက မိဘမဲ့ကလေးတွေကို လက်ညှိုးထိုးပြီး သူတို့ကလေးကို "အဲဒီကလေးတွေက မိဘအစွန့်ပစ်ခံထားရတဲ့ ကလေးတွေ... နင်တို့လည်း မလိမ္မာရင် မိဘမဲ့ကျောင်းကို ပို့ပစ်မယ်" လို့ ပြောတတ်ကြတယ်။

အဲဒီလိုစကားကြားတိုင်း Derby အရမ်းဝမ်းနည်းမိတယ်။ စိတ်ထိခိုက်လွန်းပြီး စစ္စတာကို "စစ္စတာ... ကျွန်တော့်မိဘတွေက ဘာဖြစ်လို့ ကျွန်တော့်ကို မလိုချင်တာလဲ? ကျွန်တော်ကို သူတို့မချစ်လို့လား?"လို့ မေးတယ်။ ဒယ်ဘီရဲ့အသံထဲမှာ သူ့အသက်နဲ့မလိုက်တဲ့ ရှုပ်ထွေးမှုတွေပါနေခဲ့တယ်။ သူ့အမေးကို စစ္စတာက တအံ့တသြနဲ့ "ဘာဖြစ်လို့ ဒီလိုတွေးရသလဲ?"လို့ဆိုတယ်။

"ကျွန်တော်တို့က မိဘတွေစွန့်ပစ်ထားတဲ့ ကလေးတွေလို့ လူတွေပြောကြတယ်" ဝမ်းနည်းကြေကွဲတဲ့အသံနဲ့ ဒယ်ဘီဆိုတယ်။

"သားရဲ့မေမေကို စစ္စတာမတွေ့ဖူးပေမယ့် သားကို သူချစ်တယ်ဆိုတာ စစ္စတာယုံတယ်။ လောကကြီးမှာ ကိုယ့်သားသမီးကို မချစ်တဲ့မိခင်ဆိုတာ မရှိဘူး။ သားမေမေ သားကိုစွန့်ပစ်ခဲ့ရတာက သူ့မှာအခက်အခဲရှိလို့၊ အကူအညီမဲ့ခဲ့လို့ဖြစ်မယ်"

စစ္စတာရဲ့နှစ်သိမ့်စကားကို ဒယ်ဘီဘာမှပြန်မပြောခဲ့တော့ဘူး။ အဲဒီကစ ဒယ်ဘီ ပိုကြီးပြင်းခဲ့တယ်လို ထင်ရတယ်။ သူဟာ ပြတင်းပေါက်မှာ အမြဲရပ်နေပြီး Rhineမြစ်ဘက်ကို ငေးမောကြည့်နေတတ်တယ်။ အမေကိုလွမ်းဆွတ်တဲ့ ဒယ်ဘီရဲ့အလွမ်းတွေက မြစ်ရေတွေနဲ့အတူ စီးမျောသွားခဲ့တယ်။

(၂ဝဝ၃)ခုနှစ် မိခင်များနေ့ .... မိခင်များနေ့ရဲ့ နွေးထွေးကြည်နူးစရာမြင်ကွင်းတွေက အမေကို ပိုမျှော်လင့်တောင့်တစေအောင် ဒယ်ဘီရဲ့စိတ်ကို ထိုးဆွခဲ့တယ်။ တီဗီလိုင်းတိုင်းမှာ မိခင်များနေ့ကို ဂုဏ်ပြုတဲ့အစီအစဉ်တွေ ထုတ်လွှင့်ခဲ့တယ်။ အစီအစဉ်မှာ အမေအတွက် သားသမီးတွေရဲ့ တုန့်ပြန်မှုကို ဖော်ညွှန်းပြသခဲ့တယ်။ (၆)နှစ်အရွယ် ကလေးတစ်ယောက်က ချွေးတလုံးလုံးနဲ့ အမေကိုမြက်ရိတ်ကူခဲ့တယ်။ အမေက ဘေးကနေပြီး သားကို မျက်ရည်အဝဲသားနဲ့ ကြည့်နေခဲ့တဲ့ ရိုက်ကွက်တွေဖြစ်တယ်။ ဒါကို ဒယ်ဘီကြည့်ပြီး "ကျွန်တော်လည်း မိဘတွေကို ကူညီချင်လိုက်တာ သူတို့ဘယ်မှာလဲ?" လို့ စစ္စတာကိုမေးခဲ့တယ်။

ဒယ်ဘီရဲ့အမေးကို စစ္စတာပြန်မဖြေနိုင်ခဲ့ဘူး။ နှစ်တွေကြာခဲ့သည့်တိုင် ဒယ်ဘီမိဘရဲ့သတင်းအစအန ဘာမှမရခဲ့ဘူး။ ဝမ်းနည်းအားငယ်စိတ်နဲ့ လမ်းမပေါ် ဒယ်ဘီပြေးထွက်ခဲ့မိတယ်။ လမ်းမပေါ်မှာ အမေတွေကအများကြီး ဒါပေမယ့် ဒယ်ဘီအတွက် အမေတစ်ယောက်တောင် မပါခဲ့ပါဘူး။ လမ်းသွားလမ်းလာတွေကို ကြည့်ပြီး ဒယ်ဘီ ချုံးပွဲချငိုခဲ့မိတယ်။

လအတန်ငယ်အကြာမှာ အသက်(၉)နှစ်ရှိပြီဖြစ်တဲ့ ဒယ်ဘီတစ်ယောက် မိဘမဲ့ကျောင်းကခွါပြီး ကျောင်းနဲ့မနီးမဝေးက မူလတန်းကျောင်းမှာ ကျောင်းသွားတက်ခဲ့တယ်။ တစ်ခါက အတန်းချိန်တစ်ချိန်မှာ ဆရာမက သူတို့ကို ပုံပြင်တစ်ပုဒ်ပြောပြခဲ့တယ်။ (ဆက်ဖတ်ရန်)

 
Fort Wayne မှ ကိုဖုန်းမော်နေ့ အခမ်းအနား နှင့် ကြွေးကြော်သံများ PDF Print E-mail
Monday, 15 March 2010 09:13
20100313 FW 20100313 slogen
 
ယနေ့ မြန်မာ့ရေးရာ သတင်းများ (Mar 14th, 2010) PDF Print E-mail
Monday, 15 March 2010 08:53
20100314yyn
 
(၂၂) နှစ်မြောက် လူ့အခွင့်အရေးနေ့ (New York) PDF Print E-mail
Monday, 15 March 2010 08:41

(၂၂) ကြိမ်မြောက် လူ့အခွင့်အရေးနေ့ နှင့် ကိုဖုန်းမော် ကျဆုံးခြင်း အမှတ်တရ အခမ်းအနားကို March 13th နေ့လည် ၁ နာရီ မှ ၂ နာရီ အထိ New York မြို့မှ မျိုးချစ်မြန်မာ များက သည်းထန်နေတဲ့ မိုးထဲလေထဲမှာ ကျင်းပခဲ့ပါတယ်။

အခက်အခဲများစွာကြားထဲက ရောက်အောင် ကြွရောက်လာကြတဲ့ မိတ်ဆွေများ အား မျိုးချစ်မြန်မာ မှ များစွာကျေးဇူးတင်ကြောင်း မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါတယ်။ ။

 

မျိုးချစ်

Please click on photo to ENLARGE!

သတင်းဓါတ်ပုံ - ကိုမျိုး

 
လွတ်မြောက်နယ်မြေတနေရာ၌ (၂၂) နှစ်မြောက် ဖုန်းမော်နေ့ အခမ်း အနား ကျင်းပ PDF Print E-mail
Monday, 15 March 2010 02:06

မတ်လ (၁၃) ရက် စနေနေ့တွင် လွတ်မြောက်နယ်မြေတနေရာ၌ (၂၂) နှစ်မြောက် ဖုန်းမော်နေ့ အခမ်း အနား ကျင်းပသည်။ အခမ်းအနားတွင် နံနက် (၁၀) နာရီမှ (၁၁) နာရီအထိ ကွယ်လွန်သူ ရဲဘော်ဖုန်းမော်နှင့် တကွ ဒီမိုကရေစီတိုက်ပွဲအတွင်း ကျဆုံးခဲ့ကြသူများအတွက် ရေစက်ချတရားနာသည်။ နံနက် (၁၁) နာရီမှ (၁၂) နာရီအထိ ဖုန်းမော်နေ့ ဖြစ်မြောက်ရေးကော်မတီက အခမ်းအနား တက်ရောက်လာသူများကို အကျွေးအ မွေးဖြင့် တည်ခင်းဧည့်ခံသည်။ ထို့နောက် နေ့လည် (၁၂) နာရီ ညနေ (၅) နာရီအထိ အခမ်းအနားတက် ရောက်လာကြသည့် အဖွဲ့အစည်းအသီးသီးမှ ပုဂ္ဂိုလ်များ၊ တသီးပုဂ္ဂလ တက်ရောက်လာကြသူများက လက်ရှိ မြန်မာ့နိုင်ငံရေးအခြေအနေနှင့် ပတ်သက်၍ လွတ်လပ်ပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

အခမ်းအနားအပြီးတွင် လက်ရှိနိုင်ငံရေးအခြေအနေအရ “အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ရွေးကောက်ပွဲအ နိုင်ရ တိုင်းရင်းသားပါတီများ ပါဝင်ဖွဲ့စည်းထားသည့် ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီ (CRPP) ကို လည်းကောင်း (သို့မဟုတ်) တာဝန်သိသည့် တာဝန်ရှိသည့် ၁၉၉၀ ပြည့်နှစ် ပါတီစုံအထွေထွေရွေးကောက်ပွဲမှ ရွေးချယ်တင်မြှောက်ခြင်းခံရသည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များကိုလည်းကောင်း ပြည်သူ့အစိုးရတ ရပ် အမြန်ဆုံးဖွဲ့စည်းရန် တိုက်တွန်းကြောင်း၊ ပေါ်ပေါက်လာမည့် ပြည်သူ့အစိုးရကို တခဲနက် ထောက်ခံအား ပေးမည်ဖြစ်ကြောင်း” ကြေညာချက်ထုတ်ပြန်ကာ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။ ဆက်သွယ်မေးမြန်းလိုသူများ ဖုန်းမော်နေ့အခမ်းအနား ဖြစ်မြောက်ရေးကော်မတီဝင်များဖြစ်သည့် ကိုသံဒုတ် (၀၈၆၁၁၉၈၀၉၁)၊ မန်းစိန် ဟန် (၀၈၁၉၇၃၁၉၈၂) နှင့် ကိုမင်းဇော် (၀၈၇၈၄၀၈၅၀၅) တို့ထံ ဆက်သွယ်မေးမြန်းနိုင်ကြောင်း သိရသည်။

 
၁၉၈၈ ခုနှစ် မတ်လ ၁၂ ရက် နှင့် ၁၃ ရက် ရန်ကုန်စက်မှု တက္ကသိုလ် မှ အဖြစ်အပျက်များ PDF Print E-mail
Sunday, 14 March 2010 08:36
RIT,March 13, 1988
 
More Articles...
<< Start < Prev 1 2 3 4 5 6 7 8 9 10 Next > End >>

Page 1 of 223

မျိုးချစ်မြန်မာ က ကြိုဆိုပါတယ်

ခုလို...အကြောင်းအမျိုးမျိုးနဲ့ 
နိုင်ငံရပ်ခြားမှာ ရောက်နေကြရပေမယ့်
အမိမြေကို လွမ်းဆွတ်ရင်း
မြန်မာတွေကို ချစ်တဲ့...
မြန်မာတွေရဲ့
မျှော်လင့်ရင်း နစ်မွန်းနေဆဲ ဘဝတွေက
လွတ်မြောက်စေချင်တဲ့စိတ်နဲ့
စာနာ နားလည် ပေးတတ်သူတိုင်း အတွက်
ရည်ရွယ်ပါတယ်။
လူအခွင့်ရေးအတွက် ဆက်တိုတ်ပွဲဝင်နေတဲ့
မျိုးချစ်မြန်မာ သူရဲကောင်းများကိုလဲ
ကျွန်တော့် အသက်ရှိနေသေးသ၍
ထောက်ခံအားပေးနေပါတယ်။
အပြုသဘောနဲ့ ဝေဖန် အကြံပေးမှုများကိုလည်း
အမြဲတမ်းကြိုဆိုပါတယ်။

"အမိမြန်မာပြည်ကြီးလဲ..
ချစ်တဲ့အမေစုနဲ့အတူ..
မကြာခင်လွတ်မြောက်နိုင်ပါစေ"

မျိုးချစ်မြန်မာ

Myo Chit Live (Webcasting)

Join Myo Chit Myanmar Fan Club

Contact Myo Chit

Myo Chit

President

Myo Chit Myanmar HD Media Production
California, USA
Phone - (310) 734-8310
Mon - Sat 10:00 AM - 7:00 PM PST
Please call only during business hour.

Can't read fonts?

Can't see Myanmar letters?

You need to install Zaw Gyi Font.
Already installed but still can't see yet?
Then you will need to remove the old fonts first.
Use both of these removers below and restart your PC.
Open C:/windows/fonts and make sure there is no ZawGyi fonts installed.
Vista user will need to install Key Board first
Download and unzip the file,
Open the folder and click on the file named setup
64 Bit version users need to choose a file accordingly
Then download and reinstall ZawGyi from below,
Then restart your PC again.

Enjoy!

Get ZawGyi Remover

Get Gtalk Add-In Remover

Get ZawGyi Blog day Version (Best)

Get ZawGyi Key Board For Vista

ဗိုလ်ချုပ်ပြောခဲ့တဲ့ စစ်သားဆိုတာ...

စစ်သားမဟုတ်ပေမယ့်
နိုင်ငံအတွက် အမျိုးမျိုးအနစ်နာခံ၊
အမျိုးမျိုးစွန့်စားလုပ်ကြတဲ့ လူတွေလည်း ရှိတာပဲ…
အဲဒါကြောင့်
စစ်သားမှ စစ်သားဆိုတဲ့
စိတ်ဓါတ်ကို ပြောင်းကြရမယ်။
ငါတို့ဟာ လက်နက်ကိုင်တွေ ဖြစ်ကြသော်လည်း
မတရားမလုပ်၊
နိုင်ငံရဲ့ ရန်သူတွေမဟုတ်၊
နိုင်ငံရဲ့ မိတ်ဆွေတွေဖြစ်တယ်ဆိုတာကို
သဘောပေါက်ရမယ်

(ဗိုလ်ချုပ်အောင်ဆန်း)

ခေတ်သစ် ဒို့ဗမာ

မြန်မာပြေသည် ဒို့ပြေ..
အောင်ဆန်းစုကြည် ဒို့အမေ…
မြန်မာစာသည် ဒို့စာ..
ခွပ်ဒေါင်းသွေးနဲ့ ရေးခဲ့တာ…
မြန်မာစကားသည် ဒို့စကား..
သန်းရွှေပြောတာမုသားပါ…

ဒို့အမေကို ချစ်ပါ..
ဘုန်းဘုန်းတွေကို စောင့်ရှောက်ပါ..
တပ်နဲ့ပြည်သူ ပူးပေါင်းပါ..
နအဖကိုတိုက်ထုတ်ပါ…

မျိုးချစ်

ငါတို့ အမေ

သံဝေဂ လင်္ကာ အသစ်

ပစ်တုန်းကလဲ တဲ့တဲ့ဘဲနော့
မြတ်သောသံယာ မရှောင်ပါဘူး
မေတ္တာချည်းနှည်း မိုက်လုံးကြီး

ပစ်ပြီးတော့လဲ မရှက်ဘဲပေါ့
ကမ္ဘာ့လယ်မှာ ဝန်မခံပါဘူး
သန်းရွှေခွေးကြီး သောက်ပြောကြီး

ဒီခွေးမသား ကံအားကောင်းစဉ် ချိန်လေးတွင်မှ
သင်္ဃန်းဝတ်ရုံ သွေးလွှမ်းခြုံခဲ့
မြင်ရာသတ်ဟ ထိုဒေါသနှင့်
နအဖတွင် ခွေးစိတ်ဝင်သည်
ငရဲပင်မေ့နေလေပြီလား

မျိုးချစ်

ပျံသန်းနေဆဲ ခွပ်ဒေါင်းများသို့

ပြည်သူ့သဘောထား (အစစ်)

လက်နက်အားကိုး မအေရိုး
သူခိုး အဖေခေါ်သူများအား ဆန့်ကျင်ကြ…

သာသနာတော်ပြန်လည်ထွန်းကားရေးနှင့်
သံဃာတော် များ၏ အရေးကို
သတ်ဖြတ်နှိမ်နင်းသူများအား ဆန့်ကျင်ကြ…

နိုင်ငံတော်၏ ပြည်တွင်းရေးကို
ဝင်ရောက်ကူညီ ဖြေရှင်းပေးသော
ပြည်ပနိုင်ငံများအား ဆက်သွယ်ကြ…

ပြည်တွင်းပြည်ပ ဘလော့ဂါများအား
မိတ်ဆွေစစ်အဖြစ် သတ်မှတ်လက်တွဲကြ…

မျိုးချစ်

အောင်ပွဲဆင်ဖို့ ထောင်ထဲဝင်စို့

အင်တာဗျူးများ

<a href="http://www.imeem.com/people/uC-QXqr/playlist/n2cbiqQU/interviews_music_playlist/">အင်တာဗျူးများ</a>

မြန်မာစံတော်ချိန်

C-BOX မှာ Register လုပ်ရန်

C-BOX မှာ Register လုပ်ရန်

ကျွန်တော်တို့နဲ့အတူ
ဝင်ရောက်ဆွေးနွေးလိုသူများ
သင့်အမည်ရင်း အပြည့်အစုံ နဲ့
နေထိုင်ရာ မြို့ နဲ့တိုင်းပြည်ကို ပြောပါ
သင်သုံးလိုတဲ့ user name ကို ရွေးပါ
မြန်မာလိုလဲရပါတယ်
password ကို English လို ရွေးပါ
ပြီးရင် myochitmyanmar@gmail.com ကို ပို့လိုက်ပါ
ကျွန်တော် ၂၄ နာရီအတွင်း activate လုပ်ပေးမှာပါ
registered user တွေ log in လုပ်တဲ့အခါ
သင့် user name ကို အရင်ရေးထည့်လိုက်ပါ
ပြီးမှ profile ကိုနှိပ်လိုက်ပါ
ပြီးရင် password ကိုထည့်လိုက်ပါ
ဒါပါဘဲဗျာ လွယ်ပါတယ်နော်…
အားလုံးကို ကျေးဇူးအထူးတင်ပါတယ်

မျိုးချစ်

Got G-Talk!

ZawGyi Converter

Visiting from another computer?

Can't read or install Zaw Gyi?

Just copy the letters you can't read
then paste them into this box

Wala!!!  :P

Enjoy!

စကားပြောခန်း

Watch DVB (Live)

DVB ရုပ်မြင်သံကြားအစီအစဉ် ကို လေလှိုင်းပေါ်မှနှင့် တစ်ပြိုင်ထဲ ကြည့်ရှုအားပေးနိုင်ကြပါပြီ
ဒါပေမယ့် အကြောင်းအမျိုးမျိုးကြောင့် အသံဖွင့်ပြီး နားမထောင်နိုင်သူများ အတွက် အသံကို ပိတ်ထားပါတယ်
အသံပါနားဆင်ချင်သူများကတော့ Mute Button လေးကို နှိပ်ပြီး Unmute လုပ်လိုက်ယုံပါဘဲ
Full Screen နဲ့ကြည့်ချင်တဲ့သူတွေ ဒီ Screen လေးပေါ်မှာ Right Click လုပ်ပြီး Zoom ကနေ Full Screen ကိုရွေးလိုက်ပါ

Click HERE to go to direct url.

အဆင်ပြေကြမယ်လို့ထင်ပါတယ်

မျိုးချစ်

ပြန်လည်ရှာဖွေရန်

မဂ္ဂဇင်းများ

မြန်မာ့ရေးရာ သတင်းဌာနများ

အနုပညာ ကွန်ယက်များ

ဘာသာရေး စာမျက်နှာများ

ပရဟိတ အဖွဲ့အစည်းများ

နည်းပညာဆိုင်ရာများ

မိတ်ဆွေ Blogger များ

Web Dictionary

Mr. Creator ၏ ထိုးနှက်ချက်များ

ဟန်လေး ၏ ထိုးနှက်ချက်များ

မျိုးချစ်မြန်မာ ရဲ့ ဧည့်သည်ဦးရေ

ကမ္ဘာတဝှန်းမှ မိတ်ဆွေများ

ခုဘယ်သူတွေရှိနေသလဲ

သိနေတယ်လေ