Home သတင်း ဘာသာရေးသတင်း
ဘာသာရေး သတင်း
ဒုတိယကြိမ်မြောက် ရခိုင်ရိုးရာပန်းရထားဆွဲပွဲ PDF Print E-mail
သတင်း - ဘာသာရေး သတင်း
Written by မျိုးချစ်   
Saturday, 30 January 2010 13:28

Please click on photo to ENLARGE!

ဒုတိယကြိမ်မြောက်ရခိုင်ရိုးရာပန်းရထားဆွဲပွဲ(25.01.2010မှ 29.01.2010)
(ကမ်းနားလမ်း၊မိဇံရပ်ကွက်၊ စစ်တွေမြို့)

ရထားဆွဲခြင်းနှင့် ရခိုင်ရိုးရာပန်းရထားဆွဲပွဲဖြစ်ပေါ်လာပုံသမိုင်းအကျဉ်း)

ရထားဆွဲခြင်းအစဗုဒ္ဓရှင်တောဂေါတမမြတ်စွာဘုရားရှင်ခမည်းတော်မှာကပိလ၀တ်ပြည်ရှင်သုဒ္ဓေါဒနမင်းဖြစ်ပြီး မယ်တော်မာယာမှာဒေ၀ဒဟတိုင်းပြည်သူဖြစ်သည်။မယ်တော်မာယာမှာဗုဒ္ဓလောင်းလျာအားပဋိသန္ဓေယူချိန်၌ မိမိမွေးဖွားရာဒေ၀ဒဟပြည်သို့ခေတ္တပြန်လာစဉ်လမ်းခရီးဝက်တိုင်းပြည်နှစ်ပြည်ကြား ``လုမ္ဗိနီတော´´
ရှိဗုဒ္ဓလောင်းလျာသိဒ္ဓတ္ထမင်းသားအားဖွားသန့်စင်တော်မူပြီးနောက်ခုနစ်ရက်နေ့တွင် လွန်တော်မူသည်။
ထိုစဉ်ကပိလ၀တ်တိုင်းနှင့်ဒေ၀ဒဟတိုင်းနှစ်ပြည်ထောင်သားအပေါင်းတို့မှာမယ်တော်မာယာအကြွင်းအကျန် ရုပ်ကလာပ်တော်ကို သင်္ဂြိုဟ်တာဝန်ယူလိုသည့်တစ်ပြည်နှင့်တစ်ပြည်အငြင်းပွားဖွယ်ဖြစ်လာပါသည်။သို့ဖြစ်ပါ၍
မယ်တော်မာယာ၏ကြွင်းကျန်ရုပ်ကလာပ်တော်ကိုပန်းယိုင်ရထားဆင်ပြီး နှစ်ပြည်ထောင်သားအပေါင်းတို့က
အပြိုင်ဆွဲကာဆုံးဖြတ်ခဲ့ရကြောင်းသိရပါသည်။ရခိုင်ရိုးရာရထားဆွဲပွဲအစသက္ကရာဇ်(၈၇၈)ခုနှစ်မြောက်ဦး
နန်းတက်စိုးစံဘုရင်မင်းဘာ လက်ထက်၌ မဟာပညာ ကျော်နှင့် ဦးမြ၀ါ (သျှင်ငယ်မြ၀ါ) ကဲ့သို့ ပညာရှိများနှင့်
လောကီပညာရှင်များ ပေါ်ထွန်းခဲ့ ကြောင်း သိရသည်။ ဦးမြ၀ါ (သျှင်ငယ်မြ၀ါ) မှာ
ဘုရင့်တိုင်းပြည်ရေးရာကိုလောကီပညာဖြင့်ကူညီထမ်းဆောင်နေသူအဖြစ်ထင်ရှားသည်။တစ်ခါသော် သျှင်ငယ်မြ၀ါသည်တိုင်းပြည်ရှေ့ရေးအတိတ်နိမိတ်မကောင်းခြင်းကိုမြင်ရာမင်းဘာဘုရင်ထံ သွားရောက်ပြီးကြာသပတေးရက်သားရှင်တစ်ဦး၏ရင်ကိုခွဲ၊အူကိုထုတ်ကာ၎င်းလဲကျကွယ်လွန်ရာနေရာတွင်သာ မြုပ်နှံရန် လျှောက်တင်သည်။ ထိုစဉ်လောကီ ပညာရှင်ဦးမြ၀ါမှာ ကြာသပတေးရက်သားဖြစ်ပြီး
မိမိ၏ရင်ကိုခွဲကာအူကိုထုတ်၍နန်းတော်အားပတ်စဉ်ယုတ်ညံ့သောအရပ်၌လဲကျကွယ်လွန်ခဲ့ကြောင်း သိရသည်။
ထိုသို့မျိုးချစ်တိုင်းပြည်ရတနာဖြစ်သူအားဘုရင်ကယုတ်နိမ့်အရပ်တွင်မမြုပ်စေဘဲမြင့်မြတ်အရပ်၌သာ မြုပ်နှံစေရာပြည်သူအပေါင်းနှင့်သဘောထားကွဲလွဲပြီးသျှင်ငယ်မြ၀ါ၏ကြွင်းကျန်ရုပ်အလောင်းအား ပန်းရထားပေါ်တွင်တင်ပြီးပြည်သူတစ်ဘက်၊ဘုရင်ဖက်တော်သားတို့ကတစ်ဘက်၊သူ့ဘက်ကိုယ့်ဘက် အနိုင်ရရှိစေရန်အပြိုင်ဆွဲခဲ့ကြကြောင်းသမိုင်းအရ သိရှိရပါသည်။ထိုအချိန်မှစတင်ကာလောကီပညာရှင်သျှင်ငယ် ဦးမြ၀ါအားဂုဏ်ပြုပြီး နှစ်စဉ်နှစ်တိုင်းတပို့တွဲလရောက်တိုင်းရထားဆွဲပွဲကျင်းပကြခြင်းဖြစ်ပါသည်။
ကုံရာသီတပို့တွဲရထားဆွဲတစ်နှစ်လုံး၏ ဆောင်းရာသီတစ်လတည်း၌သာရထားဆွဲပွဲကိုကျင်းပသည်။
တောင်သူလယ်သမားများနှင့်ပြည်သူအပေါင်းစပါးရိတ်ပြီးချိန် ငွေရွှင်ချိန်နှင့်ရှေ့လာမည့်နှစ်တွင်ရာသီဥတုကောင်းမွန်စေရန်နှင့်စပါးဆန်ရေပေါများစေရန်ရည်ရွယ်၍လည်း တပို့တွဲလတွင်ရထားဆွဲကြကြောင်းစာဆိုသုတေသီအပေါင်းက ဆိုသည်။မြောက်ဦးခေတ်ကအစပျိုးကာ
ဗြိတိသျှခေတ်နှင့်ဒုတိယကမ္ဘာစစ်နှောင်းပိုင်းတွင်လည်းစဉ်ဆက်မပြတ်ရထားဆွဲပွဲကိုရခိုင်ဒေသအသီးသီးတွင် ကျင်းပခဲ့ကြကြောင်း သိရသည်။ ယနေ့ အချိန်အခါတွင်နှစ်စဉ်နှစ်တိုင်း ရထားပွဲကို ကျင်းပသော်လည်း စစ်တွေမြို့တွင် လွန်ခဲ့သောနှစ်ပေါင်း (၄၀) ခန့်ကပင် ရထားဆွဲပွဲ မကျင်းပခဲ့ကြောင်း သိရပါသည်။ရထားဆွဲရန် သစ်သားဘောင်ကို ခိုင်ခန့်အောင်လုပ်ပြီး သစ်သားဘီးများဖြင့်တွဲဆက်ကာ ရထားအလယ်၌ ၀ါးညွှန့်ပင်ကို စိုက်ထူကာရထားတစ်ဘက်တစ်ချက်၌ကြိုးဖြင့်ဆွဲကြသည်။ ရပ်ကွက်အသီးသီးမှတစ်ဘက်နှင့်တစ်ဘက် အပြိုင်ဆွဲ (သံကျိပ်) သံချပ်ထိုးကြသည်။ညီညွတ်စုပေါင်းခွန်အားနှင့်အားကစားစိတ်ဓာတ်၊မိသားစုစိတ်ဓာတ်ကိုအခြေခံကာ ယှဉ်ပြိုင်ကြသည်။ရှေးနှစ်ပေါင်းများစွာကပင် ရထားဆွဲပွဲကို တပို့တွဲလဆန်းတွင် ဆွဲကြပြီးတပို့တွဲလပြည့်ည
ရောက်တိုင်းရထားကိုအနိုင်ရသည့်ဘက်ကမီးရှို့လေ့ရှိကြသည်။ရခိုင်ရိုးရာရထားဆွပြွဲကို ကျင်းပသည့်ရပ်ကွက်သည်(၃) နှစ်ဆက်တိုက်ကျင်းပရသည့်ဓလေ့ရှိကြောင်းသိရသည်။သို့ဖြစ်ပါ၍
ရခိုင်ရိုးရာအစဉ်အလာပွဲတော်တစ်ခုဖြစ်သည့်မပျောက်ကွယ်ရလေအောင် ထိန်းသိမ်းရင်း ရထားဆွဲပွဲ
ပါဝင်ဆင်နွှဲပါရန် ဖိတ်ခေါ်လိုက်ရပါသည်။ပြန်လည်ဖော်ထုတ်မှု၂၀၀၉ ခုနှစ်၊ မိဇံရပ်ကွက်၊
ရခိုင်ရိုးရာ ရထားပွဲကျင်းပရေးကော်မတီအနေဖြင့်နှစ် (၄၀) မျှ ပျောက်ဆုံးနေသည့်ရထားဆွဲပွဲအားအသက်
(၆၅)နှစ်အထက်မိမိကိုယ်တိုင်ပါဝင်ခဲ့ဖူးသူအသက်ကြီးသူများ၊အသက် (၉၃) နှစ် အထက်ရှိသူများအားသဘာပတိ (၉)ဦးတင်မြှောက်လျက်သက်ဆိုင်ရာမိဇံရပ်ကွက်လူကြီးလူငယ်များမြို့ပေါ်စေတနာရှင်များအပါအ၀င် ဖွဲ့စည်းထားပါသည်။
ဖိတ်ခေါ်သံချပ်
မောင်ရို့ ၊ မယ်ရို့ - လေး-လေး-လေး-လေး
ချမ်းရေကြက်တေ ၊ အိမ်မှာနီလို့
ပုဆိုးခြုံဗျာ ၊ ကုပ်ပီးကေ
မီးလှုံဗနာ ၊ ဆောင့်ကြောင့်ထိုင်လို့
ထိုစကား၊ ဒေစကား ၊ ပြောနီလာ
တပို့တွဲလမှာ ၊ ရထားပွဲ
ချမ်းစွာတိကို ၊ ဘေးဖယ်ထား
ချွေးထွက်သံယို ၊ ရထားဆွဲဖို့
အားလုံးလာလတ် ၊ ဖိတ်ခေါ်ရေ ။
ရိုးရာစိုင်လာ ၊ မမိန့်ကောင်း
ထိန်းသိမ်းဂတ်မေ ၊ ရခိုင်သားရို့
ထိန်းသိမ်းဂတ်မေ ၊ ရခိုင်သားရို့
(မောင်ရို့ - မောင်ရို့ - လေး-လေး-လေး-လေး)၂ ရာသီကုံလွဲ၊ တပို့တွဲသည်၊ လွမ်းဖွေပင်
ပျော်ရွှင်လူ့ရပ်မြေ၊ ရထားသဘင်၊
နှစ်စဉ်ငင်သည်၊ သောင်းခွင်
ဤလူ့ပြည်ထက် ပျော်ရွှင်ဖွယ်လူတို့၌
(စာဆိုဥက္ကာပျံ၏ ရထားသဘင်ဖွဲ့၊ တပို့တွဲလရတု)
AD-1653-1612
by kumara@ u zin blue
for more information
website: - www.alodawpyei.org

E-Mail - This e-mail address is being protected from spambots. You need JavaScript enabled to view it

 
အလိုတော်ပြည့်ဘုရားနှင့်ပတ်သက်၍ ရှင်းလင်းချက် PDF Print E-mail
သတင်း - ဘာသာရေး သတင်း
Written by မျိုးချစ်   
Tuesday, 08 December 2009 12:13

(၁၃၇၁-ခုနှစ် နတ်တော်လဆန်း ၁၄-ရက် အကြိုအဓိဋ္ဌာန်ပွဲတွင် အလိုတော်ပြည့်ဘုရား ဂေါပကအဖွဲ့ ကျေးဇူးတင်ဝမ်းမြောက်ကြောင်းစာ။ ဦးပညာသာရ (မိတ္ထိလာ-အလိုတော်ပြည့်)မှ ဖတ်ကြားသည်။)
သဒ္ဓါကြည်လင် ပါရမီရှင် သူတော်ကောင်းအပေါင်းတို့ခင်ဗျာ… (၁၈) ကြိမ်မြောက် အလိုတော်ပြည့်ဗုဒ္ဓပူဇနိယဘုရားပွဲတော်သို့ ရောက်ရှိလာကြကုန်သော ပါရမီရှင် သဒ္ဓါရှင်အပေါင်းတို့အား ကျွန်တော်တို့ ဂေါပကအဖွဲ့မှ ၀မ်းမြောက်ဝမ်းသာ ခရီးဦးကြိုဆို၍ ဂါရ၀ပြုပါကြောင်း ဤအလိုတော်ပြည့်စေတီတော်မြတ်တည်ရှိသည့် နေရာသည် ကျန်စစ်သား မင်းတရားကြီး၏ အောင်မြေအစစ်ဖြစ်ပြီး အဓိဋ္ဌာန် (၃) ချက်ပြည့် မြေနေရာနှင့် ကျန်စစ်သား မင်းတရားကြီးကိုယ်တိုင် တည်ထားကိုးကွယ်ခဲ့သည့် အလိုတော်ပြည့်ဘုရားစေတီဖြစ်ကြောင်း သမိုင်းအထောက်အထားဖြင့် တွေ့ရှိရပါသည်။ အေဒီ ၁၁-ရာစု၌ တည်ထားကိုးကွယ်ခဲ့သော ကျန်စစ်သားမင်းကြီး ကောင်းမှုဖြစ်သည့် အလိုတော်ပြည့်စေတီဘုရားကို ပြန်လည်ပြုပြင်သည့် အင်းဝခေတ်မှ သင်ကြီး ငတုတ်သင် ပြုပြင်ခဲ့ပြီး မိုးဒဏ် လေဒဏ် ဥတုဒဏ်ကြောင့် နောက်ပိုင်း တိမ်မြုပ်ပျောက်ကွယ်၍ နေခဲ့သော ယခုဖူးတွေ့နေရသော ဤစေတီတော်မြတ်သည် ရှေးမူလက်ရာမပျက်ဘဲ ဖူးတွေ့နေရခြင်းမှာ အလိုတော်ပြည့်ဆရာတော်ဘုရား၏ ပြန်လည်ပြုပြင်စီမံပြီး ဖော်ထုတ်ပေးခြင်းကြောင့် ပြည်သူအများ တစ်နှစ်တစ်ကြိမ် လာရောက် ဖူးမျှော်ခွင့်ရရှိပြီး ကုသိုလ်မင်္ဂလာတိုးပွားခြင်းတို့ တွေ့ရှိရပါသည်။
အလိုတော်ပြည့်စေတီတော်မြတ်၏ မွန်ဘာသာဖြင့် အလိုတော်ပြည့်အဓိပ္ပာယ်ရသော ဤဘုရားစေတီတော်မြတ်ကို သစ်သီး၊ ဆွမ်း၊ ပန်း၊ ဆီမီး၊ ရေချမ်းတို့ဖြင့် ဆရာတော်၏ စီမံညွှန်ကြားချက်အတိုင်း စနစ်တကျ ဆုတောင်းပတ္ထနာပြုခဲ့ကြသူများ ဂေါပကမှတ်တမ်းအရ ရာချီပြီး အလိုပြည့်ကြပါသဖြင့် ဘုရားကို ကျေးဇူးဆပ်သောအနေအားဖြင့် ပြန်လည်လှူဒါန်းခြင်း နောက်ထပ်လာပြီး ဆုတောင်းခြင်းစသည်များကို ဆုတောင်းပြည့်သည့် ကာယကံရှင်များ ပြန်လည်ပြောကြားသဖြင့် မှတ်တမ်းတင်ရှိပါသည်။
မိမိစိတ်သဘောအတိုင်း ဆုတောင်းပြီး အလိုဆန္ဒပြည့်ဝသူများလည်း မြောက်မြားစွာ တွေ့ရှိနေရပါသည်။ ပြည်တွင်းပြည်ပ နိုင်ငံခြားပါမကျန် နတ်တော်လပြည့်နေ့ ရောက်ရှိတိုင်း မိမိတို့၏ အိမ်၌ ကိုးကွယ်ထားသော အလိုတော်ပြည့် ဗုဒ္ဓရုပ်ပွားတော်ထံမှ ဆွမ်း၊ ဆီမီး၊ ရေချမ်း၊ ပန်း၊ သစ်သီးတို့ဖြင့် လှူဒါန်းဆုတောင်း၍ အလိုပြည့်ကြသူများ များပြားလှသည်ကို ပြန်ပြော၍ မှတ်တမ်းတင်ထားခြင်းကို တွေ့ရှိရပါသည်။ ဒါကြောင့် ယုံကြည်သဒ္ဓါ ပွားများစွာဖြင့် တကယ်တမ်း ယုံကြည်မှုအားကိုးပြီး တိကျမှန်ကန်သော ဆုတောင်းခြင်းစနစ်ဖြင့် လှူဖွယ်ဝတ္ထု ပြည့်ပြည့်စုံစုံ လှူဒါန်းပြီး ဆုတောင်းပါက တကယ်ပြည့်စုံသည့် အကြောင်းကို အများပြည်သူ ဆုတောင်းပြည့်သောပုဂ္ဂိုလ်များက သက်သေပြနေပါသည်။
ရောက်ရှိလာကြကုန်သော သဒ္ဓါကြည်လင် ပါရမီရှင် အပေါင်းတို့ အချို့အချို့သော ပုဂ္ဂိုလ်များ မယုံတစ်ဝက် ယုံတစ်ဝက်ဖြင့် ဆုတောင်းပြီး ပြည့်စုံသွားသော ပုဂ္ဂိုလ်များလည်း မနည်းလှပါဘူး။ တစ်ချို့ကလည်း လုံးဝမယုံကြည်ဘဲ အမနာပ ကဲ့ရဲ့ရှုတ်ချ သရော်သလို ပြောင်သလို ပြောဆိုနေကြတာကို တစ်စွန်းတစ်စ ကြားရပါတယ်။ ဒါဟာ မနာလိုတဲ့စိတ် မကြိုက်တဲ့စိတ်ထားဖြင့် အပြစ်ပြောတာ ရောက်ပါတယ်။ ဘုရားရှင်ကိုလည်း ကဲ့ရဲ့အပြစ်ပြောတာ ရောက်ပါတယ်။ ဗုဒ္ဓဘာသာ မြန်မာလူမျိုးတို့၏ ရှေးပဝေသဏီကစပြီး ဆုတောင်းဆုယူဆိုတာ ရှိခဲ့ပါတယ်။ သြကာသကန်တော့ခန်း၌ နောက်ဆုံး နိဗ္ဗာန်ရရပါလို၏လို့ ဆုတောင်းခြင်းသည် မမြင်ရ မသိရ မရောက်ရသေးတဲ့ နိဗ္ဗာန်ကို အနုမာနနည်းအားဖြင့် မှန်းဆ၍ ရောက်လိုသော ဆန္ဒ စိတ်ဓာတ်မျိုးဖြင့် ဆုတောင်းကြတယ်၊ ပြောကြပါတယ်၊ ဆုတောင်းသည့်အတိုင်း တကယ်အားထုတ်ရင် တကယ် မဂ်ဖိုလ်နိဗ္ဗာန် ပြည့်စုံပြီး ရောက်သွားတယ်ဆိုတာ သံသရာဖြစ်စရာမလိုဘူးဆိုတာ တွေ့နေကြရပါတယ်။
ဒါကြောင့် တကယ်သဒ္ဓါတရားရှိပြီး ဘုရားအပေါ်၌ မမှိတ်မသုန် ယုံကြည်သောအား ရှိခဲ့ပါလျှင် “သဒိသံ ပါကံ ဇနေတိ”ဆိုတဲ့အတိုင်း တူသောအကျိုးကို ပေးနိုင်ပါတယ်။ သို့သော်လည်းပဲ ဘုရားက တစ်လုံးတစ်ခဲတည်းပဲ ပေးနိုင်တာမဟုတ်ဘဲ မိမိဝတ္ထုလှူဖွယ် သဒ္ဓါတရားကသာလျှင် တူသောအကျိုးကို ပေးစွမ်းနိုင်ခြင်း ဖြစ်ပါတယ်။ ဒါကြောင့်မို့လို ဆုတောင်းပွဲကို အားခဲပြီး ရောက်လာကြကုန်သော သူတော်ကောင်းအပေါင်းတို့အား မမှိတ်မသုန် ယုံကြည်ခိုင်မြဲသော သဒ္ဓါတရားထားပြီး မိမိလှူဒါန်းသော လှူဖွယ်ဝတ္ထုများ သဒ္ဓါစိတ်ဓာတ်ပွားများပြီး ဂုဏ်တော်ကိုးပါးနှင့် ပွားများဆောက်တည်ခဲ့တဲ့ အဓိဋ္ဌာန်ဖြင့် ပြုလုပ်ခဲ့ပါလျှင် မိမိနှင့်ထိုက်တန်တဲ့အကျိုးတရားတစ်ခုခုကို ခံစားရမယ်လို့ ယုံကြည်ချက်ကို လက်ခံထားပြီး အားထုတ်ကြပါလို့ တိုက်တွန်းယင်း နိဂုံးချုပ်အပ်ပါတယ် ခင်ဗျား။
 
 သာသနာတော်နှစ် ၂၅၅၃ ခုနှစ်၊ ကောဇာ ၁၃၇၁-ခုနှစ် (၃၀-၁၁-၂၀၀၉-ခုနှစ်) (၁၈) ကြိမ်မြောက် အလိုတော်ပြည့်ဗုဒ္ဓပူဇနိယဘုရားအဓိဋ္ဌာန်ပွဲ အစီအစဉ်
 
၁။ အခမ်းအနားကို “နမော တဿ”သုံးကြိမ် ရှိခိုး ဖွင့်လှစ်ရန်။
၂။ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ မဟာဂန္ထ၀ါစကပဏ္ဍိတ၊ ပရိယတ္တိသာသနဟိတဓရ၊ ဒေါက်တာ ဘဒ္ဒန္တအရိယ၀ံသ ကျေးဇူးတော်ရှင် ပြည်တွင်းပြည်ပသာသနာပြု အလိုတော်ပြည့်ဆရာတော်ဘုရားကြီးထံမှ ငါးပါးသီလခံယူဆောင်တည်ရန်။
၃။ အလိုတော်ပြည့်ဆရာတော်ဘုရားကြီးမှ ရောက်ရှိလာကြသော ဒါယကာ/ဒါယိကာမ များကို ဦးဆောင်ဦးရွက်ပြုပြီး အဓိဋ္ဌာန်ပြုပေးခြင်း။
၎။ အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု သုံးကြိမ်ရွတ်ဆို၍ ရုတ်သိမ်းပေးခြင်းတို့ ဖြစ်ပါသည်။

for more information to visit www.alodawpyei.org

 
သာသနာ့ဥသျှောင် ဆိုင်ရာ သတင်းများ PDF Print E-mail
သတင်း - ဘာသာရေး သတင်း
Written by မျိုးချစ်   
Wednesday, 18 November 2009 06:59
 
အမေရိကန် နိုင်ငံခြားရေးဌာန ဘာသာရေး လွတ်လပ်ခွင့် အဆိုးဆုံး ချိုးဖောက်တဲ့ နိုင်ငံတွေထဲ မြန်မာပါဝင် PDF Print E-mail
သတင်း - ဘာသာရေး သတင်း
Written by မျိုးချစ်   
Tuesday, 27 October 2009 11:04

ကမ္ဘာပေါ်မှာ ဘာသာရေး လွတ်လပ်ခွင့်ကို အဆိုးဝါးဆုံး ချိုးဖောက်တဲ့ နိုင်ငံတွေထဲမှာ မြန်မာ၊ တရုတ်နဲ့ ကျူးဘားနိုင်ငံတို့ ပါဝင်ကြတယ်လို့ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာနက အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

၂၀၀၈ ခုနှစ် ဇူလိုင်လကနေ ၂၀၀၉ ခုနှစ် ဇွန်လအတွင်း ကမ္ဘာတ၀န်း နိုင်ငံအသီးသီးရဲ့ ဘာသာရေး လွတ်လပ်ခွင့် အခြေအနေကို သုံးသပ်ပြီး အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာနက နှစ်ပတ်လည် အစီရင်ခံစာကို တနင်္လာနေ့က ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

မြန်မာစစ်အစိုးရက အတည်ပြုထားတဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ဘာသာရေး လွတ်လပ်ခွင့် ရှိတယ်လို့ ဆိုပေမဲ့ ဘာသာရေး အဖွဲ့အစည်းတွေ အပါအ၀င် အသင်းအပင်းတွေ လွတ်လပ်စွာ မဖွဲ့စည်းနိုင်သလို စုရုံး စည်းဝေးခွင့်လည်း ကန့်သတ်ထားတယ်လို့ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာနရဲ့ နှစ်ပတ်လည် အစီရင်ခံစာမှာ ထောက်ပြထားပါတယ်။

နိုင်ငံရေး လွတ်လပ်ခွင့်နဲ့ လူ့အခွင့်အရေး မြှင့်တင်ကြတဲ့ ရွှေဝါရောင် တော်လှန်ရေး ဦးဆောင်သံဃာတော် အရှင်ဂမ္ဘီရ အပါအ၀င် ဗုဒ္ဓဘာသာ ရဟန်းသံဃာတွေကိုလည်း ထောင်သွင်း အကျဉ်းချထားတဲ့အကြောင်း၊ ထေရ၀ါဒ သာသနာ ပြန့်ပွားရေး လုပ်ဆောင်နေတယ်လို့ ပြောပြီး ကျောင်းသားတွေ၊ ဆင်းရဲတဲ့ လူငယ်တွေကို ဗုဒ္ဓဘာသာထဲ အတင်းအဓမ္မ သိမ်းသွင်းနေကြောင်း၊ ဗုဒ္ဓဘာသာဝင် မဟုတ်တဲ့ အစိုးရ ၀န်ထမ်းတွေကို ရာထူးတိုးမပေးဘဲ ထားတဲ့အကြောင်း၊ မွတ်ဆလင်တွေနဲ့ ခရစ်ယာန်တွေ၊ ဗုဒ္ဓဘာသာဝင် မဟုတ်တဲ့ တခြားဘာသာ ကိုးကွယ်သူတွေကို ကန့်သတ်ချုပ်ချယ်တာတွေ ရှိနေဆဲ ဖြစ်တာကြောင့် မြန်မာနိုင်ငံကို ဘာသာရေး လွတ်လပ်ခွင့် အချိုးဖောက်ဆုံး နိုင်ငံစာရင်းထဲမှာ ထည့်သွင်းထားတာ ဖြစ်တယ်လို့ ဆိုပါတယ်။

အာဖဂန်နစ္စတန်နိုင်ငံ၊ အီရန်နဲ့ မြောက်ကိုရီးယားနိုင်ငံ တို့ကလည်း ဘာသာရေး လွတ်လပ်ခွင့်ကို အကြီးအကျယ် ချိုးဖောက်နေတယ်လို့ ထောက်ပြထားပါတယ်။

ဘာရိန်း၊ အိန္ဒိယနဲ့ ဆားဘီးယား နိုင်ငံတို့ကတော့ ဘာသာရေး လွတ်လပ်ခွင့် အထိုက်အလျောက် တိုးတက်လာကြောင်း၊ တရုတ်နဲ့ ဆော်ဒီအာရေဗီးယား နိုင်ငံတို့ကလည်း ဘာသာရေး ကန့်သတ်မှု တင်းကျပ်နေဆဲ ဖြစ်ပေမဲ့ နောက်ဆုံး အစီရင်ခံစာနဲ့စာရင် မသိမသာ တိုးတက်လာတာ တွေ့ရတယ်လို့ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာနရဲ့ နှစ်ပတ်လည် အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ဗွီအိုအေသတင်း

 

 
ပီနန်ဆရာတော်ကြီး ဇန်ကူးဗား (ကနေဒါ) မှာ ဖွင့်လှစ်မယ့် ဘုန်းတော်ကြီးကျောင်းအသစ် PDF Print E-mail
သတင်း - ဘာသာရေး သတင်း
Written by မျိုးချစ်   
Sunday, 25 October 2009 12:52
 
<< Start < Prev 1 2 Next > End >>

Page 1 of 2

မျိုးချစ်မြန်မာ က ကြိုဆိုပါတယ်

ခုလို...အကြောင်းအမျိုးမျိုးနဲ့ 
နိုင်ငံရပ်ခြားမှာ ရောက်နေကြရပေမယ့်
အမိမြေကို လွမ်းဆွတ်ရင်း
မြန်မာတွေကို ချစ်တဲ့...
မြန်မာတွေရဲ့
မျှော်လင့်ရင်း နစ်မွန်းနေဆဲ ဘဝတွေက
လွတ်မြောက်စေချင်တဲ့စိတ်နဲ့
စာနာ နားလည် ပေးတတ်သူတိုင်း အတွက်
ရည်ရွယ်ပါတယ်။
လူအခွင့်ရေးအတွက် ဆက်တိုတ်ပွဲဝင်နေတဲ့
မျိုးချစ်မြန်မာ သူရဲကောင်းများကိုလဲ
ကျွန်တော့် အသက်ရှိနေသေးသ၍
ထောက်ခံအားပေးနေပါတယ်။
အပြုသဘောနဲ့ ဝေဖန် အကြံပေးမှုများကိုလည်း
အမြဲတမ်းကြိုဆိုပါတယ်။

"အမိမြန်မာပြည်ကြီးလဲ..
ချစ်တဲ့အမေစုနဲ့အတူ..
မကြာခင်လွတ်မြောက်နိုင်ပါစေ"

မျိုးချစ်မြန်မာ

မျိုးချစ် ၏ သီချင်းများ

Myo Chit Live (Webcasting)

Join Myo Chit Myanmar Fan Club

Contact Myo Chit

Myo Chit

President

Myo Chit Myanmar HD Media Production
California, USA
Phone - (310) 734-8310
Mon - Sat 10:00 AM - 7:00 PM PST
Please call only during business hour.

Can't read fonts?

Can't see Myanmar letters?

You need to install Zaw Gyi Font.
Already installed but still can't see yet?
Then you will need to remove the old fonts first.
Use both of these removers below and restart your PC.
Open C:/windows/fonts and make sure there is no ZawGyi fonts installed.
Vista user will need to install Key Board first
Download and unzip the file,
Open the folder and click on the file named setup
64 Bit version users need to choose a file accordingly
Then download and reinstall ZawGyi from below,
Then restart your PC again.

Enjoy!

Get ZawGyi Remover

Get Gtalk Add-In Remover

Get ZawGyi Blog day Version (Best)

Get ZawGyi Key Board For Vista

ဗိုလ်ချုပ်ပြောခဲ့တဲ့ စစ်သားဆိုတာ...

စစ်သားမဟုတ်ပေမယ့်
နိုင်ငံအတွက် အမျိုးမျိုးအနစ်နာခံ၊
အမျိုးမျိုးစွန့်စားလုပ်ကြတဲ့ လူတွေလည်း ရှိတာပဲ…
အဲဒါကြောင့်
စစ်သားမှ စစ်သားဆိုတဲ့
စိတ်ဓါတ်ကို ပြောင်းကြရမယ်။
ငါတို့ဟာ လက်နက်ကိုင်တွေ ဖြစ်ကြသော်လည်း
မတရားမလုပ်၊
နိုင်ငံရဲ့ ရန်သူတွေမဟုတ်၊
နိုင်ငံရဲ့ မိတ်ဆွေတွေဖြစ်တယ်ဆိုတာကို
သဘောပေါက်ရမယ်

(ဗိုလ်ချုပ်အောင်ဆန်း)

ခေတ်သစ် ဒို့ဗမာ

မြန်မာပြေသည် ဒို့ပြေ..
အောင်ဆန်းစုကြည် ဒို့အမေ…
မြန်မာစာသည် ဒို့စာ..
ခွပ်ဒေါင်းသွေးနဲ့ ရေးခဲ့တာ…
မြန်မာစကားသည် ဒို့စကား..
သန်းရွှေပြောတာမုသားပါ…

ဒို့အမေကို ချစ်ပါ..
ဘုန်းဘုန်းတွေကို စောင့်ရှောက်ပါ..
တပ်နဲ့ပြည်သူ ပူးပေါင်းပါ..
နအဖကိုတိုက်ထုတ်ပါ…

မျိုးချစ်

ငါတို့ အမေ

သံဝေဂ လင်္ကာ အသစ်

ပစ်တုန်းကလဲ တဲ့တဲ့ဘဲနော့
မြတ်သောသံယာ မရှောင်ပါဘူး
မေတ္တာချည်းနှည်း မိုက်လုံးကြီး

ပစ်ပြီးတော့လဲ မရှက်ဘဲပေါ့
ကမ္ဘာ့လယ်မှာ ဝန်မခံပါဘူး
သန်းရွှေခွေးကြီး သောက်ပြောကြီး

ဒီခွေးမသား ကံအားကောင်းစဉ် ချိန်လေးတွင်မှ
သင်္ဃန်းဝတ်ရုံ သွေးလွှမ်းခြုံခဲ့
မြင်ရာသတ်ဟ ထိုဒေါသနှင့်
နအဖတွင် ခွေးစိတ်ဝင်သည်
ငရဲပင်မေ့နေလေပြီလား

မျိုးချစ်

ပြည်သူ့သဘောထား (အစစ်)

လက်နက်အားကိုး မအေရိုး
သူခိုး အဖေခေါ်သူများအား ဆန့်ကျင်ကြ…

သာသနာတော်ပြန်လည်ထွန်းကားရေးနှင့်
သံဃာတော် များ၏ အရေးကို
သတ်ဖြတ်နှိမ်နင်းသူများအား ဆန့်ကျင်ကြ…

နိုင်ငံတော်၏ ပြည်တွင်းရေးကို
ဝင်ရောက်ကူညီ ဖြေရှင်းပေးသော
ပြည်ပနိုင်ငံများအား ဆက်သွယ်ကြ…

ပြည်တွင်းပြည်ပ ဘလော့ဂါများအား
မိတ်ဆွေစစ်အဖြစ် သတ်မှတ်လက်တွဲကြ…

မျိုးချစ်

အင်တာဗျူးများ

<a href="http://www.imeem.com/people/uC-QXqr/playlist/n2cbiqQU/interviews_music_playlist/">အင်တာဗျူးများ</a>

မြန်မာစံတော်ချိန်

C-BOX မှာ Register လုပ်ရန်

C-BOX မှာ Register လုပ်ရန်

ကျွန်တော်တို့နဲ့အတူ
ဝင်ရောက်ဆွေးနွေးလိုသူများ
သင့်အမည်ရင်း အပြည့်အစုံ နဲ့
နေထိုင်ရာ မြို့ နဲ့တိုင်းပြည်ကို ပြောပါ
သင်သုံးလိုတဲ့ user name ကို ရွေးပါ
မြန်မာလိုလဲရပါတယ်
password ကို English လို ရွေးပါ
ပြီးရင် myochitmyanmar@gmail.com ကို ပို့လိုက်ပါ
ကျွန်တော် ၂၄ နာရီအတွင်း activate လုပ်ပေးမှာပါ
registered user တွေ log in လုပ်တဲ့အခါ
သင့် user name ကို အရင်ရေးထည့်လိုက်ပါ
ပြီးမှ profile ကိုနှိပ်လိုက်ပါ
ပြီးရင် password ကိုထည့်လိုက်ပါ
ဒါပါဘဲဗျာ လွယ်ပါတယ်နော်…
အားလုံးကို ကျေးဇူးအထူးတင်ပါတယ်

မျိုးချစ်

Got G-Talk!

ZawGyi Converter

Visiting from another computer?

Can't read or install Zaw Gyi?

Just copy the letters you can't read
then paste them into this box

Wala!!!  :P

Enjoy!

စကားပြောခန်း

Watch DVB (Live)

DVB ရုပ်မြင်သံကြားအစီအစဉ် ကို လေလှိုင်းပေါ်မှနှင့် တစ်ပြိုင်ထဲ ကြည့်ရှုအားပေးနိုင်ကြပါပြီ
ဒါပေမယ့် အကြောင်းအမျိုးမျိုးကြောင့် အသံဖွင့်ပြီး နားမထောင်နိုင်သူများ အတွက် အသံကို ပိတ်ထားပါတယ်
အသံပါနားဆင်ချင်သူများကတော့ Mute Button လေးကို နှိပ်ပြီး Unmute လုပ်လိုက်ယုံပါဘဲ
Full Screen နဲ့ကြည့်ချင်တဲ့သူတွေ ဒီ Screen လေးပေါ်မှာ Right Click လုပ်ပြီး Zoom ကနေ Full Screen ကိုရွေးလိုက်ပါ

Click HERE to go to direct url.

အဆင်ပြေကြမယ်လို့ထင်ပါတယ်

မျိုးချစ်

ပြန်လည်ရှာဖွေရန်

မဂ္ဂဇင်းများ

မြန်မာ့ရေးရာ သတင်းဌာနများ

အနုပညာ ကွန်ယက်များ

ဘာသာရေး စာမျက်နှာများ

ပရဟိတ အဖွဲ့အစည်းများ

နည်းပညာဆိုင်ရာများ

မိတ်ဆွေ Blogger များ

Web Dictionary

Mr. Creator ၏ ထိုးနှက်ချက်များ

ဟန်လေး ၏ ထိုးနှက်ချက်များ

မျိုးချစ်မြန်မာ ရဲ့ ဧည့်သည်ဦးရေ

ကမ္ဘာတဝှန်းမှ မိတ်ဆွေများ

ခုဘယ်သူတွေရှိနေသလဲ

သိနေတယ်လေ