Home သတင်း စီးပွားရေး သတင်း
စီးပွားရေး သတင်း
မြန်မာနိုင်ငံမှ တင်ပို့သည့်ဆန်များ အရည်အသွေး မမှီသည့်အတွက် လက်မခံပဲ ပြန်ပို့ခံရ PDF Print E-mail
သတင်း - စီးပွားရေး သတင်း
Written by မျိုးချစ်   
Wednesday, 10 February 2010 18:20

မြန်မာနိုင်ငံမှ  တင်ပို့သည့်ဆန်တွေကို အရည်အသွေးမမှီတဲ့အတွက် လက်မခံပဲ ပြန်ပို့ခံရတဲ့သတင်း မြန်မာတိုင်း(မ်)မှာ ဖတ်လိုက်ရပါတယ်။

http://www.myanmar.mmtimes.com/2010/news/452/new01.html


ဆန်ပြန်ပို့ခံရတဲ့အဖြစ်တောင် ရောက်နေပြီဆိုတော့ ..... မြန်မာနိုင်ငံရဲ့အခြေအနေဟာ ....

၁။ မြန်မာနိုင်ငံဟာ စိုက်ပျိုးရေးအခြေခံတဲ့နိုင်ငံဖြစ်ပေမယ့် အဲဒီလို နိုင်ငံခြားကို တင်ပို့တဲ့ဆန်ကိုတောင်မှ အာဖရိကလို နိုင်ငံမျိုးကတောင် အရည်အသွေးမမှီလို့ လက်မခံဘူးဆိုတော့ မြန်မာနိုင်ငံရဲ့တိုးတက်မှုအဆင့်ကို ခန့်မှန်းနိုင်ပြီပေါ့။

၂။ နိုင်ငံခြားကို တင်ပို့တဲ့ ဆန်တောင်မှ ဒီလောက် အရည်အသွေးညံ့တယ်ဆိုရင်။ ပြည်တွင်းမှာ ပြည်သူတွေ စားသုံးနေရတဲ့ ဆန်တွေဟာ ဘယ်လောက်တောင်မှ ညံ့ဖျင်းနုံချာနေမလဲ။

၃။ အထူးသဖြင့် အစိုးရ၀န်ထမ်းတွေ ................ ။ အစိုးရက ၀န်ထမ်းတွေနဲ့ဝန်ထမ်းမိသားစုတွေစားဖို့ ထုတ်ပေးတဲ့ ၀န်ထမ်းဆန် ဆိုရင် ဘယ့်လောက်တောင် အခြေအနေဆိုးနေမလဲ။  ............ အစိုးရ၀န်ထမ်းဆိုတဲ့နေရာမှာ  တပ်မတော်သားတွေလည်းပါပါတယ်။ ရဲဝန်ထမ်းတွေလည်းပါပါတယ်။ တရားရေးဝန်ထမ်းတွေလည်းပါပါတယ်။ ဌာနဆိုင်ရာအသီးသီးက ၀န်ထမ်းတွေလည်း အပါအ၀င်ဖြစ်ပါတယ်။ ၀န်ထမ်းတွေခမျာ နအဖ အစိုးရခိုင်းသမျှကို ကုန်းရုန်းလုပ်ကိုင်နေရပေမယ့် အာဖရိကတိုက်ကလူတွေတောင် မစားတဲ့ ဆန်မျိုးထက် အများကြီးညံ့သေးတဲ့ ဆန်ကို စားနေရတယ်ဆိုတော့ .... သူဆန်စား ရဲမှ ဆိုတဲ့ စိတ်မျိုးထားဖို့ လိုကြဦးမလား။

၎။ ပြင်သစ်ပြည်မှာ ပြည်သူတွေ အသီးအရွက် အသားငါး ပေါင်မုန့် အပုတ်တွေ စားနေရလို့ နန်းတော်ရှေ့သွားပြီး တောင်းဆိုကြတဲ့ အခါမှာ လူဝီဘုရင်ရဲ့ မိန်းမ မေရီအင်တွိုင်းနက်က ဘာပြောသလဲဆိုတော့ ...  ပေါင်မုန့်မရှိလည်း ကိတ်မုန့်စားကြပါလားတဲ့။

၅။ မြန်မာပြည်မှာတော့ ဗိုလ်ချုပ်မှူကြီးဆိုသူ သန်းရွှေက သူ့သမီး မင်္ဂလာဆောင်တဲ့အခါမှာ လူတကိုယ်လုံး စိန်တွေဆင်ထားလိုက်တာ။ စင်္ကာပူဝါရင့်ခေါင်းဆောင်ကြီး လီကွမ်ယူကတောင် ပြောယူရတယ်။ လူကိုဆင်ထားလိုက်တာ ခရစ္စမတ်သစ်ပင်ကြနေတာပဲတဲ့။

၆။ သြော် သန်းရွှေသမီးမှာတော့ တကိုယ်လုံး စိန်တွေအပြည့်နဲ့။ ပြည်သူလူထုမှာတော့ ဆန်တောင်မှ အညံ့တွေစားနေရတယ်။ တချို့တွေဆို ဆန်တောင် မစားနိုင်လို့ ဆန်ကွဲကို ပြုတ်သောက်နေကြရတယ်။

 

ခင်မင်လေးစားစွာဖြင့်
သားဆွေ

 
လှိုင်သာယာ စက်မှုဇုံ ဆန္ဒပြတောင်းဆိုမှုအား မြောက်ပိုင်း ခရိုင်ရဲတပ်ဖွဲမှူးရုံးသို့ သတင်းတင်ပြချက် PDF Print E-mail
သတင်း - စီးပွားရေး သတင်း
Written by မျိုးချစ်   
Wednesday, 10 February 2010 18:11

 
တရုတ်နှင့် ဂူဂဲလ်ထိပ်တိုက်တွေ့ ဆုံပွဲတွင် ဂူဂဲလ်ကို အမေရိကန်ထောက်ခံ PDF Print E-mail
သတင်း - စီးပွားရေး သတင်း
Written by မျိုးချစ်   
Friday, 22 January 2010 13:38

အင်တာနက်ရှာဖွေမှုများကို တရုတ်နိုင်ငံက ဆင်ဆာဖြတ်တောက်နေခြင်းအား ထပ်မံထောက်ခံခြင်းမပြုတော့ရန် ဂူဂဲလ်ကဆုံးဖြတ်ခဲ့သည်ကို အမေရိကန်က ထောက်ခံလိုက်ပြီး အဆိုပါကိစ္စမှာ သတင်းအချက်အလက် စီးဆင်းမှုနှင့် စီးပွားရေးအတွက် အရေးပါကြောင်း ပြောကြားခဲ့သည်။
                ဤဖြစ်ရပ်နှင့်ပတ်သက်၍ ဝါရှင်တန်ကပေကျင်းထံမှ ရှင်းလင်းချက်တစ်ခု ထပ်မံတောင်းဆိုလိုက်ရာ ယင်းမှာ ကမ္ဘာ့ စီးပွားရေးအင်အားကြီးနှစ်နိုင်ငံကြား နောက်ဆုံးပေါ်ပေါက်လာသော အငြင်းပွားမှုပင်ဖြစ်သည်။
                လွန်ခဲ့သောကာလက ဆိုက်ဘာတိုက်ခိုက်မှု အတော်များများဖြစ်ပွားခဲ့ပြီးနောက် ဂူဂဲလ်ကတရုတ်နိုင်ငံရှိ ၎င်း၏ရုံးများနှင့် တရုတ်ဘာသာစကား ဖြင့်တင်ထားသောဝက်ဘ်ဆိုဒ်ကို ပိတ်ပစ်မည်ဟု ခြိမ်းခြောက်ခဲ့ရာ တရုတ်က၎င်း၏အင်တာနက် ဆင်ဆာဖြတ်တောက်မှုကို ခုခံကာကွယ်ခဲ့သည်။
                        “ဂူဂဲလ်က ကိုင်စွဲထာတဲ့စည်းမျဉ်းတွေဟာ ကျင့်ဝတ်သိက္ခာနဲ့ အခွင့်အရေးဆိုင်ရာ ဘောင်အတွင်းမှာသာ အရေးပါရုံမျှမကဘဲ စီးပွားရေးအရလည်း အရေးကြီးတယ်ဆိုတာ ထည့်သွင်းစဉ်းစားရမှာဖြစ်ပါတယ်” ဟုအိမ်ဖြူတော် အဆင့်မြင့်စီးပွားရေးအကြံပေး လောရင့်စ်ဆမ်းမားစ် ကသတင်းထောက်များအားပြောကြားခဲ့သည်။
                        တရုတ်စီးပွားရေးမှာရင့်ကျက်လာပြီဖြစ်ပြီး၊ စက်မှုအခြပြုစီးပွားရေးမှ ပညာအခြေပြု စီးပွားရေးသို့ ပြောလဲသွားပြီဖြစ်၍ သတင်းစီးဆင်းမှုများ အလွန်အခရာကျကြောင်း ၎င်းကဆက်လက်ပြောကြားခဲ့သည်။
                အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ ဒုလက်ထောက်အတွင်းရေးမှုး ဒေးဗစ်ရှီးယားက ဝါရှင်တန်ရှိ တရုတ်သံတမန်တစ်ဦးကို တွေ့ဆုံကာ ဆိုက်ဘာတိုက်ခိုက်မှုများနှင့် ဆင်ဆာဖြတ်တောက်မှုတို့ပေါ် ရှင်းလင်းချက်ပေးရန် တောင်းဆိုလိုက်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဋ္ဌာန ပြောခွင့်ရပုဂ္ဂိုလ် ပီဂျေခရိုလီက ပြောကြားခဲ့သည်။
                “ဒီဖြစ်ရပ်က အင်တာနက် လွတ်လပ်ခွင့်နဲ့ တရုတ်ပြည်မှာရှိတဲ့အင်တာနက်လုံခြုံရေးကိုပါ မေးခွန်းထုတ်စရာဖြစ်လာပါတယ်” ဟု၎င်းကဖြည့်စွက်ပြောကြာခဲ့သည်။
                “ပြည်တွင်းဥပဒေများ၊ စည်းမျဉ်းများနဲ့ ပေါ်လစီများအရ အချို့အင်တာနက် ရှာဖွေမှု၏ ရလဒ်များ(search results) မှာ မဖော်ပြနိုင်ကြောင်း” အကဲဆက်လွယ်သည့် အကြာင်းအရာအချို့ အောက်တွင် တရုတ်ဘာသာစကားဖြင့်ဖော်ပြထားသည်။ ယခုအဖြစ်အပျက်မတိုင်မီကပင် ဂူဂဲလ်၏ တရုတ်ဘာသာစကားဝက်ဘ်ဆိုဒ် (Google.cn) တွင် အဆိုပါစာတန်း ကိုဖော်ပြနေခဲ့သည်ဟုသိရသည်။
 
 
                                                                                                                                                                                             မင်းသက်စံ
                                                                                                                                                                                             Ref:Reuter

 
Burma Black Markets PDF Print E-mail
သတင်း - စီးပွားရေး သတင်း
Written by မျိုးချစ်   
Saturday, 16 January 2010 09:55
Burma Black Markets
 
ရွှေသဘာဝဓာတ်ငွေ့ လှုပ်ရှားမှုအဖွဲ့ ပိုက်လိုင်းကန့်ကွက်စာ တရုတ်သမ္မတထံ ပို့ PDF Print E-mail
သတင်း - စီးပွားရေး သတင်း
Written by မျိုးချစ်   
Wednesday, 28 October 2009 20:43

 နိုင်ငံပေါင်း ၂၀ မှာရှိတဲ့ အဖွဲ့အစည်း ၁၀၀ ကျော်က ရခိုင်ပြည်နယ်ကနေ တရုတ်နိုင်ငံ ယူနန်ပြည်နယ်ကို သွယ်တန်းဖောက်လုပ်မယ့် သဘာဝဓာတ်ငွေ့နဲ့ ရေနံပိုက်လိုင်း တည်ဆောက်မှု စီမံကိန်းကို ရပ်တန့်ဖို့အတွက် တရုတ်နိုင်ငံ သမ္မတ ဟူဂျင်တောင်း (Hu Jintao) ဆီကို ဒီကနေ့ စာပေးပို့ တောင်းဆိုလိုက်ပါတယ်။ ဒီလို တောင်းဆိုတာကတော့ ဒီပိုက်လိုင်း စီမံကိန်းကြောင့် ဖြစ်ပေါ်လာမယ့် လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ဒေသတွင်း မတည်ငြိမ်မှုတွေကို တားဆီးဖို့ ဖြစ်တယ်လို့ ဒီလှုပ်ရှားမှုရဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။ အပြည့်အစုံကို ထိုင်းအခြေစိုက် သတင်းထောက် ကိုမိုးဇော်က တင်ပြပေးထားပါတယ်။

 ထိုင်းနိုင်ငံ ချင်းမိုင်မြို့က တရုတ်ကောင်စစ်ဝန်ရုံးရှေ့မှာ သဘာဝဓာတ်ငွေ့နဲ့ ရေနံပိုက်လိုင်း တည်ဆောက်မှု စီမံကိန်းကို ရပ်တန့်စေဖို့ ဆန့်ကျင် ဆန္ဒပြခဲ့ကြပါတယ်။ ဒီဆန္ဒပြပွဲကို ရွှေသဘာဝဓာတ်ငွေ့ ဆန့်ကျင်လှုပ်ရှားမှု အဖွဲ့နဲ့ ထိုင်းလူမှုအဖွဲ့အစည်းတွေ  ပူးပေါင်းဆန္ဒပြကြတာ ဖြစ်ပါတယ်။

 ဒီလို ဆန္ဒပြရတဲ့ အကြောင်းကိုတော့ ရွှေသဘာဝဓာတ်ငွေ့ လှုပ်ရှားမှုအဖွဲ့ (ထိုင်းနိုင်ငံ) ရဲ့ တာဝန်ခံ ကိုဝင်းအောင်က အခုလို ပြောပါတယ်။

 “လက်ရှိလုပ်နေတဲ့ ရွှေသဘာဝဓာတ်ငွေ့ စီမံကိန်းနဲ့ ရေနံ၊ ဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းကို တရုတ်အစိုးရ အနေနဲ့ ဒီစီမံကိန်း ရပ်တန့်ရေးအပေါ်မှာ အဓိက တာဝန်ရှိတယ်။ သူတို့ လုပ်လည်း လုပ်နိုင်တဲ့အတွက် ကျနော်တို့ တရုတ်သံရုံးရှေ့မှာ လာပြီးတော့ ဆန္ဒပြတာ ဖြစ်ပါတယ်။ ပိုက်လိုင်းတောက်လျှောက်မှာ စစ်တပ်အင်အားပေါင်း ၁၃,၀၀၀၊ ၁၄,၀၀၀ လောက် နေရာယူထားတာ တွေ့ရတယ်။

“ပိုက်လိုင်းတလျှောက် ဆိုရင်လည်း ကီလိုမီတာပေါင်း ၉၉၀၊ ရခိုင်ကနေ ရှမ်းပြည်နယ် မြောက်ပိုင်းအထိ သွားမယ့် ဒီလို စီမံကိန်းမှာ ဆိုရင်ဖြင့် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ လယ်ယာမြေ သိမ်းပိုက်မှုတွေ၊ အတင်းအဓမ္မ စေခိုင်းမှုတွေ၊ လယ်ယာမြေ ပြောင်းရွှေ့မှုတွေက ဒေသခံတွေအပေါ်မှာ မလွဲမရှောင် ဖြစ်ပေါ်လာနိုင်တဲ့ ဆိုးကျိုးတွေ ဖြစ်တယ်။ ပိုက်လိုင်းတည်ဆောက်တဲ့ အစောပိုင်းမှာ ဆိုရင်လည်း စစ်တပ်အင်အား တိုးချဲ့မှုနဲ့ ဖြစ်ပေါ်ခဲ့တဲ့ လယ်ယာမြေ သိမ်းပိုက်မှုတွေ၊ လူအခွင့်အရေး ချိုးဖောက်မှုတွေ၊ ဒေသခံတွေအပေါ် မတရား ဖိနှိပ်မှုတွေက လောလောဆယ် ဖြစ်ပေါ်နေတုန်းပါပဲ။”   (ဆက်ဖတ်ရန်)

 
<< Start < Prev 1 2 3 4 Next > End >>

Page 1 of 4

မျိုးချစ်မြန်မာ က ကြိုဆိုပါတယ်

ခုလို...အကြောင်းအမျိုးမျိုးနဲ့ 
နိုင်ငံရပ်ခြားမှာ ရောက်နေကြရပေမယ့်
အမိမြေကို လွမ်းဆွတ်ရင်း
မြန်မာတွေကို ချစ်တဲ့...
မြန်မာတွေရဲ့
မျှော်လင့်ရင်း နစ်မွန်းနေဆဲ ဘဝတွေက
လွတ်မြောက်စေချင်တဲ့စိတ်နဲ့
စာနာ နားလည် ပေးတတ်သူတိုင်း အတွက်
ရည်ရွယ်ပါတယ်။
လူအခွင့်ရေးအတွက် ဆက်တိုတ်ပွဲဝင်နေတဲ့
မျိုးချစ်မြန်မာ သူရဲကောင်းများကိုလဲ
ကျွန်တော့် အသက်ရှိနေသေးသ၍
ထောက်ခံအားပေးနေပါတယ်။
အပြုသဘောနဲ့ ဝေဖန် အကြံပေးမှုများကိုလည်း
အမြဲတမ်းကြိုဆိုပါတယ်။

"အမိမြန်မာပြည်ကြီးလဲ..
ချစ်တဲ့အမေစုနဲ့အတူ..
မကြာခင်လွတ်မြောက်နိုင်ပါစေ"

မျိုးချစ်မြန်မာ

Myo Chit Live (Webcasting)

Join Myo Chit Myanmar Fan Club

Contact Myo Chit

Myo Chit

President

Myo Chit Myanmar HD Media Production
California, USA
Phone - (310) 734-8310
Mon - Sat 10:00 AM - 7:00 PM PST
Please call only during business hour.

Can't read fonts?

Can't see Myanmar letters?

You need to install Zaw Gyi Font.
Already installed but still can't see yet?
Then you will need to remove the old fonts first.
Use both of these removers below and restart your PC.
Open C:/windows/fonts and make sure there is no ZawGyi fonts installed.
Vista user will need to install Key Board first
Download and unzip the file,
Open the folder and click on the file named setup
64 Bit version users need to choose a file accordingly
Then download and reinstall ZawGyi from below,
Then restart your PC again.

Enjoy!

Get ZawGyi Remover

Get Gtalk Add-In Remover

Get ZawGyi Blog day Version (Best)

Get ZawGyi Key Board For Vista

ဗိုလ်ချုပ်ပြောခဲ့တဲ့ စစ်သားဆိုတာ...

စစ်သားမဟုတ်ပေမယ့်
နိုင်ငံအတွက် အမျိုးမျိုးအနစ်နာခံ၊
အမျိုးမျိုးစွန့်စားလုပ်ကြတဲ့ လူတွေလည်း ရှိတာပဲ…
အဲဒါကြောင့်
စစ်သားမှ စစ်သားဆိုတဲ့
စိတ်ဓါတ်ကို ပြောင်းကြရမယ်။
ငါတို့ဟာ လက်နက်ကိုင်တွေ ဖြစ်ကြသော်လည်း
မတရားမလုပ်၊
နိုင်ငံရဲ့ ရန်သူတွေမဟုတ်၊
နိုင်ငံရဲ့ မိတ်ဆွေတွေဖြစ်တယ်ဆိုတာကို
သဘောပေါက်ရမယ်

(ဗိုလ်ချုပ်အောင်ဆန်း)

ခေတ်သစ် ဒို့ဗမာ

မြန်မာပြေသည် ဒို့ပြေ..
အောင်ဆန်းစုကြည် ဒို့အမေ…
မြန်မာစာသည် ဒို့စာ..
ခွပ်ဒေါင်းသွေးနဲ့ ရေးခဲ့တာ…
မြန်မာစကားသည် ဒို့စကား..
သန်းရွှေပြောတာမုသားပါ…

ဒို့အမေကို ချစ်ပါ..
ဘုန်းဘုန်းတွေကို စောင့်ရှောက်ပါ..
တပ်နဲ့ပြည်သူ ပူးပေါင်းပါ..
နအဖကိုတိုက်ထုတ်ပါ…

မျိုးချစ်

ငါတို့ အမေ

သံဝေဂ လင်္ကာ အသစ်

ပစ်တုန်းကလဲ တဲ့တဲ့ဘဲနော့
မြတ်သောသံယာ မရှောင်ပါဘူး
မေတ္တာချည်းနှည်း မိုက်လုံးကြီး

ပစ်ပြီးတော့လဲ မရှက်ဘဲပေါ့
ကမ္ဘာ့လယ်မှာ ဝန်မခံပါဘူး
သန်းရွှေခွေးကြီး သောက်ပြောကြီး

ဒီခွေးမသား ကံအားကောင်းစဉ် ချိန်လေးတွင်မှ
သင်္ဃန်းဝတ်ရုံ သွေးလွှမ်းခြုံခဲ့
မြင်ရာသတ်ဟ ထိုဒေါသနှင့်
နအဖတွင် ခွေးစိတ်ဝင်သည်
ငရဲပင်မေ့နေလေပြီလား

မျိုးချစ်

ပြည်သူ့သဘောထား (အစစ်)

လက်နက်အားကိုး မအေရိုး
သူခိုး အဖေခေါ်သူများအား ဆန့်ကျင်ကြ…

သာသနာတော်ပြန်လည်ထွန်းကားရေးနှင့်
သံဃာတော် များ၏ အရေးကို
သတ်ဖြတ်နှိမ်နင်းသူများအား ဆန့်ကျင်ကြ…

နိုင်ငံတော်၏ ပြည်တွင်းရေးကို
ဝင်ရောက်ကူညီ ဖြေရှင်းပေးသော
ပြည်ပနိုင်ငံများအား ဆက်သွယ်ကြ…

ပြည်တွင်းပြည်ပ ဘလော့ဂါများအား
မိတ်ဆွေစစ်အဖြစ် သတ်မှတ်လက်တွဲကြ…

မျိုးချစ်

အောင်ပွဲဆင်ဖို့ ထောင်ထဲဝင်စို့

အင်တာဗျူးများ

<a href="http://www.imeem.com/people/uC-QXqr/playlist/n2cbiqQU/interviews_music_playlist/">အင်တာဗျူးများ</a>

မျိုးချစ်၏သီချင်းများ

မြန်မာစံတော်ချိန်

C-BOX မှာ Register လုပ်ရန်

C-BOX မှာ Register လုပ်ရန်

ကျွန်တော်တို့နဲ့အတူ
ဝင်ရောက်ဆွေးနွေးလိုသူများ
သင့်အမည်ရင်း အပြည့်အစုံ နဲ့
နေထိုင်ရာ မြို့ နဲ့တိုင်းပြည်ကို ပြောပါ
သင်သုံးလိုတဲ့ user name ကို ရွေးပါ
မြန်မာလိုလဲရပါတယ်
password ကို English လို ရွေးပါ
ပြီးရင် myochitmyanmar@gmail.com ကို ပို့လိုက်ပါ
ကျွန်တော် ၂၄ နာရီအတွင်း activate လုပ်ပေးမှာပါ
registered user တွေ log in လုပ်တဲ့အခါ
သင့် user name ကို အရင်ရေးထည့်လိုက်ပါ
ပြီးမှ profile ကိုနှိပ်လိုက်ပါ
ပြီးရင် password ကိုထည့်လိုက်ပါ
ဒါပါဘဲဗျာ လွယ်ပါတယ်နော်…
အားလုံးကို ကျေးဇူးအထူးတင်ပါတယ်

မျိုးချစ်

Got G-Talk!

ZawGyi Converter

Visiting from another computer?

Can't read or install Zaw Gyi?

Just copy the letters you can't read
then paste them into this box

Wala!!!  :P

Enjoy!

စကားပြောခန်း

Watch DVB (Live)

DVB ရုပ်မြင်သံကြားအစီအစဉ် ကို လေလှိုင်းပေါ်မှနှင့် တစ်ပြိုင်ထဲ ကြည့်ရှုအားပေးနိုင်ကြပါပြီ
ဒါပေမယ့် အကြောင်းအမျိုးမျိုးကြောင့် အသံဖွင့်ပြီး နားမထောင်နိုင်သူများ အတွက် အသံကို ပိတ်ထားပါတယ်
အသံပါနားဆင်ချင်သူများကတော့ Mute Button လေးကို နှိပ်ပြီး Unmute လုပ်လိုက်ယုံပါဘဲ
Full Screen နဲ့ကြည့်ချင်တဲ့သူတွေ ဒီ Screen လေးပေါ်မှာ Right Click လုပ်ပြီး Zoom ကနေ Full Screen ကိုရွေးလိုက်ပါ

Click HERE to go to direct url.

အဆင်ပြေကြမယ်လို့ထင်ပါတယ်

မျိုးချစ်

ပြန်လည်ရှာဖွေရန်

မဂ္ဂဇင်းများ

မြန်မာ့ရေးရာ သတင်းဌာနများ

အနုပညာ ကွန်ယက်များ

ဘာသာရေး စာမျက်နှာများ

ပရဟိတ အဖွဲ့အစည်းများ

နည်းပညာဆိုင်ရာများ

မိတ်ဆွေ Blogger များ

Web Dictionary

Mr. Creator ၏ ထိုးနှက်ချက်များ

မျိုးချစ်မြန်မာ ရဲ့ ဧည့်သည်ဦးရေ

ကမ္ဘာတဝှန်းမှ မိတ်ဆွေများ

ခုဘယ်သူတွေရှိနေသလဲ

သိနေတယ်လေ