Home သတင်း နည်းပညာ သတင်း
နည်းပညာ သတင်း
Symbian Version သုံးဖုန်းတွေမှာ မြန်မာစာဖတ်လို့ရအောင်ထည့်နည်း PDF Print E-mail
သတင်း - နည်းပညာ သတင်း
Written by မျိုးချစ်   
Sunday, 07 March 2010 03:45

အခုတစ်လော Symbian Version သုံးဖုန်းတွေမှာ မြန်မာစာဖတ်လို့ရအောင် လုံးပန်းနေတာနဲ့ ပို့စ်ကောင်း ကောင်း တွေမရေးဖြစ်တာကြာပြီ။ (အရင်က ရေးဖူးတာကျနေတာပဲ။) Symbian Version 1st Edition ကနေ 5th Edition အထိ မြန်မာစာဖတ်လို့ရအောင် ဘယ်လိုလုပ်ရမလဲဆိုတာ တွေ့ပါပြီ။ သို့သော် အရမ်းကြီးတော့ အဆင်မပြေသေးဘူး။ ကျွန်တော်လဲ ဖတ်ဖတ်ကို ဆာနေပြီ။ မတတ်နိုင် တော့ဘူး။ မြန်မာနည်းပညာဖိုရမ်တွေကို ၀င်ကြည့်တဲ့အခါမှာ တစ်ချို့က ဆရာလိုလို၊ နွားလိုလို အကောင်တွေက သူတို့ဘယ်လိုလုပ်ကြတယ်ဆိုတာ မပြောချင်ကြဘူး။ ဒီအတွက်ကြောင့် နောက်လူတွေ ကျွန်တော့်လို မခံရစေဖို့ ရည်ရွယ်ပြီး ရေးလိုက်တာပါ။ နောက်တစ်ခုက ကျွန်တော့်မှာက ဒီအလုပ်တစ်ခုထဲကို အာရုံစိုက်ပြီးလုပ်နိုင်တဲ့ အချိန်ပိုမရှိတာကြောင့်လဲပါ တယ်။ အဲဒါကြောင့် သိတဲ့သူတွေ ဆက်ပြီး လုပ်နိုင်အောင် ကျွန်တော်ရေးလိုက်ပါတယ်။

ပထမဆုံး Symbian Version အတွက် မြန်မာလိုပေါ်အောင်လုပ်ခဲ့သူက ကိုအောင်နိုင်ဦးပဲဖြစ်ပါတယ်။ သူက ပြောထားတာတော့ Unhackable ဖုန်းတွေမှာလည်းပဲ သူရဲ့ Symbianmyanmar ကို သွင်းလို့ရတယ်လို့ဆိုပါ တယ်။ ဒါပေမဲ့ ကျွန်တော့်ဖုန်းက 5th Edition ဖြစ်တဲ့အတွက် သွင်းလို့မရပါဘူး။ အဲဒါနဲ့ ကျွန်တော် ကြံဖန်ပြီး Jailbreak လုပ်ပြီးတော့ Symbianmyanmar ကို သွင်းကြည့်ပါတယ်။ အဲဒီတော့မှ ရပါတယ်။ ဒါပေမဲ့ မြန်မာ ဖောင့်တွေက ထပ်နေတယ်။ ကျွန်တော် ဖုန်းကနေ မြန်မာလိုရေးထားတဲ့ မေးလ်တွေကို ဖတ်ကြည့်တော့ ကိုယ့် ဟာနဲ့ကိုယ်တော့ အဆင်ပြေတယ်လို့ပြောရမှာပေါ့။ ကျွန်တော် အချိန်ရရင်ရသလို ဆက်လက်ရှာဖွေတင်ပြသွား ပါမယ်။ အောက်ကပုံတွေကို ကြည့်ပြီးမှ ကိုယ့်ဖုန်းမှာ လုပ်သင့်မလုပ်သင့်ချင့်ချိန်ကြပါ။


ကိုဏီပေးထားတဲ့ ကော်မန့်ကိုမြင်ရတာပါ။

ဒါက စေတန်ဂေါ့ရဲ့ဘလော့ကိုမြင်ရတာပါ။

 

မြန်မာစာပေါ်အောင် အဆင့်ဆင့်လုပ်ဆောင်ခြင်း

၁။ နောက်ပိုင်းပေါ်နေတဲ့ Smart Phone တွေမှာ အပြင်က ဆော့ဖ်ဝဲသွင်းချင်ရင် သွင်းလို့မရဘဲ Certificate Error ပြနေတတ်တာများတယ်။ ဒါကြောင့် ကိုယ်သွင်းချင်တဲ့ Software ကို သွင်းနိုင်အောင်အရင်ဆုံး ဖုန်းကို Certificate လျှောက်ရမယ်။ (ဖုန်းအားလုံးလုပ်နိုင်ပါတယ်။) လျှောက်ရမယ့် နေရာက http://cer.opda.cn ဖြစ်ပါတယ်။ အဲဒီမှာ ပထမဆုံး Register လုပ်ရပါမယ်။ ပြီးရင် Apply Cer ကနေတစ်ဆင့် ဖောင့်ဖြည့်ရပါမယ်။ ဖောင်မှာ-

phone Model ----
IMEI (*#06#) ---- (*#06#) ကိုနှိပ်ပါ။
Confirm IMEI ----
Remark ---- တွေကို ဖြည့်ရပါမယ်။

အဲဒီစာမျက်နှာအောက်ဆုံးမှာလည်းပဲ လုပ်ရမယ့် Road Map ကို ပုံနဲ့ရှင်းပြထားပါတယ်။ Submit လုပ်ပြီး ခဏစောင့်လိုက်ပါ။ အဲဒါဆို Cer ရပါပြီ။


၂။ Cer ရပြီးပြီဆိုရင် Helloox ကို Singing Softs နှင့် Signed လုပ်လိုက်ပါ။ cer.opda.cn ဆိုက်၏ Menu တွင် ရှိပါသည်။ Signed လုပ်ပြီးမှာ ၄င်းဆော့ဖ်ဝဲကို ဒေါင်းလုပ်ချပြီး ဖုန်းထဲသို့ပြန်သွင်းလိုက်ပါ။
( Install လုပ်နည်းကို ဒီမှာ ဖတ်ကြည့်ပါ။)

၃။ Helloox နှင့် Jail Break လုပ်ပြီးပြီဆိုပါက ကြိုက်သည့် Software များကိုသွင်းနိုင်ပါပြီ။ မည်သည့် Error မှမဖြစ်တော့ပါ။ (ဤအဆင့်ကို မလုပ်ဘဲ နံပါတ် ၃ ကို ဆက်လုပ်နိုင်ပါသည်။)

၎။ မိမိဖုန်းကို အပျိုရည်မပျက် (Jail Break) စေချင်ပါက နံပါတ် (၁)၊ (၂) ကိုမလုပ်ဘဲ Symbianmyanmar ကို Signed လုပ်ပြီး ဖုန်းထဲသို့သွင်းလိုက်ပါ။ Install လုပ်ပြီးပါက ဖုန်းကို Restart ချလိုက်ပါ။ ပြီးလျှင် မြန်မာစာကို မြင်ရပါမည်။

ပြီးပါပြီ။ ဒီထက်ပိုကောင်းတဲ့ နည်းတွေကို ရှာဖွေနေဆဲဖြစ်ပါတယ်။ ဒီနည်းက မြန်မာစာလုံးဝမမြင်ရတာထက် စာရင် တော်သေးတယ်လို့ပြောနိုင်တဲ့ အဆင့်မှာရှိပါတယ်။ လုပ်မယ်ဆိုရင် ကျွန်တော့်ဖုန်းပုံတွေကို ကြည့်ပြီးမှ ဆုံးဖြတ်ပါ။ မလုပ်ခင် ဖိုင်တွေကို Backup လုပ်ထားပါ။ နောက်တစ်ခုက symbianmyanmar ကိုတင်ပြီးရင် Hard Reset လုပ်ပြီးမှသာလျှင် ဖြုတ်လို့ရပါတယ်။ ကျန်တဲ့နည်းနဲ့ဖြုတ်လို့မရပါဘူး။ မရှင်းလင်းရင် ကော်မန့်မှာ မေးလို့ရပါတယ်ဗျာ။ ကျွန်တော်သိသလောက် ပြန်မျှဝေပေးပါမယ်။ ဒီထက်ပိုကောင်းတဲ့ တွေ့ရှိချက်များကိုလည်း ပြန်ပြီးဝေမျှပေးကြဖို့ တောင်းဆိုပါတယ်။

 
လျှပ်စစ်နည်းပညာတစ်ခု တီထွင်အောင်မြင် PDF Print E-mail
သတင်း - နည်းပညာ သတင်း
Written by မျိုးချစ်   
Tuesday, 23 February 2010 08:41
New Generation Generator
 
ပုဂ္ဂိုလ်ရေး အချက်အလက် လုံခြုံမှု မရှိခြင်းအပေါ် Google တောင်းပန် PDF Print E-mail
သတင်း - နည်းပညာ သတင်း
Written by မျိုးချစ်   
Friday, 19 February 2010 02:57

ဂူဂဲလ် ကုမ္ပဏီက အသစ်တီထွင် လိုက်သည့် လူမှုရေးကွန်ရက် အင်တာနက် စာမျက်နှာ “Google Buzz” သည် အသုံးပြုသူများ၏ ပုဂ္ဂိုလ်ရေး အချက်အလက်များ လုံခြုံမှုမရှိခြင်းနှင့် ပတ်သက်၍ တောင်းပန်လိုက်သည်။

 

 

 

 

 

 

 

 

လူမှုကွန်ရက် Google Buzz အကြောင်းကို မိတ်ဆက်ပေးနေသော ဂူဂဲလ် တာဝန်ရှိသူများ (ဓာတ်ပုံ - Reuters)

Google Buzz ကို ဂျီမေးလ်မှ တဆင့် အသုံးပြုနိုင်ရန် စီစဉ်ထားပြီး ဂျီမေးလ်ဖြင့် မကြာခဏ ပြောဆို ဆက်သွယ်လေ့ ရှိသော လိပ်စာများကို Buzzက အလို အလျောက် အပြန်အလှန် ချိတ်ဆက် ပေးသည်။

ချိတ်ဆက် ထားသူများ ကြားတွင် တခြားဆက်သွယ် အသုံးပြုသူများ၏ မေးလ် လိပ်စာများကို ထပ်မံ မြင်တွေ့နိုင်ပြီး ဂျီမေးလ်တွင် ထည့်သွင်း ရေးသား ထားသည့် အသုံးပြုသူ၏ ကိုယ်ရေး မှတ်တမ်းများ (Google Profile) ကို တွေ့မြင်နိုင်မည် ဖြစ်သည်။

ဂျီမေးလ်နှင့် Buzz ထုတ်လုပ်ရေး မန်နေဂျာ Todd Jackon က “ကျနော် တို့ကြောင့် ဖြစ်ပျက်ခဲ့တဲ့ ကိစ္စတွေ အတွက် အလွန် စိတ်မကောင်း ဖြစ်မိပါတယ်၊ အသုံးပြုသူ တွေရဲ့ အကြံပြုချက် တွေကို အခြေခံပြီး ပိုကောင်းအောင် ကြိုးစား ဆောင်ရွက် နေပါတယ်၊ အကောင်းဆုံး အနေအထား မဟုတ်သေးဘူး ဆိုတာလည်း သဘော ပေါက်သွား ပါတယ်”ဟု ဆိုသည်။

ယခု ဖေဖော်ဝါရီလတွင် ဂူဂဲလ်က အသစ်ဖန်တီးလိုက်သည့် Google Buzz အား အသုံးပြုရန် ဂျီမေးလ် အသုံးပြုသူများကို စတင် ဖိတ်ခေါ်ခဲ့ပြီးနောက် အသုံးပြုသူများ၏ ပုဂ္ဂိုလ်ရေး မလုံခြုံမှုများရှိနေသည်ဟူသော ဝေဖန်ချက်များ ထွက်ပေါ်လာခဲ့သည်။

ဂူဂဲလ်က Google Buzzအသုံးပြုသူများ၏ မှတ်ချက် (Comment)၊ အခြား ဆက်သွယ်သော သူများကို မှတ်တမ်း တင်ထားမည့် အပြင် ဖုန်းဖြင့် Buzz ကို အသုံးပြုပါက အသုံးပြုသူ၏ ကိုယ်ရေး မှတ်တမ်း၊ ဓာတ်ပုံနှင့် တည်နေရာကို မှတ်သား ထားမည် ဖြစ်ကြောင်း Buzz ၏ မူဝါဒတွင် ရေးသားထားသည်။

နည်းပညာကို စိတ်ဝင် တစား လေ့လာနေသူ တဦးက “Buzz မှာ ကိုယ်နဲ့ ဆက်သွယ်နေတဲ့ လိပ်စာတွေ အားလုံးကို အခြား ချိတ်ဆက် ထားသူက မြင်နေရတာက ပြဿနာပါ၊ ဒါပေမယ့် Buzz အတွက် အနာဂတ်က ပိုကောင်းဖို့ ရှိတယ်လို့ ကျနော် ထင်ပါတယ်”ဟု ဧရာဝတီသို့ ပြောသည်။

Google Buzzကို အသုံးမပြုလိုပါက ဂျီမေးလ် Setting တွင် Buzz ဟူသော ခေါင်းစဉ်ကို နှိပ်၍ Disable Google Buzz ကို ရွေးချယ်၍ လည်းကောင်း (သို့) ဂျီမေးလ် စာမျက်နှာ အောက်ဆုံးရှိ “Turn off Buzz”ကို နှိပ်၍သော် လည်းကောင်း ပြင်ဆင်၍ ရနိုင်မည် ဖြစ်သည်။

၂၀၀၉ ခုနှစ်မှ စတင်၍ လူမှုရေးကွန်ရက် စာမျက်နှာများသည် အရှိန်အဟုန်ဖြင့် အင်တာနက် အသုံးပြုသူများ အကြား ရေပန်းစား လာပြီး ယခုအခါ ကမ္ဘာတ၀န်းလုံး၌ Facebook အသုံးပြုသူ သန်း ၄၀၀၊ ဂျီမေးလ် အသုံးပြုသူ ၁၇၆ သန်း ရှိကြောင်း သိရသည်။

 
ကျော်ခွဖို့အတွက် PhProxy add-on သုံးကြည့်စို့ PDF Print E-mail
User Rating: / 1
PoorBest 
သတင်း - နည်းပညာ သတင်း
Written by မျိုးချစ်   
Saturday, 30 January 2010 08:40

Proxy ကျော်ခွဖို့အတွက် ခါးတောင်းကျိုက် မနေပါနဲ့တော့ . ခေါင်းစားမနေပါနဲ့တော့ . အိနြေ္ဒရရလေးနဲ့ add-on လေးသုံးပြီး ပေါ့ပေါ့ပါးပါးလေး ကျော်ကြည့်ရအောင်ပါ . လုပ်နည်းကတော့ လွယ်ပါတယ် . တစ်ဆင့်ချင်းသာ လုပ်သွားပါ . firefox add-on ကို သုံးဖူးသူကတော့ ချက်ချင်းသဘောပေါက် သွားမှာပါ အားလုံးပဲ အဆင်ပြေ ကြမယ်လို့ မျှော်လင့်မိပါတယ် .


လုပ်နည်း

  • ဒီကို သွားလိုက်ပါ . Add to firefox ကို နှိပ်ပါ .
  • Download Now နှိပ်ပါ။ ပြီးရင် install လုပ်လိုက်ပါ
  • Firefox Browser ကို restart လုပ်လိုက်ပါ . (တစ်နည်းအားဖြင့် firefox နှင့်ဖွင့်ထားသမျှတွေအားလုံးကို ပိတ်လိုက်ပြီးတော့ ပြန်ဖွင့်ပါ .)
  • Firefox screen ရဲ့ ညာဘက်အောက်မှာ အပြာရောင် P ပုံလေးပေါ်လာပါလိမ့်မယ်။ အဲ့ဒါဆိုရင် phproxy ကို သုံးလို့ရသွားပါပြီ . စမ်းကြည့်လိုက်ပါ .
  • ပိတ်ထားသော ၀ဘ်ဆိုက်တွေ နှင့် Website တစ်ခုခုကို ဖွင့်ရင်းနဲ့ Access Denied page ပေါ်လာလျှင် အပြာရောင် P လေးကိုသာ နှိပ်ပြီး ခဏစောင့်လိုက် ပြီးတာနှင့် ပိတ်ထားသော website ပွင့်လာ ပါလိမ့်မယ်။


ကဲ အားလုံးပဲ အဆင်ပြေကြမယ်လို့ မျှော်လင့်ပါတယ် .

{{{နှိပ်ပါ}}}

ကဲ အားလုံးပဲ အဆင်ပြေကြမယ်လို့ မျှော်လင့်ပါတယ်

http://www.nyinaymin.com/2010/01/phproxy-add-on.html မှရယူပါသည်။

 
ဗမာ့ရေးရာအဖွဲ့သားများမှ အခမဲ့ ဘလော့ဂ် ပြုလုပ်ပေးမည် PDF Print E-mail
သတင်း - နည်းပညာ သတင်း
Written by မျိုးချစ်   
Tuesday, 08 December 2009 11:50

လူကြီးမင်း အနေဖြင့် ကိုယ်ပိုင် ဘလော့ဂ် ပြုလုပ်မည် ဆိုပါက လူကြီးမင်းအား ဗမာ့ရေးရာအဖွဲ့သားများမှ ဘလော့ဂ် ပြုလုပ်ပေးရန် အဆင့်သင့် ရှိနေပါသည် ။

လူကြီးမင်း အနေဖြင့် ကိုယ်ပိုင် ဘလော့ဂ် ပြုလုပ်ရန် ဆန္ဒရှိပါက ကျွန်မတို့ ဗမာ့ရေးရာအဖွဲ့ ၏ Blog Templates ၀ပ်ဆိုဒ် www.ban-templates.org.uk.tt သို့ သွားရောက်ပြီး လူကြီးမင်း ပြုလုပ်လိုသော ဘလော့ဂ် တန်းပရိတ်ပုံစံနံပါတ် ( ဥပမာ - BAN-001 ) နှင့် ဘလော့ဂ်တွင် ဖော်ပြမည့် လိုအပ်သည့် အချက် အလက် များအား လည်းကောင်း ၀ပ်ဆိုဒ်တွင် ရှိသော Form အား ဖြည့်စွက်ပြီး အတည် ပြုပေးပါရန် လို အပ်ပါသည်။လူကြီးမင်း အတည် ပြုသည့် ရက်မှ ( ၂ ) ရက် အတွင်း ကိုယ်ပိုင် ဘလော့ဂ် ပြုလုပ် ပေးမည် ဖြစ်ပါသည်။

Blogspost Name အပြင် ကိုယ်ပိုင် ဒိုမိန်း ထပ်မံ ရယူလိုသူများ အနေဖြင့် ကျွန်မတို့ ဗမာ့ရေးရာအဖွဲ့ ၏ Burma Affairs Register a Domain ၀ပ်ဆိုဒ် http://www.ban-domain.org.uk.tt သို့သွားရောက်ပြီး လည်းကောင်း ၀ပ်ဆိုဒ်တွင် ရှိသော Form အား ဖြည့်စွက်ပြီး Register ပြုလုပ်ပေးရန် လိုအပ်ပါသည်။ လူကြီးမင်းမှ Register ပြုလုပ်ပြီး ( ၅ ) နာရီအတွင်း လူကြီးမင်း Register ပြုလုပ်ထားသော ဒိုမိန်း အား အတည်ပြု စတင် သုံးစွဲလို့ ရကြောင်း အကြောင်း ကြားပေးမည် ဖြစ်ပါသည်။

ဗမာ့ရေးရာအဖွဲ့သားများ အနေဖြင့် Blog ပြုလုပ် ပေးခြင်း နှင့် ကိုယ်ပိုင် ဒိုမိန်းပြုလုပ် ပေးခြင်း ၏ ရည်ရွယ်ချက်မှာ ....

၁။ မြန်မာပြည်ရှိ ပြည်သူ/ပြည်သားများ သတင်းလွတ်လပ်ခွင့်ရရှိရေး
၂။ သတင်း နှင့် နည်းပညာ တိုးတက်ရေး
၃။ မြန်မာပြည် စစ်မှန်သော ဒီမိုကရေစီရရှိရေးအတွက် တဖက်တလမ်းမှ မီဒီယာစွမ်းအား ဖြင့် စစ်အစိုးရအား တိုက်ပွဲဝင်ရေး တို့ ဖြစ်ပါသည်။

ကျွန်မတို့ ဗမာ့ရေးရာအဖွဲ့သားများ နှင့် ပူးပေါင်း ဆောင်ရွက်လိုသူ များအားလည်း လေးစားစွာ ဖိတ်ခေါ် အပ်ပါသည်။

 

Note: Offer above is sponsored directly by www.ban-templates.org.uk.tt. Please sign up at your own risk.
Myo Chit Myanmar is not affiliated with sponsor’s organization in any way and/or will not be held responsible for any damage that may cause by your acceptance.

 
<< Start < Prev 1 2 3 4 Next > End >>

Page 1 of 4

မျိုးချစ်မြန်မာ က ကြိုဆိုပါတယ်

ခုလို...အကြောင်းအမျိုးမျိုးနဲ့ 
နိုင်ငံရပ်ခြားမှာ ရောက်နေကြရပေမယ့်
အမိမြေကို လွမ်းဆွတ်ရင်း
မြန်မာတွေကို ချစ်တဲ့...
မြန်မာတွေရဲ့
မျှော်လင့်ရင်း နစ်မွန်းနေဆဲ ဘဝတွေက
လွတ်မြောက်စေချင်တဲ့စိတ်နဲ့
စာနာ နားလည် ပေးတတ်သူတိုင်း အတွက်
ရည်ရွယ်ပါတယ်။
လူအခွင့်ရေးအတွက် ဆက်တိုတ်ပွဲဝင်နေတဲ့
မျိုးချစ်မြန်မာ သူရဲကောင်းများကိုလဲ
ကျွန်တော့် အသက်ရှိနေသေးသ၍
ထောက်ခံအားပေးနေပါတယ်။
အပြုသဘောနဲ့ ဝေဖန် အကြံပေးမှုများကိုလည်း
အမြဲတမ်းကြိုဆိုပါတယ်။

"အမိမြန်မာပြည်ကြီးလဲ..
ချစ်တဲ့အမေစုနဲ့အတူ..
မကြာခင်လွတ်မြောက်နိုင်ပါစေ"

မျိုးချစ်မြန်မာ

Myo Chit Live (Webcasting)

Join Myo Chit Myanmar Fan Club

Contact Myo Chit

Myo Chit

President

Myo Chit Myanmar HD Media Production
California, USA
Phone - (310) 734-8310
Mon - Sat 10:00 AM - 7:00 PM PST
Please call only during business hour.

Can't read fonts?

Can't see Myanmar letters?

You need to install Zaw Gyi Font.
Already installed but still can't see yet?
Then you will need to remove the old fonts first.
Use both of these removers below and restart your PC.
Open C:/windows/fonts and make sure there is no ZawGyi fonts installed.
Vista user will need to install Key Board first
Download and unzip the file,
Open the folder and click on the file named setup
64 Bit version users need to choose a file accordingly
Then download and reinstall ZawGyi from below,
Then restart your PC again.

Enjoy!

Get ZawGyi Remover

Get Gtalk Add-In Remover

Get ZawGyi Blog day Version (Best)

Get ZawGyi Key Board For Vista

ဗိုလ်ချုပ်ပြောခဲ့တဲ့ စစ်သားဆိုတာ...

စစ်သားမဟုတ်ပေမယ့်
နိုင်ငံအတွက် အမျိုးမျိုးအနစ်နာခံ၊
အမျိုးမျိုးစွန့်စားလုပ်ကြတဲ့ လူတွေလည်း ရှိတာပဲ…
အဲဒါကြောင့်
စစ်သားမှ စစ်သားဆိုတဲ့
စိတ်ဓါတ်ကို ပြောင်းကြရမယ်။
ငါတို့ဟာ လက်နက်ကိုင်တွေ ဖြစ်ကြသော်လည်း
မတရားမလုပ်၊
နိုင်ငံရဲ့ ရန်သူတွေမဟုတ်၊
နိုင်ငံရဲ့ မိတ်ဆွေတွေဖြစ်တယ်ဆိုတာကို
သဘောပေါက်ရမယ်

(ဗိုလ်ချုပ်အောင်ဆန်း)

ခေတ်သစ် ဒို့ဗမာ

မြန်မာပြေသည် ဒို့ပြေ..
အောင်ဆန်းစုကြည် ဒို့အမေ…
မြန်မာစာသည် ဒို့စာ..
ခွပ်ဒေါင်းသွေးနဲ့ ရေးခဲ့တာ…
မြန်မာစကားသည် ဒို့စကား..
သန်းရွှေပြောတာမုသားပါ…

ဒို့အမေကို ချစ်ပါ..
ဘုန်းဘုန်းတွေကို စောင့်ရှောက်ပါ..
တပ်နဲ့ပြည်သူ ပူးပေါင်းပါ..
နအဖကိုတိုက်ထုတ်ပါ…

မျိုးချစ်

ငါတို့ အမေ

သံဝေဂ လင်္ကာ အသစ်

ပစ်တုန်းကလဲ တဲ့တဲ့ဘဲနော့
မြတ်သောသံယာ မရှောင်ပါဘူး
မေတ္တာချည်းနှည်း မိုက်လုံးကြီး

ပစ်ပြီးတော့လဲ မရှက်ဘဲပေါ့
ကမ္ဘာ့လယ်မှာ ဝန်မခံပါဘူး
သန်းရွှေခွေးကြီး သောက်ပြောကြီး

ဒီခွေးမသား ကံအားကောင်းစဉ် ချိန်လေးတွင်မှ
သင်္ဃန်းဝတ်ရုံ သွေးလွှမ်းခြုံခဲ့
မြင်ရာသတ်ဟ ထိုဒေါသနှင့်
နအဖတွင် ခွေးစိတ်ဝင်သည်
ငရဲပင်မေ့နေလေပြီလား

မျိုးချစ်

ပြည်သူ့သဘောထား (အစစ်)

လက်နက်အားကိုး မအေရိုး
သူခိုး အဖေခေါ်သူများအား ဆန့်ကျင်ကြ…

သာသနာတော်ပြန်လည်ထွန်းကားရေးနှင့်
သံဃာတော် များ၏ အရေးကို
သတ်ဖြတ်နှိမ်နင်းသူများအား ဆန့်ကျင်ကြ…

နိုင်ငံတော်၏ ပြည်တွင်းရေးကို
ဝင်ရောက်ကူညီ ဖြေရှင်းပေးသော
ပြည်ပနိုင်ငံများအား ဆက်သွယ်ကြ…

ပြည်တွင်းပြည်ပ ဘလော့ဂါများအား
မိတ်ဆွေစစ်အဖြစ် သတ်မှတ်လက်တွဲကြ…

မျိုးချစ်

အောင်ပွဲဆင်ဖို့ ထောင်ထဲဝင်စို့

အင်တာဗျူးများ

<a href="http://www.imeem.com/people/uC-QXqr/playlist/n2cbiqQU/interviews_music_playlist/">အင်တာဗျူးများ</a>

မျိုးချစ်၏သီချင်းများ

မြန်မာစံတော်ချိန်

C-BOX မှာ Register လုပ်ရန်

C-BOX မှာ Register လုပ်ရန်

ကျွန်တော်တို့နဲ့အတူ
ဝင်ရောက်ဆွေးနွေးလိုသူများ
သင့်အမည်ရင်း အပြည့်အစုံ နဲ့
နေထိုင်ရာ မြို့ နဲ့တိုင်းပြည်ကို ပြောပါ
သင်သုံးလိုတဲ့ user name ကို ရွေးပါ
မြန်မာလိုလဲရပါတယ်
password ကို English လို ရွေးပါ
ပြီးရင် myochitmyanmar@gmail.com ကို ပို့လိုက်ပါ
ကျွန်တော် ၂၄ နာရီအတွင်း activate လုပ်ပေးမှာပါ
registered user တွေ log in လုပ်တဲ့အခါ
သင့် user name ကို အရင်ရေးထည့်လိုက်ပါ
ပြီးမှ profile ကိုနှိပ်လိုက်ပါ
ပြီးရင် password ကိုထည့်လိုက်ပါ
ဒါပါဘဲဗျာ လွယ်ပါတယ်နော်…
အားလုံးကို ကျေးဇူးအထူးတင်ပါတယ်

မျိုးချစ်

Got G-Talk!

ZawGyi Converter

Visiting from another computer?

Can't read or install Zaw Gyi?

Just copy the letters you can't read
then paste them into this box

Wala!!!  :P

Enjoy!

စကားပြောခန်း

Watch DVB (Live)

DVB ရုပ်မြင်သံကြားအစီအစဉ် ကို လေလှိုင်းပေါ်မှနှင့် တစ်ပြိုင်ထဲ ကြည့်ရှုအားပေးနိုင်ကြပါပြီ
ဒါပေမယ့် အကြောင်းအမျိုးမျိုးကြောင့် အသံဖွင့်ပြီး နားမထောင်နိုင်သူများ အတွက် အသံကို ပိတ်ထားပါတယ်
အသံပါနားဆင်ချင်သူများကတော့ Mute Button လေးကို နှိပ်ပြီး Unmute လုပ်လိုက်ယုံပါဘဲ
Full Screen နဲ့ကြည့်ချင်တဲ့သူတွေ ဒီ Screen လေးပေါ်မှာ Right Click လုပ်ပြီး Zoom ကနေ Full Screen ကိုရွေးလိုက်ပါ

Click HERE to go to direct url.

အဆင်ပြေကြမယ်လို့ထင်ပါတယ်

မျိုးချစ်

ပြန်လည်ရှာဖွေရန်

မဂ္ဂဇင်းများ

မြန်မာ့ရေးရာ သတင်းဌာနများ

အနုပညာ ကွန်ယက်များ

ဘာသာရေး စာမျက်နှာများ

ပရဟိတ အဖွဲ့အစည်းများ

နည်းပညာဆိုင်ရာများ

မိတ်ဆွေ Blogger များ

Web Dictionary

Mr. Creator ၏ ထိုးနှက်ချက်များ

မျိုးချစ်မြန်မာ ရဲ့ ဧည့်သည်ဦးရေ

ကမ္ဘာတဝှန်းမှ မိတ်ဆွေများ

ခုဘယ်သူတွေရှိနေသလဲ

သိနေတယ်လေ