Home သတင်း လူမှုရေး သတင်း
လူမှုရေး သတင်း
ပိုးဖလံများ PDF Print E-mail
သတင်း - လူမှုရေး သတင်း
Written by မျိုးချစ်   
Thursday, 18 February 2010 10:30

စက်တင်ဘာ သံဃာလှုပ်ရှားမူကြီးထဲမှ ထင်ထင်ရှားရှားပါဝင်ခြင်းမ၇ှိပေမဲ့ မြန်မာနိုင်ငံမှာ နာဂစ်မုန်တိုင်းတိုက်ချိန်မှာ ပြည်သူတွေကိုအဓိက အကူအညီပေးခဲ့တဲ့ ငါးထပ်ကြီးကျောင်းတိုက်က သံဃာတပါးဖြစ်တဲ့ ဦးဃောသိတကို ရန်ကုန်လေဆိပ်မှာပြီးခဲ့ တဲ့ ၂၀၀၉ခုနှစ် သြဂုတ်လ ၂၆ရက်နေမှာဖမ်းဆီးခဲ့ပြီး ပုဒ်မ ၃ခုနဲ့ဒီနေမှာပဲ အင်းစိန်ထောင်တရားရုံးမှာ ထောင် ၇နှစ်ချလိုက်ပါတယ်။

 
အမေရီကန် ဒေါ်လာငါးသန်း ဆွစ်ဇာလန်က လှူဒါန်း PDF Print E-mail
သတင်း - လူမှုရေး သတင်း
Written by မျိုးချစ်   
Monday, 08 February 2010 09:33
မြန်မာနိုင်ငံ အတွင်းရှိ လူသားချင်း စာနာ ထောက်ထား မှု စီမံကိန်းများ အတွက် အမေရိကန် ဒေါ်လာ ငါးသန်း ကို ယခုနှစ်အတွက် ကူညီထောက်ပံ့ မည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဆွစ်ဇာလန် သံအမတ်ကြီး မစ္စတာ Christoph Burgener က လွန်ခဲ့ သည့် သီတင်းပတ်က ပြောကြားသည်။ အဆိုပါ ဒေါ်လာ ငါးသန်းမှ နှစ်သန်း ကို နာဂစ် ပြန်လည် ထူထောင်ရေး လုပ်ငန်း များတွင် အသုံးပြုမည် ဖြစ်ပြီး ကျန်ငွေများကို နိုင်ငံတွင်းရှိ အခြားသော လူသားချင်း စာနာ ထောက်ထားသည့် စီမံကိန်း များတွင် အသုံး ပြုမည် ဖြစ်သည်။

မစ္စတာ Christoph Burgener က နာဂစ်ပြန်လည် ထူထောင်ရေး လုပ်ငန်း များတွင် အသုံးပြုမည့် ရန်ပုံငွေ အများစုကို စာသင် ကျောင်းများ ဆောက်လုပ်ခြင်း လုပ်ငန်းများတွင် အသုံး ပြုမည် ဖြစ်ကြောင်း ပြောကြားသည်။

"နာဂစ်မုန်တိုင်းကြောင့် အဲဒီဒေသ က စာသင်ကျောင်း တွေရဲ့ ရာခိုင်နှုန်း ၅၀၊ ၆၀ လောက် ဆိုးဆိုး ရွားရွား ပျက်စီး သွားတယ်။ အဲဒါကြောင့် ဆွစ်ဇာလန် အနေနဲ့ ပညာရေးကို ဦးစားပေးဖို့ ရွေး ချယ်ခဲ့တာပါ"ဟု မစ္စတာ Christoph Burgener က အီးမေးလ် အင်တာဗျူးတွင် ပြောကြားသည်။ ၎င်းက စာသင်ကျောင်း သစ်များကို သဘာဝ ဘေးအန္တရာယ်ဒဏ် ခံနိုင်ရန် တည်ဆောက်မည် ဖြစ်ပြီး အရေးပေါ် နားခိုရာ နေရာ အဖြစ်ပါ အသုံးပြုနိုင် ကြောင်း ပြောကြား သည်။ "ကျွန်တော်တို့ ဖျာပုံနဲ့ ဘိုကလေး ဒေသတွေကို အဓိက ထားပါတယ်"ဟု ၎င်းက ပြောကြားသည်။ ဆွစ်ဇာလန်၏ ရန်ပုံငွေဖြင့် ဆောက်လုပ်နေသည့် ကျောင်း ၁၃ ကျောင်းသည် ယခုမတ်လတွင် ပြီးစီးမည် ဖြစ်ပြီး ကျန် ကျောင်း ရှစ် ကျောင်းကို တစ်ချိန်တည်း ဆောက်လုပ်မည်ဖြစ်သည်။

ရန်ပုံငွေများကို ကုလသမဂ္ဂ၊ နိုင်ငံတကာ အင်န်ဂျီအိုများနှင့် ဆွစ်ဇာလန် အင်န်ဂျီအိုမှတစ်ဆင့် ပေးအပ်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

ကျော်သူ
၆ . ၂ . ၂၀၁၀ l MM (ဟံသာဝတီ)
 
တော့ဖေါင်း ဇာဘော်လီ ရုံ ဆန္ဒပြပွဲအား ဖြေရှင်းပေးခဲ့သော ပြည်သူ့စေတနာ့ဝန်ထမ်းအသင်း (၁)နှစ်တာကာလအတွင်း ဖြေရှင်း ပေးခဲ့သော အမှုပေါင်း (၈၀၀) နီးပါးရှိ PDF Print E-mail
သတင်း - လူမှုရေး သတင်း
Written by မျိုးချစ်   
Friday, 05 February 2010 14:02

တော့ဖေါင်း ဇာဘော်လီ ရုံ မြန်မာပြည်သားများ ဆန္ဒပြပွဲအား ဖြေရှင်း ပေးခဲ့သော ပြည်သူ့ စေတနာ့ ဝန်ထမ်း အသင်း - PVA (၁) နှစ်တာ ကာလအတွင်း ဖြေရှင်း ပေးခဲ့သော အမှုပေါင်း (၈၀၀) နီးပါးရှိ ပြီ ဖြစ်ကြောင်း ပြည်သူ့ စေတနာ့ ဝန်ထမ်း အသင်း - PVA ၏ ပြောပြချက် အရ ဟံသာဝတီမှ သိရှိ ရပါသည်။ ပြည်သူ့ စေတနာ့ ဝန်ထမ်း အသင်း - PVA ဖွဲ့စည်း ရခြင်း နှင့် ပတ်သက်ပြီး ဗဟို ဦးဆောင် ကော်မတီ ( ၃ ) ဦးကျော်ကျော် က ယခုလို ပြောပြ ပါတယ်။ ကျွန်တော်တို့ ပြည်သူ့ စေတနာ့ ဝန်ထမ်း အသင်း - PVA ကို (၁) ပြည်သူ အချင်းချင်း ကြားတွင် ပြည်သူ့ အကျိုးပြု လုပ်ငန်း များကို တိုးမြှင့် ဆောင်ရွက် သွားနိုင်ရေး (၂) ပြည်သူ တို့၏ အတွေး အခေါ်၊ အသိ အမြင၊် ဗဟုသုတများ တိုးတက် မြင့်မား လာစေရေး (၃) စည်းကမ်း စာရိတ္တ ကောင်းမွန်ပြီး စည်းလုံး ညီညွတ် စွာဖြင့် ပြည်သူ တို့၏ဂုဏ်သိက္ခာကို ထိန်းသိမ်း စောင့်ရှောက် မြှင့်တင် သွားနိုင်ရေး (၄) ပြည်သူ တို့၏ တာဝန်သိ စိတ်ဓာတ် နိုးကြားတက် ကြွစွာဖြင့် ငြိမ်းချမ်း သာယာ ဖွံ့ဖြိုး တိုးတက် သော လူ့ဘောင် လောက တည်ဆောက် နိုင်ရေး တို့အတွက် ဦးတည် ကြိုးပမ်း ဆောင်ရွက်နေခြင်း ဖြစ်ပါတယ်။

ပြည်သူ့ စေတနာ့ ဝန်ထမ်း အသင်း အနေဖြင့် မိမိနိုင်ငံသား ပြည်သူများ အကျိုးကို အတတ်နိုင်ဆုံး သယ်ပိုး ဆောင်ရွက် နိုင်ဖို့နဲ့ တိုင်းတပါးမှာ အကြောင်း အမျိုးမျိုးကြောင့် ရပ်တည် နေထိုင် ကြရစဉ် ပြည်သူများ ကြုံတွေ့ နေကြရတဲ့ အခက် အခဲ အကျပ် အတည်း များကို ကူညီ ဖြေရှင်း ဆောင်ရွက် ပေးနိုင်ဖို့အတွက် ရည်ရွယ်ပြီး စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပါတယ်။ ပြည်သူများအတွက် ကောင်းမြတ်တဲ့စေတနာနဲ့ အခမဲ့တာဝန်ယူထမ်းဆောင် နေတာမို့ ပြည်သူ့စေတနာ့ဝန်ထမ်းအသင်း လို့ အမည် ပေးခဲ့ခြင်း ဖြစ်ပါတယ်။ အင်္ဂလိပ်ဘာသာ အားဖြင့် People Volunteers' Association လို့ ခေါ်ဆိုပြီး အတိုကောက် အားဖြင့်တော့ PVA လို့ အမည် တွင်ပါတယ်။

ကျွန်တော်တို့ ပြည်သူ့ စေတနာ့ ဝန်ထမ်း အသင်း- PVA ဟာ အထူးသဖြင့် ထိုင်းနိုင်ငံ အတွင်းသို့ ဝင်ရောက် နေထိုင် လုပ်ကိုင် နေကြတဲ့ မြန်မာပြည်သူများ ရင်ဆိုင် ကြုံတွေ့ နေကြတဲ့ အခက် အခဲ ပြဿနာ တွေကို ဝိုင်းဝန်း ကူညီ ဖြေရှင်း ဆောင်ရွက် ပေးနေ ပါတယ်။

အခုလို ပြည်သူ့အရေးကိစ္စများကို ကူညီဆောင်ရွက်ပေးတဲ့နေရာမှာ အသင်းဝင်များအနေဖြင့် တရားမျှတမှု၊ ဥပဒေနှင့်ညီညွတ်မှု၊ ကိုယ်ချင်းစာညှာတာစိတ်ဆိုတဲ့ အချက်သုံးချက်ကို အထူးသတိပြု လေးစား လိုက်နာ ဆောင်ရွက်ကြပါတယ်။

၎င်းအပြင် သူတပါး နိုင်ငံမှာ ရုန်းကန် အလုပ်လုပ် နေကြရတဲ့ မိမိ နိုင်ငံသား ပြည်သူများ အတွက် အမှန် တကယ် လိုအပ်တဲ့ ပြည်သူ့ အကျိုးပြု လုပ်ငန်းများ ကိုလည်း အတတ်နိုင်ဆုံး သယ်ပိုး ဆောင်ရွက် ပေးနေ ပါတယ်။ ပညာရေး အနေဖြင့် အသင်း စည်းရုံးရေး နယ်မြေ ဒေသများတွင် ကိုယ်ထူ ကိုယ်ထ မူလတန်း ကြိုကျောင်း များကို ဖွင့်လှစ် ပေးနိုင် ခဲ့တဲ့ အပြင် ကျန်းမာရေး အနေဖြင့်လည်း လုပ်ငန်းခွင် အရောက် ဆေးကုသမှု စတဲ့ ဝန်ဆောင်မှု လုပ်ငန်းများ ကို ဆောင်ရွက် ပေးနိုင်ဖို့ စီစဉ် နေပါတယ်။ ဘာသာရေး အရ ဓမ္မအလင်း စာစောင်ကို လစဉ် ထုတ်ဝေ ဖြန့်ချိပြီး မိမိပြည်သူများ အပေါ်တွင် တရား ဓမ္မဖြင့် အလင်း ပြနိုင်အောင် ကြိုးစား ဆောင်ရွက် ပေးနေတဲ့ အပြင် ဘာသာရေး ဆိုင်ရာ ရက်ထူး ရက်မြတ် အခါ သမယ များတွင် စုပေါင်းရဟန်းခံရှင်ပြုပွဲများကိုလည်း အခါအားလျော်စွာ ဦးဆောင် ကျင်းပပေးနေခြင်း ဖြစ်ကြောင်း နှင့် ပြည်သူ့စေတနာ့ဝန်ထမ်းအသင်း၏ ဆောင်ရွက်ချက်များကို သိရှိလိုပါက ပြည်သူ့စေတနာ့ဝန်ထမ်းအသင်း၏ ၀ပ်ဆိုဒ်ဖြစ်သော http://www.pva.net.ms/ သို့ သွားရောက်လေးလာနိုင်ကြောင်း ပြောပြပါတယ်။

ပြည်သူ့စေတနာ့ဝန်ထမ်းအသင်းသည် ထိုင်နိုင်ငံ ၊ မဲဆောက်မြို့တွင် အခြေစိုက်ပြီး ထိုင်းနိုင်ငံအတွင်း အကြောင်း အမျိုးမျိုးကြောင့် ရောက်ရှိ နေသော မြန်မာ ပြည်သူများ ၏ အခက် အခဲ များကို တတ်နိုင်သည့် ဘက်မှ ဖြေရှင်း ပေးနေသော အသင်း ဖြစ်သည်။

 

သတင်းမူရင်း - ဟံသာဝတီ

 
ဦးတင်မိုး ကွယ်လွန်ခြင်း (၃)နှစ်ပြည့် အခမ်းအနား (Baldwin Park, California) PDF Print E-mail
သတင်း - လူမှုရေး သတင်း
Written by မျိုးချစ်   
Monday, 01 February 2010 14:50

စာရေးဆရာ ကဗျာဆရာ ကြီး ဦးတင်မိုး ကွယ်လွန်ခြင်း (၃) နှစ်ပြည့် အမှတ်တရ ဆွမ်းကျွေးတရားနာပွဲကို (Jan 31st, 2010) တနင်္ဂနွေ နေ့တွင် ဦးတင်မိုး၏ သမီးဖြစ်သူ မမိုးချိုသင်း နှင့် ခင်ပွန်း ကိုကျော်ဝဏ္ဏ တို့က California ပြည်နယ် Baldwin Park မှ ဓမ္မဇောတိ ကျောင်း၌ ကျင်းပခဲ့ရာ ဖိတ်ကြားထားသော အသိမိတ်ဆွေများအပြင် မိသားစုများ များစွာတက်ရောက်ခဲ့ကြရာ မူလက ကြိုတင်မှာယူထားသော နာမည်ကျော် ဦးမောင်မောင်ဒံပေါက် များပင် မလောက်မငှ ဖြစ်သွားခဲ့ပြီး အရေးပေါ်ထပ်မံမှာယူခဲ့ရကြောင်းသိရပါသည်။ ထိုကိစ္စ နှင့်ပါတ်သက်၍ စောစောလာသော်လည်း ဒံပေါက် မဝတဝ ဖြစ်သွားရသည့် ဖိတ်ကြားထားသော မိတ်ဆွေတစ်ချို့ ပွစိပွစိ ဖြစ်သွားပြီး ဒံပေါက် ခူးထည့်ပေးသူတစ်ချို့အား နာကျည်းသွားကြကြောင်းခိုင်လုံသော သတင်းရပ်ကွက် မှ ကြားသိရပါသည်။ :D

ထိုပွဲသို့ ဘလော့ဂါ မျိုးချစ်မြန်မာလည်း ထုံးစံအတိုင်း ၂ နာရီခန့်နောက်ကျမှ ရှိုးအပြည့်နှင့် ကင်မရာကိုင်ပြီး ကော့ကော့ ကော့ကော့နှင့် ရောက်လာခဲ့ရာ ဒန်ပေါက် ဒုတိယ တစ်ခေါက်လာပို့ချိန် နှင့်ကွက်တိဖြစ်နေသောကြောင့် တာဝန်အရလာရင်းကိစ္စ ခေတ္တဘေးချိတ်ပြီး ၂ ပွဲဆက်တိုက် အားရပါးရ စားသုံးခဲ့ပါသည်။

မွန်းလွဲ ၁၂ နာရီခန့်တွင် ဆရာတော်များ မှ အမှတ်တရ တရားဒေသနာ ဟောကြားရာတွင် ထုံးစံအတိုင်း စားပြီးထတုန်း ဘုန်းကြီးလာအခေါ်နှင့် ပက်ပင်းတိုးသူများ။ အတူပါလာသူ ခေါ်မရသေးသဖြင့် ရှောင်လွှဲမရသူများ အားလုံး တရာ:နာကြပါသည်။ ဘလော့ဂါမျိုးချစ်မြန်မာလည်း ထုံးစံအတိုင်း စားပြီးသည်နှင့်အိမ်သာထဲ ပြေးရန်ကြံသော်လဲ အိမ်သာလူဦးသွားသဖြင့် အောင့်သက်သက်နှင့် သတင်းဓါတ်ပုံ များအမှတ်တရ ရိုက်ကူးဖြစ်ခဲ့ပါသည်။ ။

မျိုးချစ်

Last Updated ( Tuesday, 02 February 2010 09:51 )
 
၆၃ ကြိမ်မြောက် မွန်အမျိုးသားနေ့ PDF Print E-mail
သတင်း - လူမှုရေး သတင်း
Written by မျိုးချစ်   
Saturday, 30 January 2010 08:30
MND63Burmese F
 
<< Start < Prev 1 2 3 4 5 Next > End >>

Page 1 of 5

မျိုးချစ်မြန်မာ က ကြိုဆိုပါတယ်

ခုလို...အကြောင်းအမျိုးမျိုးနဲ့ 
နိုင်ငံရပ်ခြားမှာ ရောက်နေကြရပေမယ့်
အမိမြေကို လွမ်းဆွတ်ရင်း
မြန်မာတွေကို ချစ်တဲ့...
မြန်မာတွေရဲ့
မျှော်လင့်ရင်း နစ်မွန်းနေဆဲ ဘဝတွေက
လွတ်မြောက်စေချင်တဲ့စိတ်နဲ့
စာနာ နားလည် ပေးတတ်သူတိုင်း အတွက်
ရည်ရွယ်ပါတယ်။
လူအခွင့်ရေးအတွက် ဆက်တိုတ်ပွဲဝင်နေတဲ့
မျိုးချစ်မြန်မာ သူရဲကောင်းများကိုလဲ
ကျွန်တော့် အသက်ရှိနေသေးသ၍
ထောက်ခံအားပေးနေပါတယ်။
အပြုသဘောနဲ့ ဝေဖန် အကြံပေးမှုများကိုလည်း
အမြဲတမ်းကြိုဆိုပါတယ်။

"အမိမြန်မာပြည်ကြီးလဲ..
ချစ်တဲ့အမေစုနဲ့အတူ..
မကြာခင်လွတ်မြောက်နိုင်ပါစေ"

မျိုးချစ်မြန်မာ

မျိုးချစ် ၏ သီချင်းများ

Myo Chit Live (Webcasting)

Join Myo Chit Myanmar Fan Club

Contact Myo Chit

Myo Chit

President

Myo Chit Myanmar HD Media Production
California, USA
Phone - (310) 734-8310
Mon - Sat 10:00 AM - 7:00 PM PST
Please call only during business hour.

Can't read fonts?

Can't see Myanmar letters?

You need to install Zaw Gyi Font.
Already installed but still can't see yet?
Then you will need to remove the old fonts first.
Use both of these removers below and restart your PC.
Open C:/windows/fonts and make sure there is no ZawGyi fonts installed.
Vista user will need to install Key Board first
Download and unzip the file,
Open the folder and click on the file named setup
64 Bit version users need to choose a file accordingly
Then download and reinstall ZawGyi from below,
Then restart your PC again.

Enjoy!

Get ZawGyi Remover

Get Gtalk Add-In Remover

Get ZawGyi Blog day Version (Best)

Get ZawGyi Key Board For Vista

ဗိုလ်ချုပ်ပြောခဲ့တဲ့ စစ်သားဆိုတာ...

စစ်သားမဟုတ်ပေမယ့်
နိုင်ငံအတွက် အမျိုးမျိုးအနစ်နာခံ၊
အမျိုးမျိုးစွန့်စားလုပ်ကြတဲ့ လူတွေလည်း ရှိတာပဲ…
အဲဒါကြောင့်
စစ်သားမှ စစ်သားဆိုတဲ့
စိတ်ဓါတ်ကို ပြောင်းကြရမယ်။
ငါတို့ဟာ လက်နက်ကိုင်တွေ ဖြစ်ကြသော်လည်း
မတရားမလုပ်၊
နိုင်ငံရဲ့ ရန်သူတွေမဟုတ်၊
နိုင်ငံရဲ့ မိတ်ဆွေတွေဖြစ်တယ်ဆိုတာကို
သဘောပေါက်ရမယ်

(ဗိုလ်ချုပ်အောင်ဆန်း)

ခေတ်သစ် ဒို့ဗမာ

မြန်မာပြေသည် ဒို့ပြေ..
အောင်ဆန်းစုကြည် ဒို့အမေ…
မြန်မာစာသည် ဒို့စာ..
ခွပ်ဒေါင်းသွေးနဲ့ ရေးခဲ့တာ…
မြန်မာစကားသည် ဒို့စကား..
သန်းရွှေပြောတာမုသားပါ…

ဒို့အမေကို ချစ်ပါ..
ဘုန်းဘုန်းတွေကို စောင့်ရှောက်ပါ..
တပ်နဲ့ပြည်သူ ပူးပေါင်းပါ..
နအဖကိုတိုက်ထုတ်ပါ…

မျိုးချစ်

ငါတို့ အမေ

သံဝေဂ လင်္ကာ အသစ်

ပစ်တုန်းကလဲ တဲ့တဲ့ဘဲနော့
မြတ်သောသံယာ မရှောင်ပါဘူး
မေတ္တာချည်းနှည်း မိုက်လုံးကြီး

ပစ်ပြီးတော့လဲ မရှက်ဘဲပေါ့
ကမ္ဘာ့လယ်မှာ ဝန်မခံပါဘူး
သန်းရွှေခွေးကြီး သောက်ပြောကြီး

ဒီခွေးမသား ကံအားကောင်းစဉ် ချိန်လေးတွင်မှ
သင်္ဃန်းဝတ်ရုံ သွေးလွှမ်းခြုံခဲ့
မြင်ရာသတ်ဟ ထိုဒေါသနှင့်
နအဖတွင် ခွေးစိတ်ဝင်သည်
ငရဲပင်မေ့နေလေပြီလား

မျိုးချစ်

ပြည်သူ့သဘောထား (အစစ်)

လက်နက်အားကိုး မအေရိုး
သူခိုး အဖေခေါ်သူများအား ဆန့်ကျင်ကြ…

သာသနာတော်ပြန်လည်ထွန်းကားရေးနှင့်
သံဃာတော် များ၏ အရေးကို
သတ်ဖြတ်နှိမ်နင်းသူများအား ဆန့်ကျင်ကြ…

နိုင်ငံတော်၏ ပြည်တွင်းရေးကို
ဝင်ရောက်ကူညီ ဖြေရှင်းပေးသော
ပြည်ပနိုင်ငံများအား ဆက်သွယ်ကြ…

ပြည်တွင်းပြည်ပ ဘလော့ဂါများအား
မိတ်ဆွေစစ်အဖြစ် သတ်မှတ်လက်တွဲကြ…

မျိုးချစ်

အင်တာဗျူးများ

<a href="http://www.imeem.com/people/uC-QXqr/playlist/n2cbiqQU/interviews_music_playlist/">အင်တာဗျူးများ</a>

မြန်မာစံတော်ချိန်

C-BOX မှာ Register လုပ်ရန်

C-BOX မှာ Register လုပ်ရန်

ကျွန်တော်တို့နဲ့အတူ
ဝင်ရောက်ဆွေးနွေးလိုသူများ
သင့်အမည်ရင်း အပြည့်အစုံ နဲ့
နေထိုင်ရာ မြို့ နဲ့တိုင်းပြည်ကို ပြောပါ
သင်သုံးလိုတဲ့ user name ကို ရွေးပါ
မြန်မာလိုလဲရပါတယ်
password ကို English လို ရွေးပါ
ပြီးရင် myochitmyanmar@gmail.com ကို ပို့လိုက်ပါ
ကျွန်တော် ၂၄ နာရီအတွင်း activate လုပ်ပေးမှာပါ
registered user တွေ log in လုပ်တဲ့အခါ
သင့် user name ကို အရင်ရေးထည့်လိုက်ပါ
ပြီးမှ profile ကိုနှိပ်လိုက်ပါ
ပြီးရင် password ကိုထည့်လိုက်ပါ
ဒါပါဘဲဗျာ လွယ်ပါတယ်နော်…
အားလုံးကို ကျေးဇူးအထူးတင်ပါတယ်

မျိုးချစ်

Got G-Talk!

ZawGyi Converter

Visiting from another computer?

Can't read or install Zaw Gyi?

Just copy the letters you can't read
then paste them into this box

Wala!!!  :P

Enjoy!

စကားပြောခန်း

Watch DVB (Live)

DVB ရုပ်မြင်သံကြားအစီအစဉ် ကို လေလှိုင်းပေါ်မှနှင့် တစ်ပြိုင်ထဲ ကြည့်ရှုအားပေးနိုင်ကြပါပြီ
ဒါပေမယ့် အကြောင်းအမျိုးမျိုးကြောင့် အသံဖွင့်ပြီး နားမထောင်နိုင်သူများ အတွက် အသံကို ပိတ်ထားပါတယ်
အသံပါနားဆင်ချင်သူများကတော့ Mute Button လေးကို နှိပ်ပြီး Unmute လုပ်လိုက်ယုံပါဘဲ
Full Screen နဲ့ကြည့်ချင်တဲ့သူတွေ ဒီ Screen လေးပေါ်မှာ Right Click လုပ်ပြီး Zoom ကနေ Full Screen ကိုရွေးလိုက်ပါ

Click HERE to go to direct url.

အဆင်ပြေကြမယ်လို့ထင်ပါတယ်

မျိုးချစ်

ပြန်လည်ရှာဖွေရန်

မဂ္ဂဇင်းများ

မြန်မာ့ရေးရာ သတင်းဌာနများ

အနုပညာ ကွန်ယက်များ

ဘာသာရေး စာမျက်နှာများ

ပရဟိတ အဖွဲ့အစည်းများ

နည်းပညာဆိုင်ရာများ

မိတ်ဆွေ Blogger များ

Web Dictionary

Mr. Creator ၏ ထိုးနှက်ချက်များ

ဟန်လေး ၏ ထိုးနှက်ချက်များ

မျိုးချစ်မြန်မာ ရဲ့ ဧည့်သည်ဦးရေ

ကမ္ဘာတဝှန်းမှ မိတ်ဆွေများ

ခုဘယ်သူတွေရှိနေသလဲ

သိနေတယ်လေ